Premier League

ဂေါင်းကြီးနောက်ကျောကို ဓားနဲ့ထိုးခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ရာထူးပေးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း အဲဒီတုန်းက ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ရာ့လ်ဖ် ရန်းနစ်ခ်က ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ဟာရီ မက်ဂွိုင်းယားဟာ အိုးထရက်ဖို့ဒ်မှာ အဲဒီအချိန်တုန်းကရော လက်ရှိအချိန်အထိပါ အသင်းခေါင်းဆောင်အဖြစ် ကစားနေတာဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီအစကတည်းက ဆိုးရွားတဲ့စွမ်းဆောင်ရည်တွေကြောင့် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းက ရုန်းကန်နေခဲ့ရတာကြောင့် နည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီး ရန်းနစ်ခ်ကို ယာယီနည်းပြအဖြစ်နဲ့ အစားထိုး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဟာရီ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်ရာထူးကနေ ထုတ်ပယ်ပြီး ၎င်းကို အသင်းခေါင်းဆောင်ခန့်အပ်ဖို့အတွက် ဂျာမန်လူမျိုးနည်းပြကို တောင်းဆိုခဲ့ပေမယ့် ရန်းနစ်ခ်က ငြင်းပယ်ခဲ့တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျာမန်လူမျိုးနည်းပြလက်အောက်မှာလည်း ရုန်းကန်ခဲ့ရပြီး အမှတ်ပေးဇယား အဆင့် ၆ နေရာမှာသာ ရာသီပြီးဆုံးခဲ့သလို ရမှတ် ၅၈ မှတ်နဲ့ ပရီးမီယားလိဂ်ခေတ်သစ်မှာ ရမှတ်အနည်းဆုံး ရာသီဖြစ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ရာသီမစတင်ခင်မှာ အိုင်းယက်စ်နည်းပြ အဲရစ် တန်ဟက်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့ချိန်မှာလည်း ဒတ်ချ်လူမျိုးနည်းပြက ဟာရီ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ရာထူးေပးဖို႔ ေတာင္းဆိုခဲ့ေပမယ့္လည္း အဲဒီတုန္းက ယာယီနည္းျပအျဖစ္ ကိုင္တြယ္ေနတဲ့ ရာ့လ္ဖ္ ရန္းနစ္ခ္က ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။

ဟာရီ မက္ဂြိဳင္းယားဟာ အိုးထရက္ဖို႔ဒ္မွာ အဲဒီအခ်ိန္တုန္းကေရာ လက္ရွိအခ်ိန္အထိပါ အသင္းေခါင္းေဆာင္အျဖစ္ ကစားေနတာျဖစ္ေပမယ့္လည္း ၿပီးခဲ့တဲ့ရာသီအစကတည္းက ဆိုး႐ြားတဲ့စြမ္းေဆာင္ရည္ေတြေၾကာင့္ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ႐ုန္းကန္ေနခဲ့ရတာေၾကာင့္ နည္းျပ ဆိုးလ္ရွားကို ရာထူးကေန ထုတ္ပယ္ၿပီး ရန္းနစ္ခ္ကို ယာယီနည္းျပအျဖစ္နဲ႔ အစားထိုး ခန႔္အပ္ခဲ့တာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ဟာရီ မက္ဂြိဳင္းယားကို အသင္းေခါင္းေဆာင္ရာထူးကေန ထုတ္ပယ္ၿပီး ၎ကို အသင္းေခါင္းေဆာင္ခန႔္အပ္ဖို႔အတြက္ ဂ်ာမန္လူမ်ိဳးနည္းျပကို ေတာင္းဆိုခဲ့ေပမယ့္ ရန္းနစ္ခ္က ျငင္းပယ္ခဲ့တယ္လို႔ ESPN က ေဖာ္ျပခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဂ်ာမန္လူမ်ိဳးနည္းျပလက္ေအာက္မွာလည္း ႐ုန္းကန္ခဲ့ရၿပီး အမွတ္ေပးဇယား အဆင့္ ၆ ေနရာမွာသာ ရာသီၿပီးဆုံးခဲ့သလို ရမွတ္ ၅၈ မွတ္နဲ႔ ပရီးမီယားလိဂ္ေခတ္သစ္မွာ ရမွတ္အနည္းဆုံး ရာသီျဖစ္ခဲ့တာျဖစ္ပါတယ္။

၂၀၂၂-၂၀၂၃ရာသီမစတင္ခင္မွာ အိုင္းယက္စ္နည္းျပ အဲရစ္ တန္ဟက္ကို အၿမဲတမ္းနည္းျပအျဖစ္ ခန႔္အပ္ခဲ့ခ်ိန္မွာလည္း ဒတ္ခ်္လူမ်ိဳးနည္းျပက ဟာရီ မက္ဂြိဳင္းယားကို အသင္းေခါင္းေဆာင္အျဖစ္ ဆက္လက္တာဝန္ေပးအပ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.