La Liga

မက်ဆီကို ပြန်ခေါ်ဖို့ အကြောကြီးနဲ့ အချက် ၃ ချက်တောင်သတ်မှတ်ထားတဲ့ ဘာဆာ

ဘာစီလိုနာအသင်းဟာ လီယွန်နယ် မက်ဆီသာ ယခုနွေရာသီမှာ နူးကမ့်ကို ပြန်လာချင်တယ်ဆိုရင် အချက် ၃ ချက် တောင်းဆိုထားတာကို သဘောတူမှသာ ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့ညက ကစားသမားဘဝ သွင်းဂိုး ၈၀၀ ပြည့်မြောက်ခဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလားအပြီး အောင်မြင်မှုအတွက် အောင်ပွဲခံပြီးနောက်ပိုင်း အာဂျင်တီးနားကို ပထမဆုံးအကြိမ် ပြန်လာခဲ့တာဖြစ်ပါတယ်။လီယွန်နယ် မက်ဆီဟာ ကစားသမားဘဝအတွက် နောက်ထပ် မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တာဖြစ်ပေမယ့်လည်း ပီအက်စ်ဂျီအသင်းနဲ့ အနာဂတ်ဟာ အခုအချိန်အထိ မရေမရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။

မက်ဆီရဲ့ စာချုပ်သက်တမ်းဟာ လာမယ့် ဇွန်လမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရကတည်းက ဒေါသထွက်ခဲ့ကြတဲ့ ပီအက်စ်ဂျီပရိသတ်တွေဟာ နိုင်ငံတကာပွဲကစားဖို့အတွက် အာဂျင်တီးနားနဲ့အတူ ရှိနေချီန်အထိ ပြင်သစ်ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေကို လိုက်ပါ ကြွေးကြော်ခဲ့တဲ့ အာဂျင်တီးနား ကြယ်ပွင့်ကို ဒေါသထွက်ပြီးရင်း ထွက်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းကတော့ မက်ဆီကို ဆက်လက် ထိန်းသိမ်းထားချင်နေပြီး စာချုပ်သစ် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပေမယ့်လည်း လက်ရှိအချိန်အထိ သဘောတူညီမှု ရရှိခြင်း မရှိသေးတာဖြစ်ပါတယ်။

Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘလွန်ဒေါ ၇ ဆုရှင်ဟာ နူးကမ့်ကို ပြန်လာချင်တယ်ဆိုရင် အသင်းကို ပြန်လာချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြသရမှာဖြစ်ပြီး အသင်းထဲမှာ ပိုမိုနည်းပါးတဲ့အခန်းကဏ္ဍနဲ့ လစာပမာဏကို လက်ခံရမယ်လို့ သိရပါတယ်။ မက်ဆီနဲ့ လာပေါ်တာတို့ကလည်း ဆက်ဆံရေးအခြေအနေ အကောင်းဆုံးပုံစံမှာ ရှိမနေတာကြောင့် ဘာစီလိုနာဥက္ကဌက ကစားသမားအနေနဲ့ နူးကမ့်မှာ ကစားချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသစေချင်နေတာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေဟာ လီယွန်နယ် မက်ဆီနဲ့ သူငယ်ချင်းကောင်းတွေအဖြစ် ရှိနေဆဲဖြစ်ပြီး ဘာစီလိုနာနည်းပြ ဇာဗီကနေတဆင့် ပြောခိုင်းမှာ ဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ နူးကမ့်ပြန်ရောက်ရင်လည်း လီဗန်ဒေါ့ဗ်စကီး၊ တာစတီဂျန်၊ အာရာအူဟိုတို့က အဝတ်လဲခန်းထဲမှာ ခေါင်းဆောင်တွေ ဖြစ်နေတာကြောင့် အသင်းခေါင်းဆောင်ရာထူးလည်း ပြန်ရမှာမဟုတ်ဘူးလို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းဟာ လီယြန္နယ္ မက္ဆီသာ ယခုေႏြရာသီမွာ ႏူးကမ့္ကို ျပန္လာခ်င္တယ္ဆိုရင္ အခ်က္ ၃ ခ်က္ ေတာင္းဆိုထားတာကို သေဘာတူမွသာ ေခၚယူသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔ညက ကစားသမားဘဝ သြင္းဂိုး ၈၀၀ ျပည့္ေျမာက္ခဲ့သူျဖစ္ၿပီး ကမာၻ႔ဖလားအၿပီး ေအာင္ျမင္မႈအတြက္ ေအာင္ပြဲခံၿပီးေနာက္ပိုင္း အာဂ်င္တီးနားကို ပထမဆုံးအႀကိမ္ ျပန္လာခဲ့တာျဖစ္ပါတယ္။လီယြန္နယ္ မက္ဆီဟာ ကစားသမားဘဝအတြက္ ေနာက္ထပ္ မွတ္တိုင္တစ္ခုကို စိုက္ထူႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း ပီအက္စ္ဂ်ီအသင္းနဲ႔ အနာဂတ္ဟာ အခုအခ်ိန္အထိ မေရမရာ ျဖစ္ေနဆဲ ျဖစ္ပါတယ္။

မက္ဆီရဲ႕ စာခ်ဳပ္သက္တမ္းဟာ လာမယ့္ ဇြန္လမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခဲ့ရကတည္းက ေဒါသထြက္ခဲ့ၾကတဲ့ ပီအက္စ္ဂ်ီပရိသတ္ေတြဟာ ႏိုင္ငံတကာပြဲကစားဖို႔အတြက္ အာဂ်င္တီးနားနဲ႔အတူ ရွိေနခ်ီန္အထိ ျပင္သစ္ကို ဆန႔္က်င္တဲ့ ေႂကြးေၾကာ္သံေတြကို လိုက္ပါ ေႂကြးေၾကာ္ခဲ့တဲ့ အာဂ်င္တီးနား ၾကယ္ပြင့္ကို ေဒါသထြက္ၿပီးရင္း ထြက္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပီအက္စ္ဂ်ီအသင္းကေတာ့ မက္ဆီကို ဆက္လက္ ထိန္းသိမ္းထားခ်င္ေနၿပီး စာခ်ဳပ္သစ္ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ျပဳလုပ္ေနေပမယ့္လည္း လက္ရွိအခ်ိန္အထိ သေဘာတူညီမႈ ရရွိျခင္း မရွိေသးတာျဖစ္ပါတယ္။

Mundo Deportivo ရဲ႕ ေဖာ္ျပခ်က္အရ ဘလြန္ေဒါ ၇ ဆုရွင္ဟာ ႏူးကမ့္ကို ျပန္လာခ်င္တယ္ဆိုရင္ အသင္းကို ျပန္လာခ်င္ေၾကာင္း ရွင္းရွင္းလင္းလင္း ျပသရမွာျဖစ္ၿပီး အသင္းထဲမွာ ပိုမိုနည္းပါးတဲ့အခန္းက႑နဲ႔ လစာပမာဏကို လက္ခံရမယ္လို႔ သိရပါတယ္။ မက္ဆီနဲ႔ လာေပၚတာတို႔ကလည္း ဆက္ဆံေရးအေျခအေန အေကာင္းဆုံးပုံစံမွာ ရွိမေနတာေၾကာင့္ ဘာစီလိုနာဥကၠဌက ကစားသမားအေနနဲ႔ ႏူးကမ့္မွာ ကစားခ်င္တယ္ဆိုတာကို ရွင္းရွင္းလင္းလင္း ျပသေစခ်င္ေနတာ ျဖစ္ပါတယ္။

ဒီသတင္းအခ်က္အလက္ေတြဟာ လီယြန္နယ္ မက္ဆီနဲ႔ သူငယ္ခ်င္းေကာင္းေတြအျဖစ္ ရွိေနဆဲျဖစ္ၿပီး ဘာစီလိုနာနည္းျပ ဇာဗီကေနတဆင့္ ေျပာခိုင္းမွာ ျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ဟာ ႏူးကမ့္ျပန္ေရာက္ရင္လည္း လီဗန္ေဒါ့ဗ္စကီး၊ တာစတီဂ်န္၊ အာရာအူဟိုတို႔က အဝတ္လဲခန္းထဲမွာ ေခါင္းေဆာင္ေတြ ျဖစ္ေနတာေၾကာင့္ အသင္းေခါင္းေဆာင္ရာထူးလည္း ျပန္ရမွာမဟုတ္ဘူးလို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.