Premier League

အာဆင်နယ်နဲ့ စီးတီးတို့ထဲက ချန်ပီယံဖြစ်မယ့်သူကို အဆုံးအဖြတ်ပေးမယ့် ပွဲ ၅ ပွဲ

မန်စီးတီးပရိသတ်တွေဟာ ဆုဖလားပြိုင်ပွဲရဲ့ အလှည့်အပြောင်းတွေကို ကောင်းကောင်းသဘောပေါက်နားလည်ထားပေမယ့်လည်း အာဆင်နယ်ပရိသတ်တွေဟာ ပရီးမီးယားလိဂ်ဖလားအတွက် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေကို ဖြတ်သန်းခဲ့ရခြင်းမရှိတော့တာ မျိုးဆက်တစ်ဆက်လောက် ရှိနေပြီဖြစ်ပါတယ်။

၂၀၀၉-၂၀၁၀ ရာသီနောက်ပိုင်းကတည်းက ဂန်းနားတွေဟာ ရာသီနောက်ဆုံးပိုင်းထဲကို ဆုဖလားရရှိနိုင်တဲ့ အသင်းအဖြစ် ဝင်ရောက်နိုင်ခြင်းမရှိတော့တာဖြစ်ပြီး ယခုရာသီနောက်ဆုံးပိုင်းကို မန်စီးတီးထက် ၈ မှတ်အသာနဲ့ ဦးဆောင်နေမှုကြောင့် အာတီတာရဲ့အသင်းကို လူအများအပြားက ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဂန်းနားတွေဟာ ဂွါဒီယိုလာရဲ့အသင်းက လိုက်မီလာမှာကို စိုးရိမ်မှုတွေ ရှိနေပြီး အာဆင်နယ်ရဲ့ ဒီလိုအခြေအနေမျိုးမှာ အတွေ့အကြုံကင်းမဲ့မှုက လာမယ့် ၂ လအတွင်း အမြင့်မားဆုံး အစမ်းသပ်ခံရတော့မှာဖြစ်ပါတယ်။

စာရွက်ပေါ်မှာတော့ အာဆင်နယ်အသင်းဟာ မန်စီးတီးထက် ပိုမို ခက်ခဲတဲ့ ပွဲစဉ်တွေ ရှိနေပေမယ့် ဆုဖလားပြိုင်ပွဲမှာ ဘာကိုမှ ကံသေကံမ ပြောလို့မရဘဲ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေ ရှိလာနိုင်ပြီး ရာသီကုန်မှာ ချန်ပီယံဖြစ်မယ့်အသင်းကို အဆုံးအဖြတ်ပေးနိုင်တဲ့ အဓိက ပွဲစဉ် ၅ ပွဲက ဘယ်ပွဲတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

လီဗာပူးလ်-အာဆင်နယ်(ဧပြီ ၉)

အာဆင်နယ်အသင်းဟာ ဧပြီလ အစောပိုင်းမှာ အသင်းတိုင်းရဲ့ အိပ်မက်ဆိုးဖြစ်တဲ့ အန်းဖီးကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး လိဒ်စ်ယူနိုက်တက်တစ်သင်းတည်းသာ ဒီရာသီမှာ လီဗာပူးလ်ကို မာဆေးဆိုဒ်မှာ အနိုင်ယူနိုင်ခဲ့တဲ့ တစ်သင်းတည်းသော ဧည့်သည်အသင်းဖြစ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ၁၀ နှစ်ကျော်အထိ အန်းဖီးမှာ လီဗာပူးလ်ကို အနိုင်မယူနိုင်ခဲ့တာဖြစ်ပြီး ဒီပွဲမှာ ၃ မှတ်ထက်လျော့တဲ့ရမှတ်ရမယ်ဆိုရင် ဂန်းနားတွေအတွက် ရှေ့မှာ စောင့်ဆိုင်းနေတဲ့ ကြီးမားတဲ့ပွဲစဉ်တွေအတွက် ဖိအားတွေပိုများလာမှာပါ။

မန်စီးတီး-အာဆင်နယ်(ဧပြီ ၂၆)

အစ်တီဟတ်နဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ တွေ့ဆုံမယ့်ပွဲက ပရီးမီးယားလိဂ်ဖလားကို အဓိကအဆုံးအဖြတ်ပေးမယ့်ပွဲစဉ်ဖြစ်ပြီး စီးတီးအတွက်တော့ ဒီပွဲမှာသာ အနိုင်ရမယ်ဆိုရင် အာဆင်နယ်ရဲ့ ဦးဆောင်မှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ စီးတီးဟာ ဂန်းနားတွေကို ယခုရာသီမှာ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ပွဲစဉ်တွေမှာ ၂ ကြိမ်အထိ အနိုင်ယူခဲ့ပြီးဖြစ်ပြီး ချန်ပီယံဘွဲ့ကို ကာကွယ်ချင်ရင် အစ်တီဟတ်မှာ နောက်ထပ်နိုင်ပွဲကို ရယူဖို့ လိုအပ်မှာဖြစ်ပါတယ်။

နယူးကာဆယ်လ်-အာဆင်နယ်(မေ ၇)

နယူးကာဆယ်လ်အသင်းက တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေခဲ့ရတဲ့အချိန်တုန်းကတောင် စိန့်ဂျိမ်းစ်ပါ့ခ်က ဘယ်တုန်းကမှ ဧည့်သည်အသင်းတွေအတွက် လာလည်ဖို့ လွယ်ကူတဲ့နေရာမဟုတ်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်ဖို့ အလားအလာရှိနေတဲ့ ငှက်ကျားတွေနဲ့ ကစားရမယ့်ပွဲစဉ်က အဆုံးအဖြတ်ပေးနိုင်တဲ့ပွဲစဉ်တစ်ပွဲပုံစံပေါ်နေတာဖြစ်ပါတယ်။ အက်ဒီဟောင်းရဲ့အသင်းဟာ နိုင်ငံတကာအားလပ်ရက်အပြီးမှာ အဆင့် ၃ နေရာနဲ့ ၃ မှတ်အကွာ အဆင့် ၅ နေရာကနေ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရှိန်မြှင့်သွားမှာဖြစ်ပြီး လီဗာပူးလ်တစ်သင်းတည်းသာ ဒီရာသီမှာ ငှက်ကျားတွေရဲ့ အသိုက်ကနေ ၃ မှတ်အပြည့် ယူပြီး ပြန်သွားတဲ့တစ်သင်းတည်းသောအသင်းဖြစ်ပါတယ်။

အဲဗာတန်-မန်စီးတီး(မေ ၁၃)

မန်စီးတီးက အာဆင်နယ်နဲ့ ၈ မှတ်အကွာက လိုက်နေရပေမယ့်လည်း ဂန်းနားတွေရဲ့ အတွေ့အကြုံကင်းမဲ့မှုနဲ့ ပိုမိုခက်ခဲတဲ့ ပွဲစဉ်ဇယားက ဒီဆုဖလားပြိုင်ပွဲအတွက် အဖြေပေးရမယ့်သူက အာတီတာရဲ့အသင်းကိုယ်တိုင်ပဲဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အဲဒီလိုပြောလို့ စီးတီးရဲ့ ပွဲစဉ်ဇယားကလည်း အရမ်းလွယ်နေလားဆိုရင်တော့ မဟုတ်ဘဲ ဂွတ်ဒီဆင်ပါခ့်ကို ရာသီရဲ့ နောက်ဆုံးရက်သတ္တပတ်ကနေ ၃ ပတ်လောက်မှာ သွားရောက်ယှဉ်ပြိုင်ရမှာက ချန်ပီယံတွေအနေနဲ့ မဖြစ်မနေ ဖြတ်ကျော်ရမယ့် စိန်ခေါ်မှုမျိုးဖြစ်ပါတယ်။

ရှောင် ဒိုက်ချ်ဟာ တော်ဖီတွေကို ဘဝသစ်ပေးခဲ့ပြီး နိုင်ငံတကာအားလပ်ရက်မတိုင်ခင် ချဲလ်ဆီးကို သရေ၊ အာဆင်နယ်ကို အနိုင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ ယခုရာသီအစောပိုင်းတုန်းက အစ်တီဟတ်မှာ မန်စီးတီးကို သရေကစားနိုင်ခဲ့တာဖြစ်ပြီးအဆင့် ၁၉ နေရာက ဘုန်းမောက်ထက် ၃ မှတ်အသာ၊ အဆင့် ၁၂ နေရာက ပဲလေ့စ်ထက် ၃မှတ်လျော့နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန်အသင်းဟာ ရာသီကုန်အထိ တန်းမဆင်းရရေးအတွက် တိုက်ပွဲဝင်ရဦးမှာဖြစ်ပါတယ်။ စီးတီးသာ ချန်ပီယံလိဂ် ဆီမီးတက်သွားမယ်ဆိုရင် မာဆေးဆိုဒ်ကို သွားရမယ့်ခရီးက ဆီမီးဖိုင်နယ် ၂ ပွဲကြားမှာ ညပ်သွားမှာဖြစ်ပါတယ်။

အာဆင်နယ်-ဘရိုက်တန်(မေ ၁၃)

တစ်ပတ်တည်းမှာပဲ အာဆင်နယ်ကလည်း အမ်းမရိတ်စ်မှာ ဘရိုက်တန်ကို လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂန်းနားတွေဟာ ဝုလ်ဗ်စ်၊ ချဲလ်ဆီးတို့လို အသင်းတွေနဲ့ နောက်ဆုံး ၅ ပွဲမှာ ခက်ခဲတဲ့ စမ်းသပ်မှုနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး အမြင့်ပျံနေတဲ့စင်ရော်တွေကို မြောက်လန်ဒန်မှာ ဧည့်ခံရမှာက ဂန်းနားတွေအတွက် စိတ်လှုပ်ရှားစရာဖြစ်လာစေမှာဖြစ်ပါတယ်။

ဘရိုက်တန်ဟာ ဂန်းနားတွေနဲ့ ရင်ဆိုင်ကစားရာမှာ အထင်ကြီးဖွယ်မှတ်တမ်းတွေ ပိုင်ဆိုင်ခဲ့ပြီး ယခုရာသီအစောပိုင်းတုန်းက အာတီတာရဲ့အသင်းကို ကာရာဘောင်းဖလားပြိုင်ပွဲကနေ ဖြုတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ ဘရိုက်တန်တို့ တွေ့ဆုံခဲ့တဲ့ ၁၁ ပွဲမှာ ၄ ပွဲစီ နိုင်ပွဲနဲ့ ၃ ပွဲသရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပြီး စင်ရော်တွေဟာ နောက်ဆုံး ၃ ကြိမ် အမ်းမရိတ်စ်ကို အလည်လာချိန်မှာ ၂ ပွဲအထိ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ရောဘတ်တို ဒီဇာဘီရဲ့အသင်းဟာ ယခုရာသီမှာ ဥရောပဝင်ခွင့်ရရှိဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္စီးတီးပရိသတ္ေတြဟာ ဆုဖလားၿပိဳင္ပြဲရဲ႕ အလွည့္အေျပာင္းေတြကို ေကာင္းေကာင္းသေဘာေပါက္နားလည္ထားေပမယ့္လည္း အာဆင္နယ္ပရိသတ္ေတြဟာ ပရီးမီးယားလိဂ္ဖလားအတြက္ စိတ္ပိုင္းဆိုင္ရာ မတည္ၿငိမ္မႈေတြကို ျဖတ္သန္းခဲ့ရျခင္းမရွိေတာ့တာ မ်ိဳးဆက္တစ္ဆက္ေလာက္ ရွိေနၿပီျဖစ္ပါတယ္။

၂၀၀၉-၂၀၁၀ ရာသီေနာက္ပိုင္းကတည္းက ဂန္းနားေတြဟာ ရာသီေနာက္ဆုံးပိုင္းထဲကို ဆုဖလားရရွိႏိုင္တဲ့ အသင္းအျဖစ္ ဝင္ေရာက္ႏိုင္ျခင္းမရွိေတာ့တာျဖစ္ၿပီး ယခုရာသီေနာက္ဆုံးပိုင္းကို မန္စီးတီးထက္ ၈ မွတ္အသာနဲ႔ ဦးေဆာင္ေနမႈေၾကာင့္ အာတီတာရဲ႕အသင္းကို လူအမ်ားအျပားက ေရပန္းအစားဆုံးအျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။

ဒါေပမယ့္ ဂန္းနားေတြဟာ ဂြါဒီယိုလာရဲ႕အသင္းက လိုက္မီလာမွာကို စိုးရိမ္မႈေတြ ရွိေနၿပီး အာဆင္နယ္ရဲ႕ ဒီလိုအေျခအေနမ်ိဳးမွာ အေတြ႕အႀကဳံကင္းမဲ့မႈက လာမယ့္ ၂ လအတြင္း အျမင့္မားဆုံး အစမ္းသပ္ခံရေတာ့မွာျဖစ္ပါတယ္။

စာ႐ြက္ေပၚမွာေတာ့ အာဆင္နယ္အသင္းဟာ မန္စီးတီးထက္ ပိုမို ခက္ခဲတဲ့ ပြဲစဥ္ေတြ ရွိေနေပမယ့္ ဆုဖလားၿပိဳင္ပြဲမွာ ဘာကိုမွ ကံေသကံမ ေျပာလို႔မရဘဲ မေမွ်ာ္လင့္ထားတဲ့ အလွည့္အေျပာင္းေတြ ရွိလာႏိုင္ၿပီး ရာသီကုန္မွာ ခ်န္ပီယံျဖစ္မယ့္အသင္းကို အဆုံးအျဖတ္ေပးႏိုင္တဲ့ အဓိက ပြဲစဥ္ ၅ ပြဲက ဘယ္ပြဲေတြလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

လီဗာပူးလ္-အာဆင္နယ္(ဧၿပီ ၉)

အာဆင္နယ္အသင္းဟာ ဧၿပီလ အေစာပိုင္းမွာ အသင္းတိုင္းရဲ႕ အိပ္မက္ဆိုးျဖစ္တဲ့ အန္းဖီးကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး လိဒ္စ္ယူႏိုက္တက္တစ္သင္းတည္းသာ ဒီရာသီမွာ လီဗာပူးလ္ကို မာေဆးဆိုဒ္မွာ အႏိုင္ယူႏိုင္ခဲ့တဲ့ တစ္သင္းတည္းေသာ ဧည့္သည္အသင္းျဖစ္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ ၁၀ ႏွစ္ေက်ာ္အထိ အန္းဖီးမွာ လီဗာပူးလ္ကို အႏိုင္မယူႏိုင္ခဲ့တာျဖစ္ၿပီး ဒီပြဲမွာ ၃ မွတ္ထက္ေလ်ာ့တဲ့ရမွတ္ရမယ္ဆိုရင္ ဂန္းနားေတြအတြက္ ေရွ႕မွာ ေစာင့္ဆိုင္းေနတဲ့ ႀကီးမားတဲ့ပြဲစဥ္ေတြအတြက္ ဖိအားေတြပိုမ်ားလာမွာပါ။

မန္စီးတီး-အာဆင္နယ္(ဧၿပီ ၂၆)

အစ္တီဟတ္နဲ႔ မန္စီးတီးနဲ႔ အာဆင္နယ္တို႔ ေတြ႕ဆုံမယ့္ပြဲက ပရီးမီးယားလိဂ္ဖလားကို အဓိကအဆုံးအျဖတ္ေပးမယ့္ပြဲစဥ္ျဖစ္ၿပီး စီးတီးအတြက္ေတာ့ ဒီပြဲမွာသာ အႏိုင္ရမယ္ဆိုရင္ အာဆင္နယ္ရဲ႕ ဦးေဆာင္မႈကို ေလွ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။ စီးတီးဟာ ဂန္းနားေတြကို ယခုရာသီမွာ ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလား ပြဲစဥ္ေတြမွာ ၂ ႀကိမ္အထိ အႏိုင္ယူခဲ့ၿပီးျဖစ္ၿပီး ခ်န္ပီယံဘြဲ႕ကို ကာကြယ္ခ်င္ရင္ အစ္တီဟတ္မွာ ေနာက္ထပ္ႏိုင္ပြဲကို ရယူဖို႔ လိုအပ္မွာျဖစ္ပါတယ္။

နယူးကာဆယ္လ္-အာဆင္နယ္(ေမ ၇)

နယူးကာဆယ္လ္အသင္းက တန္းဆင္းဇုန္ထဲမွာ ႐ုန္းကန္ေနခဲ့ရတဲ့အခ်ိန္တုန္းကေတာင္ စိန႔္ဂ်ိမ္းစ္ပါ့ခ္က ဘယ္တုန္းကမွ ဧည့္သည္အသင္းေတြအတြက္ လာလည္ဖို႔ လြယ္ကူတဲ့ေနရာမဟုတ္ခဲ့တာျဖစ္ပါတယ္။ ဒီရာသီမွာ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးႏိုင္ဖို႔ အလားအလာရွိေနတဲ့ ငွက္က်ားေတြနဲ႔ ကစားရမယ့္ပြဲစဥ္က အဆုံးအျဖတ္ေပးႏိုင္တဲ့ပြဲစဥ္တစ္ပြဲပုံစံေပၚေနတာျဖစ္ပါတယ္။ အက္ဒီေဟာင္းရဲ႕အသင္းဟာ ႏိုင္ငံတကာအားလပ္ရက္အၿပီးမွာ အဆင့္ ၃ ေနရာနဲ႔ ၃ မွတ္အကြာ အဆင့္ ၅ ေနရာကေန ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အရွိန္ျမႇင့္သြားမွာျဖစ္ၿပီး လီဗာပူးလ္တစ္သင္းတည္းသာ ဒီရာသီမွာ ငွက္က်ားေတြရဲ႕ အသိုက္ကေန ၃ မွတ္အျပည့္ ယူၿပီး ျပန္သြားတဲ့တစ္သင္းတည္းေသာအသင္းျဖစ္ပါတယ္။

အဲဗာတန္-မန္စီးတီး(ေမ ၁၃)

မန္စီးတီးက အာဆင္နယ္နဲ႔ ၈ မွတ္အကြာက လိုက္ေနရေပမယ့္လည္း ဂန္းနားေတြရဲ႕ အေတြ႕အႀကဳံကင္းမဲ့မႈနဲ႔ ပိုမိုခက္ခဲတဲ့ ပြဲစဥ္ဇယားက ဒီဆုဖလားၿပိဳင္ပြဲအတြက္ အေျဖေပးရမယ့္သူက အာတီတာရဲ႕အသင္းကိုယ္တိုင္ပဲဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။ အဲဒီလိုေျပာလို႔ စီးတီးရဲ႕ ပြဲစဥ္ဇယားကလည္း အရမ္းလြယ္ေနလားဆိုရင္ေတာ့ မဟုတ္ဘဲ ဂြတ္ဒီဆင္ပါခ့္ကို ရာသီရဲ႕ ေနာက္ဆုံးရက္သတၱပတ္ကေန ၃ ပတ္ေလာက္မွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာက ခ်န္ပီယံေတြအေနနဲ႔ မျဖစ္မေန ျဖတ္ေက်ာ္ရမယ့္ စိန္ေခၚမႈမ်ိဳးျဖစ္ပါတယ္။

ေရွာင္ ဒိုက္ခ်္ဟာ ေတာ္ဖီေတြကို ဘဝသစ္ေပးခဲ့ၿပီး ႏိုင္ငံတကာအားလပ္ရက္မတိုင္ခင္ ခ်ဲလ္ဆီးကို သေရ၊ အာဆင္နယ္ကို အႏိုင္ကစားႏိုင္ခဲ့တာျဖစ္ပါတယ္။ အဲဗာတန္အသင္းဟာ ယခုရာသီအေစာပိုင္းတုန္းက အစ္တီဟတ္မွာ မန္စီးတီးကို သေရကစားႏိုင္ခဲ့တာျဖစ္ၿပီးအဆင့္ ၁၉ ေနရာက ဘုန္းေမာက္ထက္ ၃ မွတ္အသာ၊ အဆင့္ ၁၂ ေနရာက ပဲေလ့စ္ထက္ ၃မွတ္ေလ်ာ့နဲ႔ အဆင့္ ၁၅ ေနရာမွာ ရပ္တည္ေနတဲ့ အဲဗာတန္အသင္းဟာ ရာသီကုန္အထိ တန္းမဆင္းရေရးအတြက္ တိုက္ပြဲဝင္ရဦးမွာျဖစ္ပါတယ္။ စီးတီးသာ ခ်န္ပီယံလိဂ္ ဆီမီးတက္သြားမယ္ဆိုရင္ မာေဆးဆိုဒ္ကို သြားရမယ့္ခရီးက ဆီမီးဖိုင္နယ္ ၂ ပြဲၾကားမွာ ညပ္သြားမွာျဖစ္ပါတယ္။

အာဆင္နယ္-ဘ႐ိုက္တန္(ေမ ၁၃)

တစ္ပတ္တည္းမွာပဲ အာဆင္နယ္ကလည္း အမ္းမရိတ္စ္မွာ ဘ႐ိုက္တန္ကို လက္ခံယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဂန္းနားေတြဟာ ဝုလ္ဗ္စ္၊ ခ်ဲလ္ဆီးတို႔လို အသင္းေတြနဲ႔ ေနာက္ဆုံး ၅ ပြဲမွာ ခက္ခဲတဲ့ စမ္းသပ္မႈနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး အျမင့္ပ်ံေနတဲ့စင္ေရာ္ေတြကို ေျမာက္လန္ဒန္မွာ ဧည့္ခံရမွာက ဂန္းနားေတြအတြက္ စိတ္လႈပ္ရွားစရာျဖစ္လာေစမွာျဖစ္ပါတယ္။

ဘ႐ိုက္တန္ဟာ ဂန္းနားေတြနဲ႔ ရင္ဆိုင္ကစားရာမွာ အထင္ႀကီးဖြယ္မွတ္တမ္းေတြ ပိုင္ဆိုင္ခဲ့ၿပီး ယခုရာသီအေစာပိုင္းတုန္းက အာတီတာရဲ႕အသင္းကို ကာရာေဘာင္းဖလားၿပိဳင္ပြဲကေန ျဖဳတ္ပစ္ခဲ့တာ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ အာဆင္နယ္နဲ႔ ဘ႐ိုက္တန္တို႔ ေတြ႕ဆုံခဲ့တဲ့ ၁၁ ပြဲမွာ ၄ ပြဲစီ ႏိုင္ပြဲနဲ႔ ၃ ပြဲသေရရလဒ္ထြက္ေပၚခဲ့တာျဖစ္ၿပီး စင္ေရာ္ေတြဟာ ေနာက္ဆုံး ၃ ႀကိမ္ အမ္းမရိတ္စ္ကို အလည္လာခ်ိန္မွာ ၂ ပြဲအထိ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ေရာဘတ္တို ဒီဇာဘီရဲ႕အသင္းဟာ ယခုရာသီမွာ ဥေရာပဝင္ခြင့္ရရွိဖို႔အတြက္ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.