La Liga

မက်ဆီအတွက် အံ့အားသင့်ဖွယ် အစီအစဉ်တစ်ခု လုပ်ထားတဲ့ ဘာစီလိုနာ

လီယွန်နယ် မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းကို အံ့အားသင့်ဖွယ် ပြန်လည်ပြောင်းရွှေ့မယ်ဆိုရင် ကစားနေကျမဟုတ်တဲ့နေရာမှာကစားရဖွယ်ရှိတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်က လက်ရှိအချိန်အထိ စာချုပ်သစ် ချုပ်ဆိုဖို့သဘောတူညီမှုမရရှိသေးတာကြောင့် အနာဂတ်က မရေမရာ ဖြစ်နေတာဖြစ်ပါတယ်။

ဘလွန်ဒေါ ၇ ဆုရှင်ဟာ ယခုရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲမှာ သွင်းဂိုး ၁၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ထားပြီး အလွန်ကောင်းမွန်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်နေတာ ဖြစ်ပါတယ်။ မက်ဆီဟာ နူးကမ့်ကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေ ဆက်လက်ထွက်ပေါ်နေပြီး ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့မယ်ဆိုရင် နေရာအသစ်မှာ ကစားရနိုင်တယ်လို့ သိရပါတယ်။

စပိန်သတင်းဌာန Mundo Deportivo ရဲ့ ဖော်ပြချက်အရ မက်ဆီရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့  ဘာစီလိုနာနည်းပြ ဇာဗီက အာဂျင်တီးနားဂန္တဝင်ကို ကွင်းလယ်မှာ ကစားခိုင်းသွားနိုင်တယ်လို့ သိရပြီး စပိန်လူမျိုးနည်းပြက ၎င်းရဲ့ ၄-၃-၃ ကစားကွက်ရဲ့ ကွင်းလယ်မှာ ပီအက်စ်ဂျီကြယ်ပွင့်ကို အသုံးပြုသွားဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဒါကြောင့် လီယွန်နယ် မက်ဆီဟာ လူငယ်ကြယ်ပွင့် ပါဘလို ဂါဗီရဲ့ နေရာကို ယူသွားဖွယ်ရှိနေပြီး ဘယ်နေက်ခံလူ ရှေ့တက်ချိန်မှာ ကွင်းလယ်အတွင်းဘက်ကို ပြောင်းရွှေ့ကစားရတဲ့ false ဘယ်တောင်ပံကစားသမားအဖြစ် ကစားရမှာဖြစ်ပါတယ်။

အဲဒီလိုမဟုတ်ဘူးဆိုရင် မက်ဆီကို ညာတောင်ပံမှာ ကွင်းလယ်က ဖရန်ကီ ဒီ ယုံး၊ ဆာဂီယို ဘူးစ်ကတ်တို့လို ကစားသမားတွေရဲ့ အထောက်အပံ့နဲ့ အသုံးပြုနိုင်ပေမယ့်လည်း ဇာဗီသာ အာဂျင်တီးနားဂန္တဝင်ကို ကွင်းလယ်ညာတောင်ပံမှာ အသုံးပြုဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ပယ်ဒရီရဲ့ တိုးတက်မှုကို နှောင့်နှေးစေနိုင်ပါတယ်။

လီယွန်နယ် မက်ဆီဟာ နူးကမ့်မှာ ကစားခဲ့တဲ့ ကာလအတွင်း မကြာခဏ ညာတောင်ပံကစားသမားအဖြစ်ရော တိုက်စစ်မှူးအနေနဲ့ပါ ကစားခဲ့ဖူးသူဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ အဲဒီနေရာတွေမှာ အူ့စ်မန် ဒမ်ဘီလီနဲ့ လီဗန်ဒေါ့ဗ်စကီးတို့က နေရာယူထားတာကြောင့် မတူညီတဲ့အခန်းကဏ္ဍမှာ ကစားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီအေနနဲ႔ ဘာစီလိုနာအသင္းကို အံ့အားသင့္ဖြယ္ ျပန္လည္ေျပာင္းေ႐ႊ႕မယ္ဆိုရင္ ကစားေနက်မဟုတ္တဲ့ေနရာမွာကစားရဖြယ္ရွိတယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ယခုရာသီကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္က လက္ရွိအခ်ိန္အထိ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔သေဘာတူညီမႈမရရွိေသးတာေၾကာင့္ အနာဂတ္က မေရမရာ ျဖစ္ေနတာျဖစ္ပါတယ္။

