Premier League

Hall of Fame ဆန်ခါတင်စာရင်းထဲက ဖြုတ်ခံခဲ့ရတဲ့ ပရီးမီးယားလိဂ်ဂန္တဝင် ၆ ဦး

မတ် လီတစ်ဆီယာနဲ့ ပက်ထရစ် အီဗရာတို့အပါအဝင် ပရီးမီးယားလိဂ် ဂန္တဝင် ၆ ဦးဟာ ပြီးခဲ့တဲ့နှစ်ကမှ ဆန်ခါတင်စာရင်းထဲမှာ ထည့်သွင်းခြင်းခံခဲ့ရပေမယ့်လည်း ယခုနှစ်အတွက် Hall of Fame ထဲကနေ ဖြုတ်ခံခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ဟာ ၂၀၂၁ ခုနှစ်မှာ ထုတ်ဖော်မိတ်ဆက်ခဲ့တဲ့ အထူးသီးသန့် Hall of Fame ကလပ်ထဲမှာ ပူးပေါင်းဖို့ ရွေးချယ်ခြင်းခံခဲ့ရတဲ့ ဂန္တဝင်ကစားသမား ၁၅ ဦးကို ကြေညာခဲ့တာဖြစ်ပြီး ပရိသတ်တွေဟာ လက်ရှိမှာ ရှိနေတဲ့ ဂန္တဝင် ၁၆ ဦးထဲက ၃ ဦးကို Hall of Fame ထဲ ထည့်သွင်းဖို့အတွက် မဲပေးလို့ရပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ်က ပုံမှန်ထုတ်ပြန်ကြေညာတဲ့ ဆန်ခါတင်စာရင်းထက် ပိုမို နည်းပါးခဲ့ပြီးနောက်ပိုင်း သိသာထင်ရှားတဲ့ နာမည်တွေဟာ မပါဝင်ခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ လီ တစ်ဆီယာ၊ အီဗရာ၊ တက်ဒီ ရှယ်ရင်ဟမ်၊ ဗန်ဒါဆား၊ ရော်ဘင် ဗန်ပါစီ၊ ဗန် နစ္စတယ်ရွိင်းတို့အားလုံးဟာ ၂၀၂၂ ခုနှစ်အတွက် လျှော့ချခဲ့တဲ့ ဆန်ခါတင်စာရင်းထဲမှာ မပါဝင်တော့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ ဆန်ခါတင်စာရင်းထဲပါဝင်ခဲ့တဲ့ ၂၅ ဦးစာရင်းထဲက ကစားသမားတွေဟာ ၂၀၂၂ ခုနှစ်ဆန်ခါတင်စာရင်းအတွက် ရွေးချယ်ခံထားရပြီးဖြစ်ပေမယ့်လည်း ကစားသမား ၆ ဦးဟာ စာရင်းထဲကနေ ဖြုတ်ထားခဲ့ခြင်းခံခဲ့ရပါတယ်။ လီတစ်ဆီယာကတော့ ကိုဗစ်နဲ့ ကာကွယ်ဆေးတွေအကြောင်း သီအိုရီတွေကို ပုံမှန် ပြောဆိုလေ့ရှိပြီး PCR စမ်းသပ်မှုတွေက လူသားမျိုးနွယ်စုအပေါ်မှာ ရှိခဲ့သမျှအလိမ်အညာတွေထဲက အကြီးမားဆုံးအလိမ်အညာလို့ ပြောကြားခဲ့သလို ယူကရိန်းက ဖျက်ဆီးခံရတဲ့အဆောက်အအုံပုံတွေဟာ အတုအယောင်သာဖြစ်ပြီး ဇာတ်လမ်းအများအပြားကို မီဒီယာတွေက လိမ်ညာခဲ့ကြတယ်လို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။

အီဗရာကတော့ LGBTQ+ တွေကို မုန်းတီးတဲ့ စကားလုံးအသုံးအနှုန်းနဲ့ ပြောဆိုမှုကြောင့် ၂၀၁၉ ခုနှစ်တုန်းက တရားစွဲခံခဲ့ပြီးနောက် ပြန်လည်တောင်းပန်ခဲ့ပြီး အများကြီးလေ့လာသင်ယူရဦးမယ်လို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။ ဒတ်ချ်ဂန္တဝင်တွေဖြစ်တဲ့ ဗန်ဒါဆား၊ နစ္စတယ်ရွိုင်းနဲ့ ဗန်ပါစီတို့ မပါဝင်မှုကတော့ အံ့အားသင့်စရာဖြစ်ခဲ့ပြီး ဒီကစားသမားတွေဟာ ပရီးမီးယားလိဂ်မှာ တောက်ပတဲ့ အောင်မြင်မှုတွေများစွာ ရရှိခဲ့သူတွေဖြစ်ပါတယ်။

