Premier League

စီးတီးက လီဗာပူးလ်ကို နိုင်တာ သိတောင်မသိတဲ့ ဘန် ဝှိုက်

အာဆင်နယ်နောက်ခံလူ ဘန် ဝှိုက်က စနေနေ့နေ့လယ်မှာ မန်ချက်စတာစီးတီးက လီဗာပူးလ်ကို အနိုင်ရရှိခဲ့တာကို ဘောလုံးပွဲ မကြည့်တာကြောင့် မသိခဲ့ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လက်ရှိ ချန်ပီယံတွေဟာ ကာလရှည် ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်အသင်းကို အစ်တီဟတ်မှာ ၄-၁ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် စီးတီးဟာ အာဆင်နယ်နဲ့ ၅ မှတ်အကွာကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းက ရုန်းကန်နေရတဲ့ လိဒ်စ်ယူနိုက်တက်အသင်းကို အမ်းမရိတ်စ်မှာ ၄-၁ နဲ့ သက်တောင့်သက်သာ နိုင်ပွဲ ရယူနိုင်ခဲ့တာကြောင့် မန်ချက်စတာစီးတီးအသင်းကို ၈ မှတ် ပြန်ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်အတွက် ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၂ မိနစ်အကြာမှာ ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဘန် ဝှိုက်က ဘယ်တုန်းကမှ ဒီလိုမျိုး အခြေအနေမျိုး(ဆုဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်နေမှု)မှာ မရှိခဲ့ဖူးတာကြောင့် ဖိအားတွေကို မခံစားရဘူးလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဘောလုံးပွဲမကြည့်ပါဘူး။ အဲဒီတော့ ကျွန်တော် ဒီနေ့ ပွဲအပေါ်မှာပဲ အာရုံစိုက်နိုင်ခဲ့ပါတယ်။ အပြင်ဘက်မှာတော့ ဆူညံသံတွေ အများကြီးရှိနေပါတယ်။ အားလုံးက အဲဒါကို အရမ်းတိတ်ဆိတ်အောင် လုပ်နေပြီး ကျွန်တော်တို့ လုပ်နေတာတွေကို ဆက်လုပ်နေပါတယ်”

“ဘာကမှန်လဲ၊ မှားလဲဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော် အရင်တုန်းက ဒီလိုအခြေအနေမျိုးမှာမရှိခဲ့ဖူးဘူး။ အဲဒီတော့ ကျွန်တော်တို့ ဆက်ပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ အလုပ်ကြိုးစားသွားရမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ေနာက္ခံလူ ဘန္ ဝႈိက္က စေနေန႔ေန႔လယ္မွာ မန္ခ်က္စတာစီးတီးက လီဗာပူးလ္ကို အႏိုင္ရရွိခဲ့တာကို ေဘာလုံးပြဲ မၾကည့္တာေၾကာင့္ မသိခဲ့ဘူးလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

လက္ရွိ ခ်န္ပီယံေတြဟာ ကာလရွည္ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးလ္အသင္းကို အစ္တီဟတ္မွာ ၄-၁ နဲ႔ အျပတ္အသတ္ ေခ်မႈန္းခဲ့တာျဖစ္ၿပီး ဒီႏိုင္ပြဲေၾကာင့္ စီးတီးဟာ အာဆင္နယ္နဲ႔ ၅ မွတ္အကြာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္အသင္းက ႐ုန္းကန္ေနရတဲ့ လိဒ္စ္ယူႏိုက္တက္အသင္းကို အမ္းမရိတ္စ္မွာ ၄-၁ နဲ႔ သက္ေတာင့္သက္သာ ႏိုင္ပြဲ ရယူႏိုင္ခဲ့တာေၾကာင့္ မန္ခ်က္စတာစီးတီးအသင္းကို ၈ မွတ္ ျပန္ျဖတ္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အာဆင္နယ္အတြက္ ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၂ မိနစ္အၾကာမွာ ဦးေဆာင္ဂိုး သြင္းယူေပးႏိုင္ခဲ့တဲ့ ဘန္ ဝႈိက္က ဘယ္တုန္းကမွ ဒီလိုမ်ိဳး အေျခအေနမ်ိဳး(ဆုဖလားၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ေနမႈ)မွာ မရွိခဲ့ဖူးတာေၾကာင့္ ဖိအားေတြကို မခံစားရဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ ေဘာလုံးပြဲမၾကည့္ပါဘူး။ အဲဒီေတာ့ ကြၽန္ေတာ္ ဒီေန႔ ပြဲအေပၚမွာပဲ အာ႐ုံစိုက္ႏိုင္ခဲ့ပါတယ္။ အျပင္ဘက္မွာေတာ့ ဆူညံသံေတြ အမ်ားႀကီးရွိေနပါတယ္။ အားလုံးက အဲဒါကို အရမ္းတိတ္ဆိတ္ေအာင္ လုပ္ေနၿပီး ကြၽန္ေတာ္တို႔ လုပ္ေနတာေတြကို ဆက္လုပ္ေနပါတယ္”

“ဘာကမွန္လဲ၊ မွားလဲဆိုတာ ကြၽန္ေတာ္ မသိဘူး။ ကြၽန္ေတာ္ အရင္တုန္းက ဒီလိုအေျခအေနမ်ိဳးမွာမရွိခဲ့ဖူးဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ဆက္ၿပီး တိတ္တိတ္ဆိတ္ဆိတ္နဲ႔ အလုပ္ႀကိဳးစားသြားရမွာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.