ဘလြန္ေဒါ ၇ ဆုရွင္ဟာ ယခုရာသီမွာ ပီအက္စ္ဂ်ီအသင္းအတြက္ ၿပိဳင္ပြဲစုံ ၃၂ ပြဲမွာ သြင္းဂိုး ၁၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၇ ႀကိမ္ ျပဳလုပ္ထားၿပီး အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းကို ပိုင္ဆိုင္ေနတာ ျဖစ္ပါတယ္။ မက္ဆီဟာ ႏူးကမ့္ကို စိတ္လႈပ္ရွားဖြယ္ ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ဆက္လက္ထြက္ေပၚေနၿပီး ဘာစီလိုနာအသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕မယ္ဆိုရင္ ေနရာအသစ္မွာ ကစားရႏိုင္တယ္လို႔ သိရပါတယ္။

စပိန္သတင္းဌာန Mundo Deportivo ရဲ႕ ေဖာ္ျပခ်က္အရ မက္ဆီရဲ႕အသင္းေဖာ္ေဟာင္းျဖစ္တဲ့  ဘာစီလိုနာနည္းျပ ဇာဗီက အာဂ်င္တီးနားဂႏၲဝင္ကို ကြင္းလယ္မွာ ကစားခိုင္းသြားႏိုင္တယ္လို႔ သိရၿပီး စပိန္လူမ်ိဳးနည္းျပက ၎ရဲ႕ ၄-၃-၃ ကစားကြက္ရဲ႕ ကြင္းလယ္မွာ ပီအက္စ္ဂ်ီၾကယ္ပြင့္ကို အသုံးျပဳသြားဖို႔ စိတ္ဝင္စားေနတာျဖစ္ပါတယ္။

ဒါေၾကာင့္ လီယြန္နယ္ မက္ဆီဟာ လူငယ္ၾကယ္ပြင့္ ပါဘလို ဂါဗီရဲ႕ ေနရာကို ယူသြားဖြယ္ရွိေနၿပီး ဘယ္ေနက္ခံလူ ေရွ႕တက္ခ်ိန္မွာ ကြင္းလယ္အတြင္းဘက္ကို ေျပာင္းေ႐ႊ႕ကစားရတဲ့ false ဘယ္ေတာင္ပံကစားသမားအျဖစ္ ကစားရမွာျဖစ္ပါတယ္။

အဲဒီလိုမဟုတ္ဘူးဆိုရင္ မက္ဆီကို ညာေတာင္ပံမွာ ကြင္းလယ္က ဖရန္ကီ ဒီ ယုံး၊ ဆာဂီယို ဘူးစ္ကတ္တို႔လို ကစားသမားေတြရဲ႕ အေထာက္အပံ့နဲ႔ အသုံးျပဳႏိုင္ေပမယ့္လည္း ဇာဗီသာ အာဂ်င္တီးနားဂႏၲဝင္ကို ကြင္းလယ္ညာေတာင္ပံမွာ အသုံးျပဳဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ ပယ္ဒရီရဲ႕ တိုးတက္မႈကို ေႏွာင့္ေႏွးေစႏိုင္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ႏူးကမ့္မွာ ကစားခဲ့တဲ့ ကာလအတြင္း မၾကာခဏ ညာေတာင္ပံကစားသမားအျဖစ္ေရာ တိုက္စစ္မႉးအေနနဲ႔ပါ ကစားခဲ့ဖူးသူျဖစ္ေပမယ့္လည္း လက္ရွိမွာေတာ့ အဲဒီေနရာေတြမွာ အူ႔စ္မန္ ဒမ္ဘီလီနဲ႔ လီဗန္ေဒါ့ဗ္စကီးတို႔က ေနရာယူထားတာေၾကာင့္ မတူညီတဲ့အခန္းက႑မွာ ကစားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.