Other Leagues Premier League

အိုးထရက်ဖို့ဒ်ကို စွန့်ခွာခဲ့တဲ့ ရော်နယ်လ်ဒိုက လိုချင်တာရခဲ့တာလို့ ယုံကြည်နေတဲ့ ဝိန်း ရူနီ

ဝိန်း ရူနီက မန်ချက်စတာယူနိုက်တက်အသင်းကနေ ခရစ္စတီယာနို ရော်နယ်လ်ဒို ထွက်ခွာမှုအပေါ် ၎င်းရဲ့ထင်မြင်ချက်ကို ပြောကြားခဲ့ပြီး ပီးယာ့စ် မော်ဂန်နဲ့ အင်တာဗျူးအပြီး လိုချင်ခဲ့တာကို ရရှိခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာလတုန်းက ရော်နယ်လ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီမှု ရရှိခဲ့ကြတာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ဟာ ဘလွန်ဒေါ ၅ ဆုရှင်က ပီးယာ့စ် မော်ဂန်နဲ့ အင်တာဗျူးမှာ အမှန်တရားအချို့ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ကို လေးစားမှုမရှိဘူးလို့ စွပ်စွဲခဲ့ပြီး အသင်းဖော် ၃ ဦးသာ ထိပ်တန်းပရော်ဖက်ရှင်နယ်တွေဖြစ်တယ်လို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ အသင်းဖော်ဟောင်း ဝိန်း ရူနီနဲ့ပတ်သက်ပြီးလည်း အခိုင်အမာ ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူးက ရော်နယ်လ်ဒိုရဲ့ အပြုအမူဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူ ဘာလို့ ကျွန်တော့်ကို ဆိုးဆိုးရွားရွား ပြစ်တင်ဝေဖန်နေတာလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူက ကစားသမားဘဝကို အဆုံးသတ်ခဲ့ရပြီဖြစ်ပြီး ကျွန်တော်ကတော့ ထိပ်တန်းအဆင့်မှာ ကစားနေတုန်းမို့လို့ ဖြစ်ချင်ဖြစ်မှာပေါ့။ ကျွန်တော်က အမှန်တရားဖြစ်တဲ့ သူ့ထက်ပိုပြီးတော့ ကြည့်ကောင်းတယ်လို့တော့ ပြောမှာမဟုတ်ပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။

လေးလအကြာမှာ ဒီစီယူနိုက်တက်နည်းပြ ဝိန်း ရူနီက ၎င်းရဲ့ အသင်းဖော်ဟောင်း အိုးထရက်ဖို့ဒ်ကို စွန့်ခွာခဲ့မှု၊ ၎င်းကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ မှတ်ချက်အချို့နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ “သူ လိုချင်ခဲ့တာကို ရသွားခဲ့တာလို့ပဲ ပြောချင်ပါတယ်။ မန်ချက်စတာယူနိုက်တက်အတွက် အဲဒီကနေ တတ်နိုင်သမျှ မြန်မြန် ရှေ့ဆက်သွားနိုင်ဖို့နဲ့ အသင်းမှာရှိနေပြီး အသင်းမှာ ရှိနေချင်တဲ့ကစားသမားတွေအပေါ်မှာ အာရုံပြန်စိုက်နိုင်ဖို့က အရေးကြီးခဲ့ပါတယ်။ တန်ဟက်က ကစားသမားတွေအပေါ်မှာ အာရုံပြန်စိုက်ပြီး သူတို့ကို ထိပ်ဆုံး ၄ နေရာထဲ သက်တောင့်သက်သာရပ်တည်နိုင်အောင် တကယ်ကောင်းတဲ့အလုပ်ကို လုပ်ခဲ့တယ်လို့ ကျွန်တော် ထင်ပြီး ဆုဖလားတောင် ရခဲ့ပါတယ်။”

