Premier League

ဒိုင်ဗင်ထိုးတာ သိသာလွန်းတဲ့ ဂက်ခ်ပိုကို ပြစ်တင်ဝေဖန်ခဲ့ကြတဲ့ ပရိသတ်များ

လီဗာပူးလ်ကြယ်ပွင့် ကိုဒီ ဂက်ခ်ပိုဟာ မန်ချက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီ ရရှိအောင် ကြိုးပမ်းရာမှာ ဒိုင်ဗင်ထိုးတာ သိသာခဲ့ပြီးနောက် ပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

စနေနေ့ညနေက ယာဂန် ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ မန်ချက်စတာစီးတီးရဲ့ ဆုဖလားမျှော်လင့်ချက်ကို မှေးမှိန်အောင် လုပ်နိုင်ဖို့ မျှော်လင့်ချက်နဲ့ အစ်တီဟတ်ကို လာရောက်ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်း ၁၇ မိနစ်မှာ မိုဟာမက် ဆာလားက ဧည့်သည်လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီးက နောက်ထပ် ၁၀ မိနစ်အကြာမှာ ယူလီယန် အယ်လ်ဗာရက်ဇ်ရဲ့ သွင်းဂိုးနဲ့ ပြန်လည်ချေပနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ဒုတိယပိုင်းမှာ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး မန်ချက်စတာစီးတီးက ဒီဘရိုင်းနား၊ ဂန်ဒိုဝမ်၊ ဂရီးလစ်ရှ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၄-၁ နဲ့ သက်တောင့်သက်သာ နိုင်ပွဲကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ရဲ့ ဇန်နဝါရီကစားသမားခေါ်ယူမှုဖြစ်တဲ့ ကိုဒီ ဂက်ခ်ပိုဟာ ၅၉ မိနစ်မှာ ကလော့ပ်ရဲ့အသင်းက ၃-၁ နဲ့ ရှုံးနိမ့်နေချိန်မှာ ပင်နယ်တီ ရရှိဖို့ သိသိသာသာ ဒိုင်ဗင် ထိုးခဲ့ပြီးနောက် ပရိသတ်တွေရဲ့ ပြစ်တင်ကြိမ်းမောင်းခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒတ်ချ်ကြယ်ပွင့်ဟာ မန်ချက်စတာစီးတီးနောက်ခံလူ အကန်းဂျိရဲ့ ပင်နယ်တီဧရိယာထဲက အမှားကို အခွင့်ကောင်း ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး နေသန် အာကီက ၎င်းကို ဖျက်ထုတ်ဖို့ ကြိုးပမ်းခဲ့ရာမှာ ဂက်ခ်ပိုက ပင်နယ်တီရရှိအောင် လှဲချနိုင်မယ့် အခွင့်အရေးကို ရယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒိုင်လူကြီး ဆိုင်မွန် ဟူးပါးက ဂက်ခ်ပိုရဲ့ ပင်နယ်တီ တောင်းဆိုမှုကို ငြင်းပယ်ခဲ့တာဖြစ်ပြီး လူမှုကွန်ရက်ပေါ်က ပရိသတ်တွေက လီဗာပူးလ်တိုက်စစ်မှူးရဲ့ စိတ်ပျက်ဖွယ် ဒိုင်ဗင်ကို ပြစ်တင်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တစ်ဦးက “ဂက်ခ်ပိုရဲ့ ဒိုင်ဗင်ထိုးမှုကို ထောင့်ပေါင်းစုံကနေ ပြသသင့်တယ်။ အလိမ်အညာကောင်”လို့ ဝေဖန်ခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ကျေးဇူးပြုပြီး ဘာကြောင့် ဆိုးရွားလွန်းတဲ့ ဒိုင်ဗင်အတွက် ဂက်ခ်ပိုက ဘာကြောင့် အဝါကတ် ပြမခံရတာလဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ၾကယ္ပြင့္ ကိုဒီ ဂက္ခ္ပိုဟာ မန္ခ်က္စတာစီးတီးနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ပင္နယ္တီ ရရွိေအာင္ ႀကိဳးပမ္းရာမွာ ဒိုင္ဗင္ထိုးတာ သိသာခဲ့ၿပီးေနာက္ ပရိသတ္ေတြရဲ႕ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရပါတယ္။

