Premier League

လေ့ကျင့်ရေးမှာ အသင်းဖော်ကို အရှက်ခွဲခဲ့တဲ့ အမေ့အလျော့ခံ အာသာ မယ်လို

အာသာ မယ်လိုဟာ လီဗာပူးလ်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ အသင်းဖော် ဘန် ဒုတ်ခ်ကို အလွန်ကောင်းမွန်တဲ့ ဘောလုံးစွမ်းရည်နဲ့ အရှက်ခွဲခဲ့ပါတယ်။

အာသာဟာ ဂျူဗင်တပ်ကနေ လီဗာပူးလ်ကို ပြီးခဲ့တဲ့နွေရာသီမှာ အငှားနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ဆိုးရွားတဲ့ အချိန်တွေကို ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး ဘရာဇီးလ်ကွင်းလယ်လူဟာ ကွင်းလယ်မှာ ဒဏ်ရာပြဿနာတွေ အများအပြားနဲ့ ရင်ဆိုင်နေရတာကြောင့် ကလော့ပ်ရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အာသာ မယ်လိုဟာ စက်တင်ဘာလက နာပိုလီကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အရန်ခုံကနေ လီဗာပူးလ်အသင်းအတွက် ပွဲဦးထွက် ပါဝင်ကစားပေးခဲ့ရပေမယ့်လည်း လေ့ကျင့်ရေးမှာ ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်တဲ့ဒဏ်ရာရရှိခဲ့ပြီးနောက် စီနီယာကစားသမားအဖြစ် တစ်ပွဲမှ ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ ယခုလအစောပိုင်းတုန်းက ဘုန်းမောက်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အရန်လူစာရင်းထဲမှာ ပါဝင်ခွင့်ရခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှ ပါဝင်ကစားပေးနိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အာသာ မယ်လိုကို ပေါင် ၃၂ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့် ရှိနေပေမယ့်လည်း ယာဂန် ကလော့ပ်ရဲ့ အသင်းဟာ ဘယ်လင်ဟမ်၊ မေဆန် မောင့်တို့လို ကစားသမားတွေကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ အာရုံစိုက်နေတယ်လို့ မျှော်မှန်းခြင်း ခံထားရတာဖြစ်ပါတယ်။

အာသာဟာ မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်မတိုင်ခင် လေ့ကျင့်ရေးအစီအစဉ်မှာ လီဗာပူးလ်အသင်းဖော်ကို အံ့အားသင့်စေခဲ့တာဖြစ်ပြီး ဂျူဗင်တပ်ကနေ အငှားနဲ့ လာကစားနေတဲ့ ဘရာဇီးလ်ကစားသမားက ဘောလုံးလုယူဖို့ ကြိုးပမ်းခဲ့တဲ့ ဘန် ဒုတ်ခ်ရဲ့ ပေါင်ကြားထဲကနေ ဘောလုံးကို ထုတ်သွားခဲ့တာဖြစ်ပါတယ်။

စကော့တလန်ကြယ်ပွင့်ဟာ ၎င်းရဲ့ ခေါင်းကို လက်နဲ့အုပ်ပြီး မယုံနိုင်ဖြစ်ခဲ့ပုံပေါ်ပြီး ရောဘတ်ဆန်က အာသာ မယ်လိုရဲ့ အကွက်ကို အလွန်သဘောကျဟန်နဲ့ အားပါးတရလက်ခုပ်လက်ဝါးတီးပြီး ရယ်မောနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အာသာ မယ်လိုဟာ လီဗာပူးလ်အသင်းအတွက် ပါဝင်ကစားပေးခွင့်ရတာမျိုး ရှားပါးခဲ့ပေမယ့်လည်း အရင်တုန်းက ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့အတွက် ပုံမှန် ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ၂၂ ပွဲအထိ ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာသာ မယ္လိုဟာ လီဗာပူးလ္အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ အသင္းေဖာ္ ဘန္ ဒုတ္ခ္ကို အလြန္ေကာင္းမြန္တဲ့ ေဘာလုံးစြမ္းရည္နဲ႔ အရွက္ခြဲခဲ့ပါတယ္။