ပြီးတဲ့နောက်မှာ ရော်နယ်လ်ဒိုရဲ့ ပီးယာ့စ် မော်ဂန်နဲ့ အင်တာဗျူးက အိုးထရက်ဖို့ဒ်မှာရှိတဲ့ ၎င်းရဲ့ ဂုဏ်သတင်းကို ထိခိုက်ပျက်စီးစေခဲ့လားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဝိန်း ရူနီက “ဟင့်အင်း။ သူ မန်ချက်စတာယူနိုက်တက်အတွက် လုပ်ပေးခဲ့တာတွေက အရမ်းကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ သူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားတွေကို အနိုင်ရခဲ့ပြီး ဂိုးတွေအများကြီးလည်း သွင်းယူခဲ့တယ်”

“အဲဒီတော့ ပရိသတ်တွေအတွက် နဲ့ ကစားသမားတွေအတွက်တော့ သူ မန်ချက်စတာယူနိုက်တက်အတွက် လုပ်ခဲ့တာတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်မျက်လုံးထဲမှာက သူက အမြဲတမ်း အသင်းဂန္တဝင်ဖြစ်နေမှာမို့လို့ဖြစ်ပြီး သူ ဒီတစ်ကြိမ်မှာ အဆုံးသတ်သွားခဲ့တဲ့ပုံစံက နှမြောဖို့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒါက အသင်းမှာရှိနေတဲ့ သူ့ရဲ့ အမွေအနှစ်တွေ တစ်ခုမှကို ယူဆောင်မသွားနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝိန္း ႐ူနီက မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ခရစၥတီယာႏို ေရာ္နယ္လ္ဒို ထြက္ခြာမႈအေပၚ ၎ရဲ႕ထင္ျမင္ခ်က္ကို ေျပာၾကားခဲ့ၿပီး ပီးယာ့စ္ ေမာ္ဂန္နဲ႔ အင္တာဗ်ဴးအၿပီး လိုခ်င္ခဲ့တာကို ရရွိခဲ့တာလို႔ ေျပာၾကားခဲ့ပါတယ္။

ႏိုဝင္ဘာလတုန္းက ေရာ္နယ္လ္ဒိုနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ဟာ စာခ်ဳပ္ဖ်က္သိမ္းဖို႔ သေဘာတူညီမႈ ရရွိခဲ့ၾကတာျဖစ္ၿပီး ဒီဆုံးျဖတ္ခ်က္ဟာ ဘလြန္ေဒါ ၅ ဆုရွင္က ပီးယာ့စ္ ေမာ္ဂန္နဲ႔ အင္တာဗ်ဴးမွာ အမွန္တရားအခ်ိဳ႕ ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ကို ေလးစားမႈမရွိဘူးလို႔ စြပ္စြဲခဲ့ၿပီး အသင္းေဖာ္ ၃ ဦးသာ ထိပ္တန္းပေရာ္ဖက္ရွင္နယ္ေတြျဖစ္တယ္လို႔ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။ ေပၚတူဂီၾကယ္ပြင့္ဟာ အသင္းေဖာ္ေဟာင္း ဝိန္း ႐ူနီနဲ႔ပတ္သက္ၿပီးလည္း အခိုင္အမာ ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး အဂၤလန္ဂႏၲဝင္တိုက္စစ္မႉးက ေရာ္နယ္လ္ဒိုရဲ႕ အျပဳအမူဟာ လက္မခံႏိုင္စရာျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“သူ ဘာလို႔ ကြၽန္ေတာ့္ကို ဆိုးဆိုး႐ြား႐ြား ျပစ္တင္ေဝဖန္ေနတာလဲဆိုတာ ကြၽန္ေတာ္ မသိပါဘူး။ သူက ကစားသမားဘဝကို အဆုံးသတ္ခဲ့ရၿပီျဖစ္ၿပီး ကြၽန္ေတာ္ကေတာ့ ထိပ္တန္းအဆင့္မွာ ကစားေနတုန္းမို႔လို႔ ျဖစ္ခ်င္ျဖစ္မွာေပါ့။ ကြၽန္ေတာ္က အမွန္တရားျဖစ္တဲ့ သူ႔ထက္ပိုၿပီးေတာ့ ၾကည့္ေကာင္းတယ္လို႔ေတာ့ ေျပာမွာမဟုတ္ပါဘူး။”လို႔ ေျပာၾကားခဲ့ပါတယ္။

