Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၃.၁၀.၂၀၂၀

– ဆန္ခ်ဳိရဲ႕ အစားထိုးေခၚယူမွဳအတြက္ ေနာက္ဆုံး ေပၚထြက္လာခဲ့တဲ့ ယူႏုိက္တက္ရဲ႕ သတင္းေတြထဲမွာ ဆီဗီလာကြင္းလယ္လူ လူးကပ္စ္ အိုကမ္ပုိ႔စ္လည္း ပါဝင္ေနၿပီး ဒီသတင္းသာ အမွန္ဆုိရင္ ပရီးမီးယားလိဂ္ေတာင္ပံသမားတစ္ေယာက္အတြက္ေတာ့ ကိုယ္လုံးကိုယ္ထည္ ႀကီးမားလြန္းတဲ့ ကိစၥက ေမးခြန္းထုတ္စရာျဖစ္ေန။

– မန္ခ်က္စတာယူႏုိက္တက္ဘက္က အလိုရွိေနတဲ့ ေတာင္ပံတုိက္စစ္မွဴး အူစမန္ ဒမ္ဘီလီကို ဘာစီလိုနာဘက္က အငွားခ်ဖို႔ စိတ္ကူး မရွိေၾကာင္းနဲ႔ လိုခ်င္ရင္ အၿပီးသတ္ေခၚယူဖို႔ကိုပဲ ခြင့္ျပဳသြားမယ္လုိ႔ဆုိ။

– ႐ိုးမားအသင္းက စိတ္ဝင္စားေနေပမယ့္ ေနာက္ခံလူ ဒီယိုဂို ဒါေလာ့ရဲ႕ ဦးတည္ခ်က္ေတာ့ အသင္းေဖာ္ စေမာလင္းနဲ႔ မတူႏုိင္ဘဲ ေအစီမီလန္အသင္းဆီကိုသာ သြားေရာက္ေဆးစစ္ဖို႔ ျပင္ဆင္ေန။

– ဒီတစ္ပတ္မွာ ယူႏိုက္တက္နဲ႔ ကစားရမယ့္ အသင္းနည္းျပေဟာင္း ဂ်ဳိေဆး ေမာ္ရင္ညဳိက သူ႕အေနနဲ႔ အုိးလ္ထရက္ဖို႔ဒ္မွာ လုပ္ေဆာင္ျပခဲ့သမွ်ဟာ အျဖစ္ႏုိင္ဆုံးနဲ႔ အေကာင္းဆုံးလုပ္ျပခဲ့တာျဖစ္တယ္လုိ႔ ေမးခြန္းေတြကို ေျဖၾကား။

– မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ေပၚတုိအသင္းရဲ႕ တိုက္စစ္သန္ဘယ္ေနာက္ခံလူ အဲလက္စ္ တဲလက္စ္ကို လြဲေခ်ာ္ဖို႔ မ်ားလာၿပီး အက္ဒ္ ဝုဒ္ဝဒ္နဲ႔ တာဝန္ရွိသူေတြ ေပးတဲ့ ေဈးကို ေပၚတူဂီကလပ္ဘက္က လက္ခံလိုျခင္းမရွိဘဲျဖစ္ေန။

– ကြင္းလယ္လူ အန္းဒရိစ္ ပါရဲရားကေတာ့ လာဇီယိုအသင္းဆီ အငွား+အၿပီးသတ္ေခၚယူခြင့္ ယူ႐ို ၂၇ သန္းနဲ႔ ေရာက္ရွိသြားၿပီျဖစ္ၿပီး ေတာင္ပံကစားသမား ဒန္နီယယ္လ္ ဂ်ိမ္းစ္အတြက္ လိဒ္စ္ယူႏုိက္တက္အသင္းက ထပ္မံႀကဳိးစားဖြယ္ရွိေန။