ဗန်ဒါဆားဟာ ပရီးမီးယားလိဂ် ၁၈၆ ပွဲ ကစားခဲ့ရာမှာ ဆုဖလား ၄ ကြိမ် ရရှိခဲ့သလို ဗန်နစ္စတယ်ရွိုင်းကလည်း ပွဲ ၁၅၀ မှာ ၉၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဗန်ပါစီကတော့ အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့အတွက် ၁၄၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၀၁၂-၂၀၁၃ ရာသီမှာ သရဲနီတွေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကတော့ တစ်ရာသီချင်းစီမှာ Hall of Fame ထဲ ထည့်သွင်းဖို့ ရွေးချယ်တဲ့ပမာဏဟာ အပြောင်းအလဲရှိနိင်ပြီး ယခုရာသီမှာ အရင်တုန်းကလို ၆ ဦးမဟုတ်ဘဲ ၃ ဦးသာ ထည့်သွင်းမှာဖြစ်တာကြောင့် ဆန်ခါတင်စာရင်းလည်း အလိုအလျောက် ချိန်ညှိခဲ့တဲ့အတွက် လျော့ကျသွားခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီနှစ်မှာတော့ ဂျာမိန်း ဒီဖိုးနဲ့ မိုက်ကယ် ကားရစ်တို့က ပထမဆုံးအကြိမ် ရွေးချယ်ခြင်းခံခဲ့ရပြီး ထူးခြားတဲ့ အောင်မြင်မှု မှတ်တမ်းတွေအတွက် အသိအမှတ်ပြုခြင်းခံခဲ့ရတဲ့ ဆန်ခါတင် ၁၅ ဦးစာရင်းထဲမှာ ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ Hall of Fame ထဲကို ဂန္တဝင်ကစားသမား ၁၆ ဦးအထိ ၂၀၂၁ ခုနှစ်ကတည်းက ထည့်သွင်းထားပြီးဖြစ်ပြီး သီယာရီ အွန်နရီ၊ အလန် ရှီးယား၊ ဒေးဗစ် ဘက်ဟမ်းတို့လို ကစားသမားတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မတ္ လီတစ္ဆီယာနဲ႔ ပက္ထရစ္ အီဗရာတို႔အပါအဝင္ ပရီးမီးယားလိဂ္ ဂႏၲဝင္ ၆ ဦးဟာ ၿပီးခဲ့တဲ့ႏွစ္ကမွ ဆန္ခါတင္စာရင္းထဲမွာ ထည့္သြင္းျခင္းခံခဲ့ရေပမယ့္လည္း ယခုႏွစ္အတြက္ Hall of Fame ထဲကေန ျဖဳတ္ခံခဲ့ရပါတယ္။

ပရီးမီးယားလိဂ္ဟာ ၂၀၂၁ ခုႏွစ္မွာ ထုတ္ေဖာ္မိတ္ဆက္ခဲ့တဲ့ အထူးသီးသန႔္ Hall of Fame ကလပ္ထဲမွာ ပူးေပါင္းဖို႔ ေ႐ြးခ်ယ္ျခင္းခံခဲ့ရတဲ့ ဂႏၲဝင္ကစားသမား ၁၅ ဦးကို ေၾကညာခဲ့တာျဖစ္ၿပီး ပရိသတ္ေတြဟာ လက္ရွိမွာ ရွိေနတဲ့ ဂႏၲဝင္ ၁၆ ဦးထဲက ၃ ဦးကို Hall of Fame ထဲ ထည့္သြင္းဖို႔အတြက္ မဲေပးလို႔ရၿပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပရီးမီးယားလိဂ္က ပုံမွန္ထုတ္ျပန္ေၾကညာတဲ့ ဆန္ခါတင္စာရင္းထက္ ပိုမို နည္းပါးခဲ့ၿပီးေနာက္ပိုင္း သိသာထင္ရွားတဲ့ နာမည္ေတြဟာ မပါဝင္ခဲ့တာေၾကာင့္ အံ့အားသင့္စရာ ျဖစ္ခဲ့တာျဖစ္ပါတယ္။ လီ တစ္ဆီယာ၊ အီဗရာ၊ တက္ဒီ ရွယ္ရင္ဟမ္၊ ဗန္ဒါဆား၊ ေရာ္ဘင္ ဗန္ပါစီ၊ ဗန္ နစၥတယ္႐ြိင္းတို႔အားလုံးဟာ ၂၀၂၂ ခုႏွစ္အတြက္ ေလွ်ာ့ခ်ခဲ့တဲ့ ဆန္ခါတင္စာရင္းထဲမွာ မပါဝင္ေတာ့တာ ျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္မွာ ဆန္ခါတင္စာရင္းထဲပါဝင္ခဲ့တဲ့ ၂၅ ဦးစာရင္းထဲက ကစားသမားေတြဟာ ၂၀၂၂ ခုႏွစ္ဆန္ခါတင္စာရင္းအတြက္ ေ႐ြးခ်ယ္ခံထားရၿပီးျဖစ္ေပမယ့္လည္း ကစားသမား ၆ ဦးဟာ စာရင္းထဲကေန ျဖဳတ္ထားခဲ့ျခင္းခံခဲ့ရပါတယ္။ လီတစ္ဆီယာကေတာ့ ကိုဗစ္နဲ႔ ကာကြယ္ေဆးေတြအေၾကာင္း သီအိုရီေတြကို ပုံမွန္ ေျပာဆိုေလ့ရွိၿပီး PCR စမ္းသပ္မႈေတြက လူသားမ်ိဳးႏြယ္စုအေပၚမွာ ရွိခဲ့သမွ်အလိမ္အညာေတြထဲက အႀကီးမားဆုံးအလိမ္အညာလို႔ ေျပာၾကားခဲ့သလို ယူကရိန္းက ဖ်က္ဆီးခံရတဲ့အေဆာက္အအုံပုံေတြဟာ အတုအေယာင္သာျဖစ္ၿပီး ဇာတ္လမ္းအမ်ားအျပားကို မီဒီယာေတြက လိမ္ညာခဲ့ၾကတယ္လို႔ စြပ္စြဲခဲ့တာျဖစ္ပါတယ္။

