Premier League

အာဆင်နယ်နဲ့ပတ်သက်ပြီး ကစားသမားကို သတိပေးခဲ့တဲ့ ဂွါဒီယိုလာ

ပက် ဂွါဒီယိုလာက အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ နောက်ထပ် ရမှတ်တွေအများကြီး လျော့ကျတော့မှာမဟုတ်ဘူးလို့ ယုံကြည်နေပြီး မန်စီးတီးရဲ့ ပြီးခဲ့တဲ့ ဆုဖလားပြိုင်ပွဲက အတွေ့အကြုံတွေက ဘာမှမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အာတီတာရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အသာနဲ့ ဦးဆောင်နေပေမယ့်လည်း ဒုတိယနေရာက မန်ချက်စတာစီးတီးအသင်းဟာ ၁ ပွဲလျော့နေတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ နိုင်ငံတကာပွဲစဉ် အားလပ်ရက်တွေအပြီး ယနေ့မှာ လီဗာပူးလ်အသင်းကို အိမ်ကွင်း အစ်တီဟတ်မှာ ခက်ခဲတဲ့ စမ်းသပ်မှုအဖြစ်နဲ့ လက်ခံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အာဆင်နယ်အသင်းကလည်း ယနေ့မှာပဲ လိဒ်စ် ယူနိုက်တက်အသင်းကို အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

အများစုက မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အာဆင်နယ်ကို လိုက်မီပြီး ကျော်တက်သွားနိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတာဖြစ်ပေမယ့် ဂွါဒီယိုလာက ဂန်းနားတွေက အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေကနေ ထွက်ခွာခဲ့ရပြီးဖြစ်တာကြောင့် လက်ရှိမှာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအပေါ်မှာသာ အပြည့်အဝ အာရုံစိုက်နေကြလိမ့်မယ်လို့ ၎င်းရဲ့ ကစားသမားတွေကို သတိပေးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ၅ နှစ်အတွင်း ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အနိုင်ရခဲ့တဲ့ အတွေ့အကြုံရှိတယ်ဆိုတာထက် အာဆင်နယ်ရှိနေတဲ့ နေရာမှာ ရှိနေချင်ပါတယ်။ ကျွန်တော်တို့ ရှိနေတဲ့နေရာထက် ပရီးမီးယားလိဂ်မှာ အာဆင်နယ်ရှိနေတဲ့နေရာမှာ ပိုပြီး ရှိနေချင်ပါတယ်။ အားသာချက်က သူတို့တွေဟာ ကျွန်တော်တို့ရဲ့ အရှေ့ ၈ မှတ်အကွာမှာ ရှိနေတာဖြစ်ပြီး ဒါက စစ်မှန်တဲ့ အားသာချက်ပါ။ အတိတ်က အတိတ်ပဲ။ အတွေ့အကြုံရှိတာက ဘာမှလုပ်မရဘူး။ လုံးဝကို ဘာမှမဟုတ်ပါဘူး”

“နည်းပြတွေ ဒါမှမဟုတ် ကစားသမားတွေက ကျွန်တော် ဘာမှ ပြသစရာ မလိုဘူး။ ကျွန်တော် ဘာမှ သရုပ်ပြစရာမလိုဘူးလို့ ပြောတာ ကြားတဲ့အခါတိုင်း အဲဒါက အဆိုးရွားဆုံး စကားလုံးပါပဲ။ ခင်ဗျား နေ့တိုင်း အဲဒါကို သက်သေပြသနေရမှာပါ။ ထပ်ခါတလဲလဲ ပြသနေရမှာပါ။ အတိတ်က အတိတ်ပဲ။ ခင်ဗျားက အဖိုးတစ်ယောက်ဖြစ်နေတဲ့အချိန်တုန်းက အမှတ်တရတွေလား။ အဲဒါက အဆင်ပြေတယ်။ အဲဒါက ကောင်းပါတယ်။ လူတွေက ငါ ဘာမှ ပြသစရာမလိုဘူးလို့ တွေးရင် မဟုတ်ဘူး။ ခင်ဗျား ပြသရမယ်။ ထပ်ခါ ထပ်ခါ ပြသရမယ်။ အဲဒီလိုမှမဟုတ်ရင် ခင်ဗျား အနားယူလိုက်တော့”

