Premier League

ယူရိုသန်း ၁၀၀ တန်ကစားသမားကို ခေါ်ဖို့ ဘုတ်အဖွဲ့ဆီက ခွင့်ပြုချက်ရခဲ့ပြီဖြစ်တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ဘင်ဖီကာကြယ်ပွင့်တိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်ကို ခေါ်ယူဖို့အတွက် ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အဲရစ် တန်ဟက်ဟာ ယခုရာသီကုန်မှာ ၎င်းရဲ့ လူစာရင်းထဲကို တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဟာရီ ကိန်းနဲ့ အိုဆီမန်တို့ ၂ ဦးစလုံးက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေခဲ့တာဖြစ်ပါတယ်။

ဂွန်ဆာလို ရာမို့စ်ဟာ ယခုရာသီမှာ ဘင်ဖီကာအသင်းအတွက် ၃၆ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၂၄ ဂိုးနဲ့ အကောင်းဆုံးပုံစံ ရရှိနေတဲ့ ကစားသမားဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဆွစ်ဇာလန်ကို ၆-၁ နဲ့ အနိုင်ရခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။

AS ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ဂွန်ဆာလို ရာမို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု အခိုင်အမာ ပြသထားခဲ့ပြီး တန်ဟက်ဟာ လက်ရှိမှာတော့ အသင်းထိပ်ပိုင်း တာဝန်ရှိသူတွေဆီကနေ ခွင့်ပြုချက် ရခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ဘင်ဖီကာအသင်းဟာ ဂွန်ဆာလို ရာမို့စ်အတွက် အနည်းဆုံးယူရိုသန်း ၁၀၀ ဝန်းကျင်လောက် ကမ်းလှမ်းမှုတွေကို နားထောင်သွားမှာဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းကလည်း ပေါ်တူဂီ တိုက်စစ်မှူးကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

ဘင်ဖီကာအသင်းဟာ ရာမို့စ်နဲ့ စာချုပ်သစ်အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ကတိပေးထားခဲ့ပေမယ့်လည်း ပေါ်တူဂီက ယခုအပတ် သတင်းတွေရဲ့ ဖော်ပြချက်အရ ပေါ်တူဂီတိုက်စစ်မှူးဟာ စာချုပ်သစ် ကမ်းလှမ်းခြင်းမရှိသေးတဲ့အတွက် အလွန်စိတ်ပျက်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟာလန်းလက်သစ်လို့ သတ်မှတ်ခြင်းခံထားရတဲ့ အတ္တလန္တာတိုက်စစ်မှူး ဟိုရီလွန်းကိုလည်း အနီးကပ်စောင့်ကြည့်နေပြီး အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ နိုင်ငံတကာအားလပ်ရက်အတွင်း ဒိန်းမတ်အတွက် ၂ ပွဲမှာ ၅ ဂိုးအထိ အံ့အားသင့်ဖွယ် သွင်းယူပေးထားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယခုေႏြရာသီမွာ ဘင္ဖီကာၾကယ္ပြင့္တိုက္စစ္မႉး ဂြန္ဆာလို ရာမို႔စ္ကို ေခၚယူဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အဲရစ္ တန္ဟက္ဟာ ယခုရာသီကုန္မွာ ၎ရဲ႕ လူစာရင္းထဲကို တိုက္စစ္မႉးသစ္ ေခၚယူဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး ဟာရီ ကိန္းနဲ႔ အိုဆီမန္တို႔ ၂ ဦးစလုံးက မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ပစ္မွတ္စာရင္းထဲမွာ ပါဝင္ေနခဲ့တာျဖစ္ပါတယ္။

ဂြန္ဆာလို ရာမို႔စ္ဟာ ယခုရာသီမွာ ဘင္ဖီကာအသင္းအတြက္ ၃၆ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၂၄ ဂိုးနဲ႔ အေကာင္းဆုံးပုံစံ ရရွိေနတဲ့ ကစားသမားျဖစ္ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ဆြစ္ဇာလန္ကို ၆-၁ နဲ႔ အႏိုင္ရခဲ့တဲ့ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီး အထင္ႀကီးဖြယ္ေျခစြမ္းျပသခဲ့တာျဖစ္ပါတယ္။

AS ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယခုေႏြရာသီမွာ ဂြန္ဆာလို ရာမို႔စ္ကို ေခၚယူဖို႔ စိတ္ဝင္စားမႈ အခိုင္အမာ ျပသထားခဲ့ၿပီး တန္ဟက္ဟာ လက္ရွိမွာေတာ့ အသင္းထိပ္ပိုင္း တာဝန္ရွိသူေတြဆီကေန ခြင့္ျပဳခ်က္ ရခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။

ဘင္ဖီကာအသင္းဟာ ဂြန္ဆာလို ရာမို႔စ္အတြက္ အနည္းဆုံးယူ႐ိုသန္း ၁၀၀ ဝန္းက်င္ေလာက္ ကမ္းလွမ္းမႈေတြကို နားေထာင္သြားမွာျဖစ္ေပမယ့္ ရီးရဲလ္မက္ဒရစ္အသင္းကလည္း ေပၚတူဂီ တိုက္စစ္မႉးကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

ဘင္ဖီကာအသင္းဟာ ရာမို႔စ္နဲ႔ စာခ်ဳပ္သစ္အတြက္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ဖို႔ ကတိေပးထားခဲ့ေပမယ့္လည္း ေပၚတူဂီက ယခုအပတ္ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ေပၚတူဂီတိုက္စစ္မႉးဟာ စာခ်ဳပ္သစ္ ကမ္းလွမ္းျခင္းမရွိေသးတဲ့အတြက္ အလြန္စိတ္ပ်က္ေနတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဟာလန္းလက္သစ္လို႔ သတ္မွတ္ျခင္းခံထားရတဲ့ အတၱလႏၲာတိုက္စစ္မႉး ဟိုရီလြန္းကိုလည္း အနီးကပ္ေစာင့္ၾကည့္ေနၿပီး အသက္ ၂၀ အ႐ြယ္ တိုက္စစ္မႉးဟာ ႏိုင္ငံတကာအားလပ္ရက္အတြင္း ဒိန္းမတ္အတြက္ ၂ ပြဲမွာ ၅ ဂိုးအထိ အံ့အားသင့္ဖြယ္ သြင္းယူေပးထားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.