စေနေန႔ညေနက ယာဂန္ ကေလာ့ပ္ရဲ႕ လီဗာပူးလ္အသင္းဟာ မန္ခ်က္စတာစီးတီးရဲ႕ ဆုဖလားေမွ်ာ္လင့္ခ်က္ကို ေမွးမွိန္ေအာင္ လုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ အစ္တီဟတ္ကို လာေရာက္ယွဥ္ၿပိဳင္ကစားခဲ့တာ ျဖစ္ပါတယ္။

ပထမပိုင္း ၁၇ မိနစ္မွာ မိုဟာမက္ ဆာလားက ဧည့္သည္လီဗာပူးလ္အသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ေပမယ့္လည္း မန္ခ်က္စတာစီးတီးက ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာ ယူလီယန္ အယ္လ္ဗာရက္ဇ္ရဲ႕ သြင္းဂိုးနဲ႔ ျပန္လည္ေခ်ပႏိုင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ဒုတိယပိုင္းမွာ စိတ္ပ်က္ဖြယ္ စြမ္းေဆာင္ရည္ကို ျပသခဲ့ၿပီး မန္ခ်က္စတာစီးတီးက ဒီဘ႐ိုင္းနား၊ ဂန္ဒိုဝမ္၊ ဂရီးလစ္ရွ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၄-၁ နဲ႔ သက္ေတာင့္သက္သာ ႏိုင္ပြဲကို ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ရဲ႕ ဇန္နဝါရီကစားသမားေခၚယူမႈျဖစ္တဲ့ ကိုဒီ ဂက္ခ္ပိုဟာ ၅၉ မိနစ္မွာ ကေလာ့ပ္ရဲ႕အသင္းက ၃-၁ နဲ႔ ရႈံးနိမ့္ေနခ်ိန္မွာ ပင္နယ္တီ ရရွိဖို႔ သိသိသာသာ ဒိုင္ဗင္ ထိုးခဲ့ၿပီးေနာက္ ပရိသတ္ေတြရဲ႕ ျပစ္တင္ႀကိမ္းေမာင္းျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ဒတ္ခ်္ၾကယ္ပြင့္ဟာ မန္ခ်က္စတာစီးတီးေနာက္ခံလူ အကန္းဂ်ိရဲ႕ ပင္နယ္တီဧရိယာထဲက အမွားကို အခြင့္ေကာင္း ယူဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး ေနသန္ အာကီက ၎ကို ဖ်က္ထုတ္ဖို႔ ႀကိဳးပမ္းခဲ့ရာမွာ ဂက္ခ္ပိုက ပင္နယ္တီရရွိေအာင္ လွဲခ်ႏိုင္မယ့္ အခြင့္အေရးကို ရယူခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒိုင္လူႀကီး ဆိုင္မြန္ ဟူးပါးက ဂက္ခ္ပိုရဲ႕ ပင္နယ္တီ ေတာင္းဆိုမႈကို ျငင္းပယ္ခဲ့တာျဖစ္ၿပီး လူမႈကြန္ရက္ေပၚက ပရိသတ္ေတြက လီဗာပူးလ္တိုက္စစ္မႉးရဲ႕ စိတ္ပ်က္ဖြယ္ ဒိုင္ဗင္ကို ျပစ္တင္ခဲ့ၾကတာျဖစ္ပါတယ္။ ပရိသတ္တစ္ဦးက “ဂက္ခ္ပိုရဲ႕ ဒိုင္ဗင္ထိုးမႈကို ေထာင့္ေပါင္းစုံကေန ျပသသင့္တယ္။ အလိမ္အညာေကာင္”လို႔ ေဝဖန္ခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ေက်းဇူးျပဳၿပီး ဘာေၾကာင့္ ဆိုး႐ြားလြန္းတဲ့ ဒိုင္ဗင္အတြက္ ဂက္ခ္ပိုက ဘာေၾကာင့္ အဝါကတ္ ျပမခံရတာလဲ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.