International

ရှပ် ၂၃ ထည်အထိပေးဖို့ တောင်းပန်ခဲ့ပေမယ့် တစ်ဦးတည်းကိုသာ ပေးခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီကို ကူရာဆာကစားသမားတွေဟာ အသင်းသား ၂၃ ဦးစလုံးကို ရှပ်တစ်ထည်စီပေးဖို့ တောင်းပန်ခဲ့ကြပေမယ့်လည်း ကစားသမားတစ်ဦးတည်းသာ အာဂျင်တီးနားကြယ်ပွင့်ရဲ့ ဂျာစီကို ကံကောင်းစွာနဲ့ ရရှိခဲ့ပါတယ်။

ပနားမားနဲ့ကစားခဲ့တဲ့ပွဲမှာ အလွတ်တည်ကန်ဘောကနေ အံ့အားသင့်ဖွယ် ကန်ချက်နဲ့ ကစားသမားဘဝ ဂိုး ၈၀၀ ပြည့်မြောက်ခဲ့တဲ့ မက်ဆီဟာ ကူရာဆားကို ၇-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းပြီး နိုင်ငံတကာသွင်းဂိုးကို ထပ်မံတိုးမြှင့်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘလွန်ဒေါ ၇ ဆုရှင်ဟာ ပထမပိုင်း ၁၇ မိနစ်အတွင်း သွင်းဂိုး ၃ ဂိုးစလုံးကို သွင်းယူပေးခဲ့ပြိး အာဂျင်တီးနားလက်ရွေးစင်အသင်းတွက် သွင်းဂိုး ၁၀၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

နီကိုလတ်စ် ဂွန်ဇာလက်ဇ်၊ အန်ဇို ဖာနန်ဒက်ဇ်၊ ဒီမာရီယာ၊ ဂွန်ဇာလို မွန်တီရယ်တို့အားလုံးကလည်း ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံတွေအတွက် သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့ကြတာဖြစ်ပြီး ပွဲမတိုင်ခင်မှာ ကူရာဆားကစားသမားတွေဟာ မက်ဆီ ဆီကနေ အားလုံးအတွက် ရှပ်တစ်ထည်စီ ရရှိဖို့အတွက် တောင်းပန်ခဲ့ကြပြီး တစ်ထည်တည်းသာ ရရှိခဲ့မယ်ဆိုရင် အဲဒီတစ်ထည်အတွက် တိုက်ပွဲဝင်ကြမှာဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီ ပွဲဝတ်ဆင်ကစားခဲ့တဲ့ ရှပ်ဟာ ဘောလုံးလောကမှာ အထိမ်းအမှတ်ပစ္စည်းတစ်ခု ဖြစ်လာမှာဖြစ်ပြီး အဲဒီလို တန်ဖိုးရှိတဲ့လက်ဆောင်ကို ကူရာဆား ဂိုးသမား အီလွိုင်း ရွမ်းက ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ကိုလံဘတ်စ် ခရူ ဂိုးသမားဟာ ၇ ဂိုးအထိ ခွင့်ပြုခဲ့ရပြီးနောက် စိတ်ဓာတ်ကျခဲ့မှာဖြစ်ပေမယ့်လည်း တန်ဖိုးရှိတဲ့အရာတစ်ခုကိုတော့ ရရှိခဲ့ဆဲဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးနဲ့ ရှပ်လဲလှယ်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ကူရာဆားဂိုးသမားဟာ လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနားဂျာစီပုံနဲ့အတူ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပြီဆိုတဲ့ စာသားကို ရေးသားထားခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်နဲ့ ရှပ်ချင်း လဲလှယ်နေတဲ့ပုံ ၂ ပုံကိုလည်း တင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ အသက် ၃၄ နှစ်အရွယ် ဂိုးသမားက အသင်းဖော်တွေ ရှပ် ခိုးယူလို့မရအောင် မက်ဆီရဲ့ ဂျာစီနဲ့အတူ အိပ်စက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဘာစီလိုနာကြယ်ပွင့်ဟောင်းရဲ့ ဂိုးကန်သွင်းချက်တွေကို ကာကွယ်ခဲ့တဲ့ ၎င်းရဲ့ ကာကွယ်မှုတွေက YouTube ပေါ်မှာ ကြည့်လို့ကောင်းမှာဖြစ်တယ်လို့ နောက်ပြောင်ခဲ့ပါတယ်။