ေလးလအၾကာမွာ ဒီစီယူႏိုက္တက္နည္းျပ ဝိန္း ႐ူနီက ၎ရဲ႕ အသင္းေဖာ္ေဟာင္း အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခဲ့မႈ၊ ၎ကိုယ္တိုင္ ျပဳလုပ္ခဲ့တဲ့ မွတ္ခ်က္အခ်ိဳ႕နဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ “သူ လိုခ်င္ခဲ့တာကို ရသြားခဲ့တာလို႔ပဲ ေျပာခ်င္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အတြက္ အဲဒီကေန တတ္ႏိုင္သမွ် ျမန္ျမန္ ေရွ႕ဆက္သြားႏိုင္ဖို႔နဲ႔ အသင္းမွာရွိေနၿပီး အသင္းမွာ ရွိေနခ်င္တဲ့ကစားသမားေတြအေပၚမွာ အာ႐ုံျပန္စိုက္ႏိုင္ဖို႔က အေရးႀကီးခဲ့ပါတယ္။ တန္ဟက္က ကစားသမားေတြအေပၚမွာ အာ႐ုံျပန္စိုက္ၿပီး သူတို႔ကို ထိပ္ဆုံး ၄ ေနရာထဲ သက္ေတာင့္သက္သာရပ္တည္ႏိုင္ေအာင္ တကယ္ေကာင္းတဲ့အလုပ္ကို လုပ္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္ၿပီး ဆုဖလားေတာင္ ရခဲ့ပါတယ္။”

ၿပီးတဲ့ေနာက္မွာ ေရာ္နယ္လ္ဒိုရဲ႕ ပီးယာ့စ္ ေမာ္ဂန္နဲ႔ အင္တာဗ်ဴးက အိုးထရက္ဖို႔ဒ္မွာရွိတဲ့ ၎ရဲ႕ ဂုဏ္သတင္းကို ထိခိုက္ပ်က္စီးေစခဲ့လားလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ဝိန္း ႐ူနီက “ဟင့္အင္း။ သူ မန္ခ်က္စတာယူႏိုက္တက္အတြက္ လုပ္ေပးခဲ့တာေတြက အရမ္းေကာင္းတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ သူ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္ဖလားေတြကို အႏိုင္ရခဲ့ၿပီး ဂိုးေတြအမ်ားႀကီးလည္း သြင္းယူခဲ့တယ္”

“အဲဒီေတာ့ ပရိသတ္ေတြအတြက္ နဲ႔ ကစားသမားေတြအတြက္ေတာ့ သူ မန္ခ်က္စတာယူႏိုက္တက္အတြက္ လုပ္ခဲ့တာေတြကို ဘယ္ေတာ့မွ ေမ့မွာမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္မ်က္လုံးထဲမွာက သူက အၿမဲတမ္း အသင္းဂႏၲဝင္ျဖစ္ေနမွာမို႔လို႔ျဖစ္ၿပီး သူ ဒီတစ္ႀကိမ္မွာ အဆုံးသတ္သြားခဲ့တဲ့ပုံစံက ႏွေျမာဖို႔ ေကာင္းပါတယ္။ ဒါေပမယ့္ အဲဒါက အသင္းမွာရွိေနတဲ့ သူ႔ရဲ႕ အေမြအႏွစ္ေတြ တစ္ခုမွကို ယူေဆာင္မသြားႏိုင္ဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: