Premier League

လူကာကူးရဲ့အနာဂတ်ကို စိတ်ဝင်စားစရာမှတ်ချက်ပေးလိုက်တဲ့ ပေါ့တား

ချဲလ်ဆီးနည်းပြ ဂရေဟမ် ပေါ့တားက ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး လူကာကူးအပေါ် ၎င်းရဲ့ နှစ်သက်သဘောကျမှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးကို ထူးခြားဆန်းကြယ်တဲ့ ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။

ပေ့ါတားရဲ့ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးအပေါ် စိတ်ဝင်စားမှုဟာ မတ်လ နိုင်ငံတကာအားလပ်ရက်အတွင်း ဘယ်လ်ဂျီယမ်အတွက် ပြသခဲ့တဲ့ လူကာကူးရဲ့ စွမ်းဆောင်ရည်အပေါ်မှာ အများကြီးမူတည်နေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

လူကာကူးဟာ စကော့ခ်ဟုမ်းမှာ ဆွီဒင်နဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ကိုလုံးမှာ ဂျာမနီကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း ဘယ်လ်ဂျီယမ်အတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

“အင်း။ သူက ချဲလ်ဆီးကစားသမားဖြစ်နေဆဲဖြစ်ပြီး ကျွန်တော်တို့ သူ့ကို အနီးကပ်စောင့်ကြည့်နေတာ အမှန်ပါပဲ။ သူ ဘယ်နေရာမှာရှိနေလဲဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ သူက အငှားထွက်နေတာပါ။ အဲဒီ ဆုံးဖြတ်ချက်တွေက နွေရာသီမှာ ချမှတ်ခဲ့တာပါ”

“သူက ထူးခြားဆန်းကြယ်တဲ့ ကစားသမားလို့ ကျွန်တော်တို့ သိထားပြီး နှစ်သက်ရတဲ့သူပါ။ ဒါပေမယ့် နောက်ထပ်တစ်ကြိမ် ကျွန်တော်တို့ နွေရာသီမှာ စကားပြောဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ သူက သူ့ရဲ့အသင်းအတွက် အငှားနဲ့ ကစားနေလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

လူကာကူးဟာ အင်တာမီလန်အသင်းကနေ ချဲလ်ဆီးကို ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့ပေမယ့်လည်း အထင်ကြီးဖွယ် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး  ပရီးမီးယးလိဂ်မှာ သွင်းဂိုး ၈ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးနည္းျပ ဂေရဟမ္ ေပါ့တားက ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးေနတဲ့ တိုက္စစ္မႉး လူကာကူးအေပၚ ၎ရဲ႕ ႏွစ္သက္သေဘာက်မႈကို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အသက္ ၂၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ထူးျခားဆန္းၾကယ္တဲ့ ကစားသမားလို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ေပ့ါတားရဲ႕ ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးအေပၚ စိတ္ဝင္စားမႈဟာ မတ္လ ႏိုင္ငံတကာအားလပ္ရက္အတြင္း ဘယ္လ္ဂ်ီယမ္အတြက္ ျပသခဲ့တဲ့ လူကာကူးရဲ႕ စြမ္းေဆာင္ရည္အေပၚမွာ အမ်ားႀကီးမူတည္ေနတာ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။

လူကာကူးဟာ စေကာ့ခ္ဟုမ္းမွာ ဆြီဒင္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီး ကိုလုံးမွာ ဂ်ာမနီကို ၃-၂ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာလည္း ဘယ္လ္ဂ်ီယမ္အတြက္ ဂိုးသြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

“အင္း။ သူက ခ်ဲလ္ဆီးကစားသမားျဖစ္ေနဆဲျဖစ္ၿပီး ကြၽန္ေတာ္တို႔ သူ႔ကို အနီးကပ္ေစာင့္ၾကည့္ေနတာ အမွန္ပါပဲ။ သူ ဘယ္ေနရာမွာရွိေနလဲဆိုတာ ကြၽန္ေတာ္တို႔ နားလည္ပါတယ္။ သူက အငွားထြက္ေနတာပါ။ အဲဒီ ဆုံးျဖတ္ခ်က္ေတြက ေႏြရာသီမွာ ခ်မွတ္ခဲ့တာပါ”

“သူက ထူးျခားဆန္းၾကယ္တဲ့ ကစားသမားလို႔ ကြၽန္ေတာ္တို႔ သိထားၿပီး ႏွစ္သက္ရတဲ့သူပါ။ ဒါေပမယ့္ ေနာက္ထပ္တစ္ႀကိမ္ ကြၽန္ေတာ္တို႔ ေႏြရာသီမွာ စကားေျပာဖို႔လိုပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက သူ႔ရဲ႕အသင္းအတြက္ အငွားနဲ႔ ကစားေနလို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

လူကာကူးဟာ အင္တာမီလန္အသင္းကေန ခ်ဲလ္ဆီးကို ႀကီးမားတဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့ေပမယ့္လည္း အထင္ႀကီးဖြယ္ ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး  ပရီးမီးယးလိဂ္မွာ သြင္းဂိုး ၈ ဂိုးသာ သြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.