အာသာဟာ ဂ်ဴဗင္တပ္ကေန လီဗာပူးလ္ကို ၿပီးခဲ့တဲ့ေႏြရာသီမွာ အငွားနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ဆိုး႐ြားတဲ့ အခ်ိန္ေတြကို ရင္ဆိုင္ခဲ့ရသူျဖစ္ၿပီး ဘရာဇီးလ္ကြင္းလယ္လူဟာ ကြင္းလယ္မွာ ဒဏ္ရာျပႆနာေတြ အမ်ားအျပားနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ကေလာ့ပ္ရဲ႕ ေခၚယူျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

အာသာ မယ္လိုဟာ စက္တင္ဘာလက နာပိုလီကို ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အရန္ခုံကေန လီဗာပူးလ္အသင္းအတြက္ ပြဲဦးထြက္ ပါဝင္ကစားေပးခဲ့ရေပမယ့္လည္း ေလ့က်င့္ေရးမွာ ခြဲစိတ္ကုသမႈခံယူဖို႔ လိုအပ္တဲ့ဒဏ္ရာရရွိခဲ့ၿပီးေနာက္ စီနီယာကစားသမားအျဖစ္ တစ္ပြဲမွ ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ကြင္းလယ္ကစားသမားဟာ ယခုလအေစာပိုင္းတုန္းက ဘုန္းေမာက္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ အရန္လူစာရင္းထဲမွာ ပါဝင္ခြင့္ရခဲ့ေပမယ့္လည္း ပရီးမီးယားလိဂ္ပြဲစဥ္တစ္ပြဲမွ ပါဝင္ကစားေပးႏိုင္ျခင္းမရွိေသးတာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ အာသာ မယ္လိုကို ေပါင္ ၃၂ သန္းနဲ႔ အၿပီးသတ္ဝယ္ယူခြင့္ ရွိေနေပမယ့္လည္း ယာဂန္ ကေလာ့ပ္ရဲ႕ အသင္းဟာ ဘယ္လင္ဟမ္၊ ေမဆန္ ေမာင့္တို႔လို ကစားသမားေတြကို လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေခၚယူဖို႔ အာ႐ုံစိုက္ေနတယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရတာျဖစ္ပါတယ္။

အာသာဟာ မန္ခ်က္စတာစီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ပြဲစဥ္မတိုင္ခင္ ေလ့က်င့္ေရးအစီအစဥ္မွာ လီဗာပူးလ္အသင္းေဖာ္ကို အံ့အားသင့္ေစခဲ့တာျဖစ္ၿပီး ဂ်ဴဗင္တပ္ကေန အငွားနဲ႔ လာကစားေနတဲ့ ဘရာဇီးလ္ကစားသမားက ေဘာလုံးလုယူဖို႔ ႀကိဳးပမ္းခဲ့တဲ့ ဘန္ ဒုတ္ခ္ရဲ႕ ေပါင္ၾကားထဲကေန ေဘာလုံးကို ထုတ္သြားခဲ့တာျဖစ္ပါတယ္။

စေကာ့တလန္ၾကယ္ပြင့္ဟာ ၎ရဲ႕ ေခါင္းကို လက္နဲ႔အုပ္ၿပီး မယုံႏိုင္ျဖစ္ခဲ့ပုံေပၚၿပီး ေရာဘတ္ဆန္က အာသာ မယ္လိုရဲ႕ အကြက္ကို အလြန္သေဘာက်ဟန္နဲ႔ အားပါးတရလက္ခုပ္လက္ဝါးတီးၿပီး ရယ္ေမာေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

အာသာ မယ္လိုဟာ လီဗာပူးလ္အသင္းအတြက္ ပါဝင္ကစားေပးခြင့္ရတာမ်ိဳး ရွားပါးခဲ့ေပမယ့္လည္း အရင္တုန္းက ဘာစီလိုနာနဲ႔ ဂ်ဴဗင္တပ္တို႔အတြက္ ပုံမွန္ ပြဲထြက္ပါဝင္ကစားခြင့္ရရွိခဲ့ၿပီး ဘရာဇီးလ္လက္ေ႐ြးစင္အသင္းအတြက္ ၂၂ ပြဲအထိ ပါဝင္ကစားေပးခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.