“မက်ဆီရဲ့ ဂျာစီ။ အဲဒါက တကယ်ကို ထူးခြားပါတယ်။ အဲဒါက မယုံနိုင်စရာကောင်းတယ်။ အိပ်မက်တွေ တကယ်ဖြစ်လာပြီ။ အားလုံးက မက်ဆီရဲ့ ပရိသတ်တွေပါ။ ဒါပေမယ့် ကျွန်တော် သူနဲ့ ရင်ဆိုင်ကစားခဲ့တယ်။ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော့်ကို ဂိုးအချို့ကို သွင်းခဲ့သလို သူ့ရဲ့ ကောင်းမွန်တဲ့ဂိုးကန်သွင်းချက်အချို့ကိုလည်း ကျွန်တော် ကာကွယ်နိုင်ခဲ့တယ်။ အဲဒီလို ကာကွယ်မှုတွေအပြီးမှာ သူက ကျွန်တော့်ကို ကောင်းမွန်တဲ့ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ အဲဒါက ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီကို ကူရာဆာကစားသမားေတြဟာ အသင္းသား ၂၃ ဦးစလုံးကို ရွပ္တစ္ထည္စီေပးဖို႔ ေတာင္းပန္ခဲ့ၾကေပမယ့္လည္း ကစားသမားတစ္ဦးတည္းသာ အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ ဂ်ာစီကို ကံေကာင္းစြာနဲ႔ ရရွိခဲ့ပါတယ္။

ပနားမားနဲ႔ကစားခဲ့တဲ့ပြဲမွာ အလြတ္တည္ကန္ေဘာကေန အံ့အားသင့္ဖြယ္ ကန္ခ်က္နဲ႔ ကစားသမားဘဝ ဂိုး ၈၀၀ ျပည့္ေျမာက္ခဲ့တဲ့ မက္ဆီဟာ ကူရာဆားကို ၇-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ဟက္ထရစ္သြင္းၿပီး ႏိုင္ငံတကာသြင္းဂိုးကို ထပ္မံတိုးျမႇင့္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘလြန္ေဒါ ၇ ဆုရွင္ဟာ ပထမပိုင္း ၁၇ မိနစ္အတြင္း သြင္းဂိုး ၃ ဂိုးစလုံးကို သြင္းယူေပးခဲ့ၿပိး အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းတြက္ သြင္းဂိုး ၁၀၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

