Premier League

ရိုဒရီ ထုတ်ခံခဲ့ရသင့်လားဆိုတာ အကောင်းဆုံးတုံ့ပြန်သွားတဲ့ ကလော့ပ်

မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ပွဲစဉ်မှာ ရိုဒရီ ထုတ်ပယ်ခံရနိုင်ခြေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ယာဂန် ကလော့ပ်ရဲ့ တုံ့ပြန်မှုက လုံးဝကို ကောင်းမွန်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အစ်တီဟတ်ကို စနေနေ့နေ့လယ်အစောပိုင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ကလော့ပ်ရဲ့အသင်းဟာ ထိပ်ဆုံး ၄ နေရာနဲ့ ကွာဟမှုကို လျှော့ချနိုင်မယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းကသာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ ဂန်းနားတွေနဲ့ ၅ မှတ်အကွာကို ပြန်လည်တက်လှမ်းသွားနိုင်ခဲ့တာဖြစ်ပြီး မိုဟာမက် ဆာလားက ပထမပိုင်း ၁၇ မိနစ်မှာ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ကနေ လီဗာပူးလ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာစီးတီးက ၁၀ မိနစ်အကြာမှာ ယူလီယန် အယ်လ်ဗာရက်ဇ်ရဲ့ ချေပဂိုးကြောင့် ပထမပိုင်းအပြီးမှာ ၁-၁ နဲ့ ညီမျှနေခဲ့ပြီး ဒုတိယပိုင်းမှာ လီဗာပူးလ်အသင်းဟာ ဒီဘရိုင်းနား၊ ဂန်ဒိုဝမ်။ ဂရီးလစ်ရှ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၄-၁ နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပထမပိုင်းမှာတုန်းက အများစုက မန်ချက်စတာစီးတီးကွင်းလယ်လူ ရိုဒရီဟာ ကွင်းထဲမှာ ဆက်ရှိနေတာက ကံကောင်းခဲ့တယ်လို့ ခံစားခဲ့ရပြီး စပိန်ကွင်းလယ်လူဟာ ၃၃ မိနစ်မှာ ဂျိုတာကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့ အဝါကတ်ပြသခံခဲ့ရပြီးနောက် မိနစ်အနည်းငယ်အကြာမှာ ဧည့်သည်အသင်းရဲ့ အန္တရာယ်ရှိတဲ့ တိုက်စစ်ဆင်မှုကို တားဆီးရာမှာ ဂက်ခ်ပိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ကစားသမားတွေဟာ ရိုဒရီကို ဒုတိယအဝါကတ်ပြားမပြသခဲ့တဲ့ ဒိုင်လူကြီး ဆိုင်မွန် ဟူးပါးကို ဒေါသတကြီး စောဒကတက်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ကလော့ပ်က အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဂျာမန်လူမျိုးက ကောင်းမွန်တဲ့ပုံစံနဲ့ တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ တစ်ယောက်လျော့အသင်းနဲ့ ယှဉ်ပြိုင်ကစားရင် ကျွန်တော်တို့ အနိုင်ရမလားဆိုတာ မသေချာပါဘူး။”လို့ တုံ့ပြန်ခဲ့ပြီး ကလော့ပ်က ၎င်းအသင်းရဲ့ စွမ်းဆောင်ရည်ကို ပွင့်ပွင့်လင်းလင်း အကဲဖြတ်သွားခဲ့တာဖြစ်ပါတယ်။ ကလော့ပ်က မန်ချက်စတာစီးတီးအသင်းဟာ သွင်းဂိုးတွေ ပိုမိုရရှိဖို့အတွက် လောဘကြီးမနေခဲ့တာက လီဗာပူးလ်အသင်း ကံကောင်းခဲ့တယ်ဆိုတဲ့အချက်ကို ထောက်ပြခဲ့ပါတယ်။

“ကျွန်တော်တို့ ပထမဆုံးဂိုးကို ခွင့်ပြုခဲ့ရတာက ကွင်းလယ်မှာ ကျွန်တော်တို့ ဘောလုံးလုယူမှုတောင် မလုပ်နိုင်ခဲ့ဘဲ ဟာလာဟင်းလင်းဖြစ်နေခဲ့တယ်လို့ ထင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ အရမ်းကို ခံစစ်ဆင်းနေပြီး တန်ပြန်တိုက်စစ်က အရမ်းကောင်းတဲ့ကစားပုံ ဖြစ်ခဲ့တယ်။ ၂-၁ ဖြစ်သွားတယ်”

“၃-၁ မှာ ကျွန်တော်တို့ တစ်ဖက်မှာ ကြီးကြီးမားမား စုပြုံနေပြီး ဘောလုံးကို အနိုင်ရခဲ့သင့်ပေမယ့် ဘောလုံးလုယူဖို့တောင် မလုပ်နိုင်ခဲ့ဘူး။ ဒီလိုအရာမျိုးတွေက ဖြစ်လို့မရပါဘူး။ ဒါပေမယ့် အဲဒါတွေက ဖြစ်ခဲ့ပြီး အဲဒါအပြီးမှာ ဝိုး ကျွန်တော်တို့ သူတို့လုပ်ချင်တာတွေကို လုပ်ခွင့်ပေးခဲ့တယ်။ သူတို့တွေက ဂိုးသွင်းဖို့ လောဘတကြီးဖြစ်မနေခဲ့တာ ကျွန်တော်တို့ ကံကောင်းပါတယ်။ ကျွန်တော် အဲဒါကို အခု ပြောင်းလဲလို့မရနိုင်ဘူး။ ကျွန်တော် မြင်ခဲ့တာပဲ ကျွန်တော် ပြောနိုင်ပြီး အဲဒါကို မနက်ဖြန်ကျရင် ပြောမှာပါ။ ဒီလိုအရာတွေက မကြာခဏ ဖြစ်တတ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: