Premier League

လေ့ကျင့်ရေးပြန်ဆင်းမယ့် ဂရင်းဝုဒ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်လိုက်တဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီကုန်တဲ့အချိန်မတိုင်ခင်အထိ လေ့ကျင့်ရေးကို ပြန်လာခွင့်ရှိမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကတည်းက မုဒိမ်းမှု၊ အကြမ်းဖက်မှုတွေနဲ့ တရားစွဲဆိုခံရပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရပြီးကတည်းက မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးခဲ့ခြင်းမရှိတော့သူဖြစ်ပါတယ်။

ဂရင်းဝုဒ်အပေါ် တင်ထားတဲ့ စွဲချက်တွေအားလုံးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ပယ်ချခဲ့ပြီး ‘ဒီအမှုမှာ အဓိက မျက်မြင်သက်သေများ ရုပ်သိမ်းခြင်းနဲ့ သက်သေထွက်ဆိုချက်အသစ်တွေ ပေါင်းစပ်ခြင်းဟာ ပြစ်ဒဏ်စီရင်ဖို့အတွက် လက်တွေ့ကျတဲ့ အလားအလာမရှိတော့ကြောင်း’ Crown Prosecution Service က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်က အသင်းအနေနဲ့ ဂရင်းဝုဒ်ရဲ့ အိုးထရက်ဖို့ဒ်က အနာဂတ်နဲ့ပတ်သက်ပြီး နောက်ထပ်ခြေလှမ်းကို မဆုံးဖြတ်မီ လုပ်ငန်းစဉ်တွေအတိုင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

Mail Online ရဲ့ ဖော်ပြချက်အရ ဂရင်းဝုဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီး တတ်နိုင်သမျှ မြန်မြန် အသင်းကို ပြန်လာချင်တဲ့ဆန္ဒကို အလေးပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းက ဂရင်းဝုဒ်ကို အစောဆုံးအနေနဲ့ လာမယ့်ရာသီမတိုင်ခင်အထိ လေ့ကျင့်ရေး ပြန်ဆင်းခွင့် ပြုသွားမှာမဟုတ်ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပြီး အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူး ပြန်လာမယ့်ကိစ္စနဲ့ပတ်သက်ပြီး အသင်းအတွင်းမှာ အမြင်ကွဲလွဲမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းထဲက လူအချို့က ဂရင်းဝုဒ်ကို ဒုတိယအကြိမ် အခွင့်အရေးပေးသင့်တယ်လို့ ယုံကြည်နေကြပြီး အခြားလူတွေကတော့ အသက် ၂၁ နှစ်အရွယ်ကစာသးမား ပြန်လာမှုက အသင်းရဲ့ အမှတ်တံဆိပ်ကို ထိခိုက်ပျက်စီးစေနိုင်တဲ့အလားအလာရှိတယ်လို့ စိုးရိမ်ပူပင်နေကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရာသီကုန္တဲ့အခ်ိန္မတိုင္ခင္အထိ ေလ့က်င့္ေရးကို ျပန္လာခြင့္ရွိမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလကတည္းက မုဒိမ္းမႈ၊ အၾကမ္းဖက္မႈေတြနဲ႔ တရားစြဲဆိုခံရၿပီးေနာက္ ဖမ္းဆီးထိန္းသိမ္းခံရၿပီးကတည္းက မန္ခ်က္စတာယူႏိုက္တက္အတြက္ ကစားေပးခဲ့ျခင္းမရွိေတာ့သူျဖစ္ပါတယ္။

ဂရင္းဝုဒ္အေပၚ တင္ထားတဲ့ စြဲခ်က္ေတြအားလုံးဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလမွာ ပယ္ခ်ခဲ့ၿပီး ‘ဒီအမႈမွာ အဓိက မ်က္ျမင္သက္ေသမ်ား ႐ုပ္သိမ္းျခင္းနဲ႔ သက္ေသထြက္ဆိုခ်က္အသစ္ေတြ ေပါင္းစပ္ျခင္းဟာ ျပစ္ဒဏ္စီရင္ဖို႔အတြက္ လက္ေတြ႕က်တဲ့ အလားအလာမရွိေတာ့ေၾကာင္း’ Crown Prosecution Service က ေဖာ္ျပခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္က အသင္းအေနနဲ႔ ဂရင္းဝုဒ္ရဲ႕ အိုးထရက္ဖို႔ဒ္က အနာဂတ္နဲ႔ပတ္သက္ၿပီး ေနာက္ထပ္ေျခလွမ္းကို မဆုံးျဖတ္မီ လုပ္ငန္းစဥ္ေတြအတိုင္း လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။

Mail Online ရဲ႕ ေဖာ္ျပခ်က္အရ ဂရင္းဝုဒ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးခဲ့ၿပီး တတ္ႏိုင္သမွ် ျမန္ျမန္ အသင္းကို ျပန္လာခ်င္တဲ့ဆႏၵကို အေလးေပးေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အသင္းက ဂရင္းဝုဒ္ကို အေစာဆုံးအေနနဲ႔ လာမယ့္ရာသီမတိုင္ခင္အထိ ေလ့က်င့္ေရး ျပန္ဆင္းခြင့္ ျပဳသြားမွာမဟုတ္ဘူးလို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉး ျပန္လာမယ့္ကိစၥနဲ႔ပတ္သက္ၿပီး အသင္းအတြင္းမွာ အျမင္ကြဲလြဲမႈေတြ ရွိေနတယ္လို႔လည္း သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းထဲက လူအခ်ိဳ႕က ဂရင္းဝုဒ္ကို ဒုတိယအႀကိမ္ အခြင့္အေရးေပးသင့္တယ္လို႔ ယုံၾကည္ေနၾကၿပီး အျခားလူေတြကေတာ့ အသက္ ၂၁ ႏွစ္အ႐ြယ္ကစာသးမား ျပန္လာမႈက အသင္းရဲ႕ အမွတ္တံဆိပ္ကို ထိခိုက္ပ်က္စီးေစႏိုင္တဲ့အလားအလာရွိတယ္လို႔ စိုးရိမ္ပူပင္ေနၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.