နီကိုလတ္စ္ ဂြန္ဇာလက္ဇ္၊ အန္ဇို ဖာနန္ဒက္ဇ္၊ ဒီမာရီယာ၊ ဂြန္ဇာလို မြန္တီရယ္တို႔အားလုံးကလည္း ၂၀၂၂ ကမာၻ႔ဖလားခ်န္ပီယံေတြအတြက္ သြင္းဂိုးေတြ သြင္းယူေပးႏိုင္ခဲ့ၾကတာျဖစ္ၿပီး ပြဲမတိုင္ခင္မွာ ကူရာဆားကစားသမားေတြဟာ မက္ဆီ ဆီကေန အားလုံးအတြက္ ရွပ္တစ္ထည္စီ ရရွိဖို႔အတြက္ ေတာင္းပန္ခဲ့ၾကၿပီး တစ္ထည္တည္းသာ ရရွိခဲ့မယ္ဆိုရင္ အဲဒီတစ္ထည္အတြက္ တိုက္ပြဲဝင္ၾကမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီ ပြဲဝတ္ဆင္ကစားခဲ့တဲ့ ရွပ္ဟာ ေဘာလုံးေလာကမွာ အထိမ္းအမွတ္ပစၥည္းတစ္ခု ျဖစ္လာမွာျဖစ္ၿပီး အဲဒီလို တန္ဖိုးရွိတဲ့လက္ေဆာင္ကို ကူရာဆား ဂိုးသမား အီလြိဳင္း ႐ြမ္းက ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ ကိုလံဘတ္စ္ ခ႐ူ ဂိုးသမားဟာ ၇ ဂိုးအထိ ခြင့္ျပဳခဲ့ရၿပီးေနာက္ စိတ္ဓာတ္က်ခဲ့မွာျဖစ္ေပမယ့္လည္း တန္ဖိုးရွိတဲ့အရာတစ္ခုကိုေတာ့ ရရွိခဲ့ဆဲျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးနဲ႔ ရွပ္လဲလွယ္ခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။

ကူရာဆားဂိုးသမားဟာ လီယြန္နယ္ မက္ဆီရဲ႕ အာဂ်င္တီးနားဂ်ာစီပုံနဲ႔အတူ အိပ္မက္ေတြ အမွန္တကယ္ျဖစ္လာခဲ့ၿပီဆိုတဲ့ စာသားကို ေရးသားထားခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားအသင္းေခါင္းေဆာင္နဲ႔ ရွပ္ခ်င္း လဲလွယ္ေနတဲ့ပုံ ၂ ပုံကိုလည္း တင္ခဲ့တာ ျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ အသက္ ၃၄ ႏွစ္အ႐ြယ္ ဂိုးသမားက အသင္းေဖာ္ေတြ ရွပ္ ခိုးယူလို႔မရေအာင္ မက္ဆီရဲ႕ ဂ်ာစီနဲ႔အတူ အိပ္စက္သြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ဘာစီလိုနာၾကယ္ပြင့္ေဟာင္းရဲ႕ ဂိုးကန္သြင္းခ်က္ေတြကို ကာကြယ္ခဲ့တဲ့ ၎ရဲ႕ ကာကြယ္မႈေတြက YouTube ေပၚမွာ ၾကည့္လို႔ေကာင္းမွာျဖစ္တယ္လို႔ ေနာက္ေျပာင္ခဲ့ပါတယ္။

“မက္ဆီရဲ႕ ဂ်ာစီ။ အဲဒါက တကယ္ကို ထူးျခားပါတယ္။ အဲဒါက မယုံႏိုင္စရာေကာင္းတယ္။ အိပ္မက္ေတြ တကယ္ျဖစ္လာၿပီ။ အားလုံးက မက္ဆီရဲ႕ ပရိသတ္ေတြပါ။ ဒါေပမယ့္ ကြၽန္ေတာ္ သူနဲ႔ ရင္ဆိုင္ကစားခဲ့တယ္။ ခက္ခဲတဲ့ပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္။ သူက ကြၽန္ေတာ့္ကို ဂိုးအခ်ိဳ႕ကို သြင္းခဲ့သလို သူ႔ရဲ႕ ေကာင္းမြန္တဲ့ဂိုးကန္သြင္းခ်က္အခ်ိဳ႕ကိုလည္း ကြၽန္ေတာ္ ကာကြယ္ႏိုင္ခဲ့တယ္။ အဲဒီလို ကာကြယ္မႈေတြအၿပီးမွာ သူက ကြၽန္ေတာ့္ကို ေကာင္းမြန္တဲ့ကာကြယ္မႈေတြ ျပဳလုပ္ႏိုင္ခဲ့တယ္လို႔လည္း ေျပာခဲ့ပါတယ္။ အဲဒါက ကြၽန္ေတာ့္အတြက္ အမ်ားႀကီး အဓိပၸာယ္ရွိပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.