Premier League

ပေါ့တားထုတ်ခံရရင် ချဲလ်ဆီးကို ကိုင်မလားအဖြေပေးခဲ့တဲ့ နာဂယ်စ်မန်း

ဂျူလီယန် နာဂယ်စ်မန်းဟာ ချဲလ်ဆီးအသင်းက ဂရေဟမ် ပေါ့တားရဲ့နေရာမှာ အစားထိုးခန့်အပ်မယ့် စာရင်းထဲမှာ ပါဝင်နေပေမယ့်လည်း ယခုရာသီမှာ နည်းပြအလုပ်ကို ပြန်လည်လုပ်ဆောင်သွားဖွယ်မရှိဖို့များတယ်လို့ ဂျာမနီက သတင်းတွေအရ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ စနေနေ့က အက်စတန် ဗီလာကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဂရေဟမ် ပေါ့တားရဲ့ အနာဂတ်ဟာ နောက်ထပ် မရေမရာမသေချာမှုတွေပိုမိုများပြားလာခဲ့တာဖြစ်ပါတယ်။

စတမ်းဖို့ဒ် ဘရစ်ချ်မှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဟာ ယခုရာသီ ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမြောက် ရှုံးပွဲဖြစ်ခဲ့ပြီး ပေ့ါတားရဲ့အသင်းဟာ အဆင့် ၄ နေရာက စပါးစ်နဲ့ ၁၁ မှတ်အကွာမှာ ရပ်တည်ခဲ့ရပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နယူးကာဆယ်လ် ယူနိုက်တက်နဲ့ ဘရိုက်တန်တို့က ကစားဖို့ ကျန်ရှိနေသေးတဲ့ ၂ ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် စပါးစ်ကို ကျော်တက်နိုင်မှာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ပွဲအပြီးမှာတော့ ဗီလာကို ရှုံးနိမ့်ခဲ့မှုအတွက် ပရိသတ်တွေဆီကနေ လှောင်ပြောင်သံတွေ ရရှိခဲ့တာဖြစ်ပါတယ်။

Sky Germany ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းထိပ်ပိုင်း တာဝန်ရှိသူတွေဟာ နောက်ကွယ်မှာ ပေါ့တားကို ဆက်လက် အားပေးထောက်ခံနေပေမယ့်လည်း နာဂယ်စ်မန်းက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ထုတ်ပယ်ခြင်းခံရပြီးနောက် အသင်းရဲ့ ပစ်မှတ်ထဲမှာ ရှိနေတာဖြစ်ပါတယ်။

Sky Germany သတင်းထောက် ဖလိုရီယန် ပလက်တန်ဘာ့ဂ်က ကွန်တီကို ပြီးခဲ့တဲ့အပတ်မှာနည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ စပါးစ်က အခုအချိန်မှာ နာဂယ်စ်မန်းအတွက် ရွေးချယ်စရာမဟုတ်ဘဲ အသက် ၃၅ နှစ်အရွယ် နည်းပြဟာ အလုပ်သစ်ကို ချက်ချင်း လက်ခံသွားဖွယ်မရှိဖို့ များတယ်လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ဴလီယန္ နာဂယ္စ္မန္းဟာ ခ်ဲလ္ဆီးအသင္းက ဂေရဟမ္ ေပါ့တားရဲ႕ေနရာမွာ အစားထိုးခန႔္အပ္မယ့္ စာရင္းထဲမွာ ပါဝင္ေနေပမယ့္လည္း ယခုရာသီမွာ နည္းျပအလုပ္ကို ျပန္လည္လုပ္ေဆာင္သြားဖြယ္မရွိဖို႔မ်ားတယ္လို႔ ဂ်ာမနီက သတင္းေတြအရ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ စေနေန႔က အက္စတန္ ဗီလာကို အိမ္ကြင္း စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဂေရဟမ္ ေပါ့တားရဲ႕ အနာဂတ္ဟာ ေနာက္ထပ္ မေရမရာမေသခ်ာမႈေတြပိုမိုမ်ားျပားလာခဲ့တာျဖစ္ပါတယ္။

စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ဟာ ယခုရာသီ ခ်ဲလ္ဆီးအသင္းရဲ႕ ပရီးမီးယားလိဂ္ ၁၀ ပြဲေျမာက္ ရႈံးပြဲျဖစ္ခဲ့ၿပီး ေပ့ါတားရဲ႕အသင္းဟာ အဆင့္ ၄ ေနရာက စပါးစ္နဲ႔ ၁၁ မွတ္အကြာမွာ ရပ္တည္ခဲ့ရၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း နယူးကာဆယ္လ္ ယူႏိုက္တက္နဲ႔ ဘ႐ိုက္တန္တို႔က ကစားဖို႔ က်န္ရွိေနေသးတဲ့ ၂ ပြဲမွာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ စပါးစ္ကို ေက်ာ္တက္ႏိုင္မွာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဟာ ပြဲအၿပီးမွာေတာ့ ဗီလာကို ရႈံးနိမ့္ခဲ့မႈအတြက္ ပရိသတ္ေတြဆီကေန ေလွာင္ေျပာင္သံေတြ ရရွိခဲ့တာျဖစ္ပါတယ္။

Sky Germany ရဲ႕ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးအသင္းထိပ္ပိုင္း တာဝန္ရွိသူေတြဟာ ေနာက္ကြယ္မွာ ေပါ့တားကို ဆက္လက္ အားေပးေထာက္ခံေနေပမယ့္လည္း နာဂယ္စ္မန္းက ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ထုတ္ပယ္ျခင္းခံရၿပီးေနာက္ အသင္းရဲ႕ ပစ္မွတ္ထဲမွာ ရွိေနတာျဖစ္ပါတယ္။

Sky Germany သတင္းေထာက္ ဖလိုရီယန္ ပလက္တန္ဘာ့ဂ္က ကြန္တီကို ၿပီးခဲ့တဲ့အပတ္မွာနည္းျပရာထူးကေန ထုတ္ပယ္ခဲ့တဲ့ စပါးစ္က အခုအခ်ိန္မွာ နာဂယ္စ္မန္းအတြက္ ေ႐ြးခ်ယ္စရာမဟုတ္ဘဲ အသက္ ၃၅ ႏွစ္အ႐ြယ္ နည္းျပဟာ အလုပ္သစ္ကို ခ်က္ခ်င္း လက္ခံသြားဖြယ္မရွိဖို႔ မ်ားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.