Premier League

ဂွါဒီယိုလာရဲ့ လေးစားမှုမရှိတဲ့အောင်ပွဲခံဟန်ကို ပေါက်ကွဲနေတဲ့ လီဗာပူးလ်ပရိသတ်များ

ပက် ဂွါဒီယိုလာဟာ မန်ချက်စတာစီးတီးရဲ့ ချေပဂိုးကို ဆီမီကတ်စ်ရဲ့ မျက်နှာရှေ့တည့်တည့်မှာ အောင်ပွဲခံပြခဲ့ပြီး လူမှုကွန်ရက်ပေါ်က လီဗာပူးလ်က ပရိသတ်တွေရဲ့ ဒေါသပေါက်ကွဲခြင်းကို ခံနေရပါတယ်။

ယူလီယန် အယ်လ်ဗာရက်ဇ်ဟာ ဂျက်ခ် ဂရီးလစ်ရှ်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ၂၇ မိနစ်မှာ မိုဟာမက် ဆာလားရဲ့ အဖွင့်ဂိုးကို ချေပနိုင်ခဲ့တာဖြစ်ပြီး ဟာလန်းဟာ ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိဘဲ ပွဲကြည့်စင်ကနေသာ အားပေးခဲ့ရတာဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ အယ်လ်ဗာရက်ဇ်က မန်စီးတီးအတွက် ချေပဂိုးကို သွင်းယူသွားခဲ့ချိန်မှာ ကွင်းဘေးစည်းကနေ အားပါးတရ အောင်ပွဲခံခဲ့ပြီး လီဗာပူးလ်ကြယ်ပွင့် ဆီမီကတ်စ်ရဲ့ ရှေ့မှာတောင်မှ မချုပ်တည်းနိုင်ခဲ့တာဖြစ်ပါတယ်။

စပိန်လူမျိုးနည်းပြက အယ်လ်ဗာရက်ဇ်ရဲ့ ဂိုးကို အောင်ပွဲခံနေချိန်မှာ ဆီမီကတ်စ်နဲ့ မာတစ်ပ်တို့က သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ အရန်ခုံတန်းကနေ ထလာခဲ့ကြတာဖြစ်ပြီး ဂွါဒီယိုလာက ဂရိနောက်ခံလူရဲ့ မျက်နှာရှေ့တည့်တည့်မှာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် နောက်ခံကစားသမား ရီယို ဖာဒီနန်က ဆီမီကတ်စ်အနေနဲ့ ဂွါဒီယိုလာရဲ့ လေးစားမှုကင်းမဲ့တဲ့ အောင်ပွဲခံမှုကို မတုံ့ပြန်ခဲ့တာကို နားမလည်နိုင်ဖြစ်ခဲ့ပြီး“ဘယ်လိုဖြစ်ပြီး ဆီမီကတ်စ်က သူ့ရှေ့ကနေ တွန်းမထုတ်ပစ်ခဲ့တာလဲဆိုတာကို ကျွန်တော် မသိပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ပရိသတ်တစ်ဦးက “ဆီမီကတ်စ်က ဘာမှမတုံ့ပြန်ခဲ့တာကို စိတ်အနှောင့်အယှက်ဖြစ်မိတယ်။ ပက်ဆီကနေ ဆိုးရွားတဲ့အပြုအမူပဲ”လို့ ပြောကြားခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးကလည်း “ဒါဝင် နူးညက်ဇ်ရဲ့ ရှေ့မှာ မဟုတ်ခဲ့တာ သူ ကံကောင်းသွားတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပက္ ဂြါဒီယိုလာဟာ မန္ခ်က္စတာစီးတီးရဲ႕ ေခ်ပဂိုးကို ဆီမီကတ္စ္ရဲ႕ မ်က္ႏွာေရွ႕တည့္တည့္မွာ ေအာင္ပြဲခံျပခဲ့ၿပီး လူမႈကြန္ရက္ေပၚက လီဗာပူးလ္က ပရိသတ္ေတြရဲ႕ ေဒါသေပါက္ကြဲျခင္းကို ခံေနရပါတယ္။

ယူလီယန္ အယ္လ္ဗာရက္ဇ္ဟာ ဂ်က္ခ္ ဂရီးလစ္ရွ္ရဲ႕ ဖန္တီးေပးပို႔မႈကေနတဆင့္ ၂၇ မိနစ္မွာ မိုဟာမက္ ဆာလားရဲ႕ အဖြင့္ဂိုးကို ေခ်ပႏိုင္ခဲ့တာျဖစ္ၿပီး ဟာလန္းဟာ ဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိဘဲ ပြဲၾကည့္စင္ကေနသာ အားေပးခဲ့ရတာျဖစ္ပါတယ္။

ဂြါဒီယိုလာဟာ အယ္လ္ဗာရက္ဇ္က မန္စီးတီးအတြက္ ေခ်ပဂိုးကို သြင္းယူသြားခဲ့ခ်ိန္မွာ ကြင္းေဘးစည္းကေန အားပါးတရ ေအာင္ပြဲခံခဲ့ၿပီး လီဗာပူးလ္ၾကယ္ပြင့္ ဆီမီကတ္စ္ရဲ႕ ေရွ႕မွာေတာင္မွ မခ်ဳပ္တည္းႏိုင္ခဲ့တာျဖစ္ပါတယ္။

စပိန္လူမ်ိဳးနည္းျပက အယ္လ္ဗာရက္ဇ္ရဲ႕ ဂိုးကို ေအာင္ပြဲခံေနခ်ိန္မွာ ဆီမီကတ္စ္နဲ႔ မာတစ္ပ္တို႔က ေသြးပူေလ့က်င့္ခန္းလုပ္ဖို႔ အရန္ခုံတန္းကေန ထလာခဲ့ၾကတာျဖစ္ၿပီး ဂြါဒီယိုလာက ဂရိေနာက္ခံလူရဲ႕ မ်က္ႏွာေရွ႕တည့္တည့္မွာ ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ေနာက္ခံကစားသမား ရီယို ဖာဒီနန္က ဆီမီကတ္စ္အေနနဲ႔ ဂြါဒီယိုလာရဲ႕ ေလးစားမႈကင္းမဲ့တဲ့ ေအာင္ပြဲခံမႈကို မတုံ႔ျပန္ခဲ့တာကို နားမလည္ႏိုင္ျဖစ္ခဲ့ၿပီး“ဘယ္လိုျဖစ္ၿပီး ဆီမီကတ္စ္က သူ႔ေရွ႕ကေန တြန္းမထုတ္ပစ္ခဲ့တာလဲဆိုတာကို ကြၽန္ေတာ္ မသိပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ပရိသတ္တစ္ဦးက “ဆီမီကတ္စ္က ဘာမွမတုံ႔ျပန္ခဲ့တာကို စိတ္အေႏွာင့္အယွက္ျဖစ္မိတယ္။ ပက္ဆီကေန ဆိုး႐ြားတဲ့အျပဳအမူပဲ”လို႔ ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း “ဒါဝင္ ႏူးညက္ဇ္ရဲ႕ ေရွ႕မွာ မဟုတ္ခဲ့တာ သူ ကံေကာင္းသြားတယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.