အာဆင်နယ်က ဆုဖလားပြိုင်ပွဲထဲမှာ ဖိအားတွေနဲ့ ရင်ဆိုင်ဖြေရှင်းရာမှာ ရုန်းကန်ကောင်း ရုန်းကန်ရနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ရှိခဲ့လားလို့ မေးမြန်းရာမှာ ဂွါဒီယိုလာက “ကျွန်တော်တော့ မထင်ပါဘူး။ အဲဒါကို ကျွန်တော် မယုံကြည်ပါဘူး။ သူတို့တွေက ကစားပြီး ရမှတ်တွေအများကြီး ရဖို့ ရှိသေးတယ်။ ကစားဖို့ ပွဲအများကြီးရှိသေးတယ်။ အရာအများကြီး ဖြစ်လာနိုင်သေးတယ်။ ဒါပေမယ့် အာဆင်နယ် ဒီရာသီမှာ ပြသခဲ့တဲ့ ခြေစွမ်းပိုင်းတည်ငြိမ်မှုနဲ့ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်ပြိုင်ပွဲတွေကနေ ထွက်ခဲ့ရပြီ။ အခု တစ်ပတ်ကို တစ်ပွဲပဲ ကစားရမယ်။ တစ်ပတ်ကို တစ်ပွဲပဲ ကစားရမှာဖြစ်တဲ့အတွက် ခင်ဗျား မယုံနိုင်လောက်အောင် အာရုံစိုက်နိုင်မှာဖြစ်ပြီး ကြိုတင်ပြင်ဆင်နိုင်မှာပါ။ သူတို့တွေ ရမှတ်တွေအများကြီးလျော့ကျနိုင်မှာမဟုတ်ဘူးဆိုတဲ့ ခံစားချက်မျိုး ရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပက္ ဂြါဒီယိုလာက အာဆင္နယ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္မွာ ေနာက္ထပ္ ရမွတ္ေတြအမ်ားႀကီး ေလ်ာ့က်ေတာ့မွာမဟုတ္ဘူးလို႔ ယုံၾကည္ေနၿပီး မန္စီးတီးရဲ႕ ၿပီးခဲ့တဲ့ ဆုဖလားၿပိဳင္ပြဲက အေတြ႕အႀကဳံေတြက ဘာမွမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

အာတီတာရဲ႕အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္အသာနဲ႔ ဦးေဆာင္ေနေပမယ့္လည္း ဒုတိယေနရာက မန္ခ်က္စတာစီးတီးအသင္းဟာ ၁ ပြဲေလ်ာ့ေနတာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္ေတြအၿပီး ယေန႔မွာ လီဗာပူးလ္အသင္းကို အိမ္ကြင္း အစ္တီဟတ္မွာ ခက္ခဲတဲ့ စမ္းသပ္မႈအျဖစ္နဲ႔ လက္ခံယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး အာဆင္နယ္အသင္းကလည္း ယေန႔မွာပဲ လိဒ္စ္ ယူႏိုက္တက္အသင္းကို အမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

အမ်ားစုက မန္ခ်က္စတာစီးတီးဟာ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ အာဆင္နယ္ကို လိုက္မီၿပီး ေက်ာ္တက္သြားႏိုင္လိမ့္မယ္လို႔ ခန႔္မွန္းခဲ့ၾကတာျဖစ္ေပမယ့္ ဂြါဒီယိုလာက ဂန္းနားေတြက အက္ဖ္ေအဖလားနဲ႔ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲေတြကေန ထြက္ခြာခဲ့ရၿပီးျဖစ္တာေၾကာင့္ လက္ရွိမွာ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲအေပၚမွာသာ အျပည့္အဝ အာ႐ုံစိုက္ေနၾကလိမ့္မယ္လို႔ ၎ရဲ႕ ကစားသမားေတြကို သတိေပးခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ၅ ႏွစ္အတြင္း ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္အႏိုင္ရခဲ့တဲ့ အေတြ႕အႀကဳံရွိတယ္ဆိုတာထက္ အာဆင္နယ္ရွိေနတဲ့ ေနရာမွာ ရွိေနခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ ရွိေနတဲ့ေနရာထက္ ပရီးမီးယားလိဂ္မွာ အာဆင္နယ္ရွိေနတဲ့ေနရာမွာ ပိုၿပီး ရွိေနခ်င္ပါတယ္။ အားသာခ်က္က သူတို႔ေတြဟာ ကြၽန္ေတာ္တို႔ရဲ႕ အေရွ႕ ၈ မွတ္အကြာမွာ ရွိေနတာျဖစ္ၿပီး ဒါက စစ္မွန္တဲ့ အားသာခ်က္ပါ။ အတိတ္က အတိတ္ပဲ။ အေတြ႕အႀကဳံရွိတာက ဘာမွလုပ္မရဘူး။ လုံးဝကို ဘာမွမဟုတ္ပါဘူး”

