Ligue1

ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တဲ့ ပီအက်စ်ဂျီကြယ်ပွင့်

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေက နောက်အကျဆုံး ၂၀၂၄ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ စပိန်သတင်းဌာန Diario AS က ဖော်ပြခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို အလွတ်နဲ့ ပြောင်းရွှေ့မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံခဲ့ရပေမယ့်လည်း ပီအက်စ်ဂျီအသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ပြင်သစ် သမ္မတ မက်ခရွန်နဲ့ အခြား လွှမ်းမိုးနိုင်စွမ်းရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေက အမ်ဘာပေကို ပီအက်စ်ဂျီအသင်းမှာ ဆက်နေအောင် စည်းရုံးခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကတော့ ပါးစပ်နားရောက်နေတဲ့ ထမင်းလုတ်ကို ပုတ်ချခံခဲ့ရတာကြောင့် ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ငြင်းပယ်ခံရမှုကြောင့် စိတ်ပျက်ခဲ့ရပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးကို စိတ်ဝင်စားမှုကတော့ ယိမ်းယိုင်သွားခြင်းမရှိခဲ့ဘဲ The Athletic က လာလီဂါထိပ်သီးအသင်းကြီးဟာ ပြင်သစ်တိုက်စစ်မှူး အသင်းကနေ ထွက်ဖို့ ဆုံးဖြတ်တာနဲ့ ခေါ်ယူသွားမှာဖြစ်တယ်လို့ ဇန်နဝါရီလတုန်းက ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ မိုနာကို ကြယ်ပွင့်ဟောင်းဟာ ပီအက်စ်ဂျီအသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ The Athletic က ဖော်ပြခဲ့ပြီး အမ်ဘာပေက ရီးရဲလ်မက်ဒရစ်အသင်း တာဝန်ရှိသူတွေကို တတ်နိုင်သမျှ စောစော ဘာနေဗျူးကို ပြောင်းရွှေ့လာချင်တဲ့ဆန္ဒကို အသိပေးခဲ့တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းက အမ်ဘာပေကို ယခုနွေရာသီမှာ အသင်းပြောင်းရွှေ့ခွင့်ပေးသွားလိုတဲ့ဆန္ဒမရှိတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြင်သစ်တိုက်စစ်မှူးရဲ့ လီဂူးဝမ်းထိပ်သီးအသင်းကြီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၄ ခုနှစ်အထိ စောင့်ဆိုင်းရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပက ေနာက္အက်ဆုံး ၂၀၂၄ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္တယ္လို႔ စပိန္သတင္းဌာန Diario AS က ေဖာ္ျပခဲ့ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕မယ္လို႔ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံခဲ့ရေပမယ့္လည္း ပီအက္စ္ဂ်ီအသင္းနဲ႔ ၂ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ျပင္သစ္ သမၼတ မက္ခ႐ြန္နဲ႔ အျခား လႊမ္းမိုးႏိုင္စြမ္းရွိတဲ့ နာမည္ေက်ာ္ပုဂၢိဳလ္ေတြက အမ္ဘာေပကို ပီအက္စ္ဂ်ီအသင္းမွာ ဆက္ေနေအာင္ စည္း႐ုံးခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းကေတာ့ ပါးစပ္နားေရာက္ေနတဲ့ ထမင္းလုတ္ကို ပုတ္ခ်ခံခဲ့ရတာေၾကာင့္ ေဒါသထြက္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ျငင္းပယ္ခံရမႈေၾကာင့္ စိတ္ပ်က္ခဲ့ရေပမယ့္လည္း ရီးရဲလ္မက္ဒရစ္အသင္းဟာ အသက္ ၂၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို စိတ္ဝင္စားမႈကေတာ့ ယိမ္းယိုင္သြားျခင္းမရွိခဲ့ဘဲ The Athletic က လာလီဂါထိပ္သီးအသင္းႀကီးဟာ ျပင္သစ္တိုက္စစ္မႉး အသင္းကေန ထြက္ဖို႔ ဆုံးျဖတ္တာနဲ႔ ေခၚယူသြားမွာျဖစ္တယ္လို႔ ဇန္နဝါရီလတုန္းက ေဖာ္ျပခဲ့ပါတယ္။

လက္ရွိမွာေတာ့ မိုနာကို ၾကယ္ပြင့္ေဟာင္းဟာ ပီအက္စ္ဂ်ီအသင္းကို စြန႔္ခြာဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္တယ္လို႔ The Athletic က ေဖာ္ျပခဲ့ၿပီး အမ္ဘာေပက ရီးရဲလ္မက္ဒရစ္အသင္း တာဝန္ရွိသူေတြကို တတ္ႏိုင္သမွ် ေစာေစာ ဘာေနဗ်ဴးကို ေျပာင္းေ႐ႊ႕လာခ်င္တဲ့ဆႏၵကို အသိေပးခဲ့တယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီအသင္းက အမ္ဘာေပကို ယခုေႏြရာသီမွာ အသင္းေျပာင္းေ႐ႊ႕ခြင့္ေပးသြားလိုတဲ့ဆႏၵမရွိတာေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းဟာ ျပင္သစ္တိုက္စစ္မႉးရဲ႕ လီဂူးဝမ္းထိပ္သီးအသင္းႀကီးနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ၂၀၂၄ ခုႏွစ္အထိ ေစာင့္ဆိုင္းရဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.