– အဲလက္စ္ တဲလက္စ္အတြက္ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ေအာက္တုိဘာလ ၃ ရက္၊ ဒီေန႔မွာ အၿပီးသတ္ကမ္းလွမ္းဖို႔ ေပၚတုိ အသင္းဘက္က သတိေပးလုိက္ၿပီး တနဂၤေႏြေန႔မွာ ဘရာဇီးလ္နဲ႔ ေျခစစ္ပြဲကစားဖို႔ ထြက္ခြာမယ့္ ကစားသမားအတြက္ ေဆးစစ္မွဳေတြကို ႏုိင္ငံအသင္းရဲ႕ ေလ့က်င့္ေရးစခန္းအထိ လိုက္ပါလုပ္ေဆာင္ရဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဆန်ချိုရဲ့ အစားထိုးခေါ်ယူမှုအတွက် နောက်ဆုံး ပေါ်ထွက်လာခဲ့တဲ့ ယူနိုက်တက်ရဲ့ သတင်းတွေထဲမှာ ဆီဗီလာကွင်းလယ်လူ လူးကပ်စ် အိုကမ်ပို့စ်လည်း ပါဝင်နေပြီး ဒီသတင်းသာ အမှန်ဆိုရင် ပရီးမီးယားလိဂ်တောင်ပံသမားတစ်ယောက်အတွက်တော့ ကိုယ်လုံးကိုယ်ထည် ကြီးမားလွန်းတဲ့ ကိစ္စက မေးခွန်းထုတ်စရာဖြစ်နေ။

– မန်ချက်စတာယူနိုက်တက်ဘက်က အလိုရှိနေတဲ့ တောင်ပံတိုက်စစ်မှူး အူစမန် ဒမ်ဘီလီကို ဘာစီလိုနာဘက်က အငှားချဖို့ စိတ်ကူး မရှိကြောင်းနဲ့ လိုချင်ရင် အပြီးသတ်ခေါ်ယူဖို့ကိုပဲ ခွင့်ပြုသွားမယ်လို့ဆို။

– ရိုးမားအသင်းက စိတ်ဝင်စားနေပေမယ့် နောက်ခံလူ ဒီယိုဂို ဒါလော့ရဲ့ ဦးတည်ချက်တော့ အသင်းဖော် စမောလင်းနဲ့ မတူနိုင်ဘဲ အေစီမီလန်အသင်းဆီကိုသာ သွားရောက်ဆေးစစ်ဖို့ ပြင်ဆင်နေ။

– ဒီတစ်ပတ်မှာ ယူနိုက်တက်နဲ့ ကစားရမယ့် အသင်းနည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုက သူ့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ လုပ်ဆောင်ပြခဲ့သမျှဟာ အဖြစ်နိုင်ဆုံးနဲ့ အကောင်းဆုံးလုပ်ပြခဲ့တာဖြစ်တယ်လို့ မေးခွန်းတွေကို ဖြေကြား။

– မန်ချက်စတာယူနိုက်တက်အနေနဲ့ ပေါ်တိုအသင်းရဲ့ တိုက်စစ်သန်ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်ကို လွဲချော်ဖို့ များလာပြီး အက်ဒ် ဝုဒ်ဝဒ်နဲ့ တာဝန်ရှိသူတွေ ပေးတဲ့ ဈေးကို ပေါ်တူဂီကလပ်ဘက်က လက်ခံလိုခြင်းမရှိဘဲဖြစ်နေ။

– ကွင်းလယ်လူ အန်းဒရိစ် ပါရဲရားကတော့ လာဇီယိုအသင်းဆီ အငှား+အပြီးသတ်ခေါ်ယူခွင့် ယူရို ၂၇ သန်းနဲ့ ရောက်ရှိသွားပြီဖြစ်ပြီး တောင်ပံကစားသမား ဒန်နီယယ်လ် ဂျိမ်းစ်အတွက် လိဒ်စ်ယူနိုက်တက်အသင်းက ထပ်မံကြိုးစားဖွယ်ရှိနေ။

– အဲလက်စ် တဲလက်စ်အတွက် မန်ချက်စတာယူနိုက်တက်အနေနဲ့ အောက်တိုဘာလ ၃ ရက်၊ ဒီနေ့မှာ အပြီးသတ်ကမ်းလှမ်းဖို့ ပေါ်တို အသင်းဘက်က သတိပေးလိုက်ပြီး တနင်္ဂနွေနေ့မှာ ဘရာဇီးလ်နဲ့ ခြေစစ်ပွဲကစားဖို့ ထွက်ခွာမယ့် ကစားသမားအတွက် ဆေးစစ်မှုတွေကို နိုင်ငံအသင်းရဲ့ လေ့ကျင့်ရေးစခန်းအထိ လိုက်ပါလုပ်ဆောင်ရဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.