အီဗရာကေတာ့ LGBTQ+ ေတြကို မုန္းတီးတဲ့ စကားလုံးအသုံးအႏႈန္းနဲ႔ ေျပာဆိုမႈေၾကာင့္ ၂၀၁၉ ခုႏွစ္တုန္းက တရားစြဲခံခဲ့ၿပီးေနာက္ ျပန္လည္ေတာင္းပန္ခဲ့ၿပီး အမ်ားႀကီးေလ့လာသင္ယူရဦးမယ္လို႔ ဝန္ခံေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒတ္ခ်္ဂႏၲဝင္ေတြျဖစ္တဲ့ ဗန္ဒါဆား၊ နစၥတယ္႐ြိဳင္းနဲ႔ ဗန္ပါစီတို႔ မပါဝင္မႈကေတာ့ အံ့အားသင့္စရာျဖစ္ခဲ့ၿပီး ဒီကစားသမားေတြဟာ ပရီးမီးယားလိဂ္မွာ ေတာက္ပတဲ့ ေအာင္ျမင္မႈေတြမ်ားစြာ ရရွိခဲ့သူေတြျဖစ္ပါတယ္။

ဗန္ဒါဆားဟာ ပရီးမီးယားလိဂ္ ၁၈၆ ပြဲ ကစားခဲ့ရာမွာ ဆုဖလား ၄ ႀကိမ္ ရရွိခဲ့သလို ဗန္နစၥတယ္႐ြိဳင္းကလည္း ပြဲ ၁၅၀ မွာ ၉၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ဗန္ပါစီကေတာ့ အာဆင္နယ္နဲ႔ မန္ယူႏိုက္တက္တို႔အတြက္ ၁၄၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၂၀၁၂-၂၀၁၃ ရာသီမွာ သရဲနီေတြနဲ႔ ပရီးမီးယားလိဂ္ဖလားကို ရရွိခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကေတာ့ တစ္ရာသီခ်င္းစီမွာ Hall of Fame ထဲ ထည့္သြင္းဖို႔ ေ႐ြးခ်ယ္တဲ့ပမာဏဟာ အေျပာင္းအလဲရွိနိင္ၿပီး ယခုရာသီမွာ အရင္တုန္းကလို ၆ ဦးမဟုတ္ဘဲ ၃ ဦးသာ ထည့္သြင္းမွာျဖစ္တာေၾကာင့္ ဆန္ခါတင္စာရင္းလည္း အလိုအေလ်ာက္ ခ်ိန္ညႇိခဲ့တဲ့အတြက္ ေလ်ာ့က်သြားခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီႏွစ္မွာေတာ့ ဂ်ာမိန္း ဒီဖိုးနဲ႔ မိုက္ကယ္ ကားရစ္တို႔က ပထမဆုံးအႀကိမ္ ေ႐ြးခ်ယ္ျခင္းခံခဲ့ရၿပီး ထူးျခားတဲ့ ေအာင္ျမင္မႈ မွတ္တမ္းေတြအတြက္ အသိအမွတ္ျပဳျခင္းခံခဲ့ရတဲ့ ဆန္ခါတင္ ၁၅ ဦးစာရင္းထဲမွာ ပါဝင္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ရဲ႕ Hall of Fame ထဲကို ဂႏၲဝင္ကစားသမား ၁၆ ဦးအထိ ၂၀၂၁ ခုႏွစ္ကတည္းက ထည့္သြင္းထားၿပီးျဖစ္ၿပီး သီယာရီ အြန္နရီ၊ အလန္ ရွီးယား၊ ေဒးဗစ္ ဘက္ဟမ္းတို႔လို ကစားသမားေတြ ပါဝင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.