“နည္းျပေတြ ဒါမွမဟုတ္ ကစားသမားေတြက ကြၽန္ေတာ္ ဘာမွ ျပသစရာ မလိုဘူး။ ကြၽန္ေတာ္ ဘာမွ သ႐ုပ္ျပစရာမလိုဘူးလို႔ ေျပာတာ ၾကားတဲ့အခါတိုင္း အဲဒါက အဆိုး႐ြားဆုံး စကားလုံးပါပဲ။ ခင္ဗ်ား ေန႔တိုင္း အဲဒါကို သက္ေသျပသေနရမွာပါ။ ထပ္ခါတလဲလဲ ျပသေနရမွာပါ။ အတိတ္က အတိတ္ပဲ။ ခင္ဗ်ားက အဖိုးတစ္ေယာက္ျဖစ္ေနတဲ့အခ်ိန္တုန္းက အမွတ္တရေတြလား။ အဲဒါက အဆင္ေျပတယ္။ အဲဒါက ေကာင္းပါတယ္။ လူေတြက ငါ ဘာမွ ျပသစရာမလိုဘူးလို႔ ေတြးရင္ မဟုတ္ဘူး။ ခင္ဗ်ား ျပသရမယ္။ ထပ္ခါ ထပ္ခါ ျပသရမယ္။ အဲဒီလိုမွမဟုတ္ရင္ ခင္ဗ်ား အနားယူလိုက္ေတာ့”

အာဆင္နယ္က ဆုဖလားၿပိဳင္ပြဲထဲမွာ ဖိအားေတြနဲ႔ ရင္ဆိုင္ေျဖရွင္းရာမွာ ႐ုန္းကန္ေကာင္း ႐ုန္းကန္ရႏိုင္တယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ရွိခဲ့လားလို႔ ေမးျမန္းရာမွာ ဂြါဒီယိုလာက “ကြၽန္ေတာ္ေတာ့ မထင္ပါဘူး။ အဲဒါကို ကြၽန္ေတာ္ မယုံၾကည္ပါဘူး။ သူတို႔ေတြက ကစားၿပီး ရမွတ္ေတြအမ်ားႀကီး ရဖို႔ ရွိေသးတယ္။ ကစားဖို႔ ပြဲအမ်ားႀကီးရွိေသးတယ္။ အရာအမ်ားႀကီး ျဖစ္လာႏိုင္ေသးတယ္။ ဒါေပမယ့္ အာဆင္နယ္ ဒီရာသီမွာ ျပသခဲ့တဲ့ ေျခစြမ္းပိုင္းတည္ၿငိမ္မႈနဲ႔ အက္ဖ္ေအဖလား၊ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲေတြကေန ထြက္ခဲ့ရၿပီ။ အခု တစ္ပတ္ကို တစ္ပြဲပဲ ကစားရမယ္။ တစ္ပတ္ကို တစ္ပြဲပဲ ကစားရမွာျဖစ္တဲ့အတြက္ ခင္ဗ်ား မယုံႏိုင္ေလာက္ေအာင္ အာ႐ုံစိုက္ႏိုင္မွာျဖစ္ၿပီး ႀကိဳတင္ျပင္ဆင္ႏိုင္မွာပါ။ သူတို႔ေတြ ရမွတ္ေတြအမ်ားႀကီးေလ်ာ့က်ႏိုင္မွာမဟုတ္ဘူးဆိုတဲ့ ခံစားခ်က္မ်ိဳး ရွိေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.