Premier League

ကွန်တီနဲ့ပတ်သက်ပြီး စပါးစ်ကို ရာဇသံပေးခဲ့တဲ့ အဓိကကစားသမား ၂ ဦး

ခရစ်ရှန် ရိုမဲရိုးနဲ့ ရစ်ချာလီဆန်တို့ ၂ ဦးစလုံးဟာ ကွန်တီသာ အသင်းမှာ ဆက်နေရင် တော့တင်ဟမ်ဟော့စပါးကို စွန့်ခွာဖို့ စဉ်းစားနေခဲ့ကြတယ်လို့ အာဂျင်တီးနားက သတင်းအရ သိရပါတယ်။

ကွန်တီဟာ ဆောက်သမ်တန်နဲ့ ၃-၃ သရေကျခဲ့တဲ့ပွဲအပြီးမှာ အသင်းသားတွေကို ဒေါသတကြီး ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပြီး တကိုယ်ကောင်းသမားတွေနဲ့ ဖိအားတွေအောက်မှာ မကစားချင်သူတွေလို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းတာဝန်ရှိသူတွေဟာ နောက်ဆုံးမှာတော့ ကွန်တီကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ပြီး တနင်္ဂနွေနေ့ညနေမှာ အီတလီလူမျိုးနည်းပြနဲ့ နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းသားတွေနဲ့ ကွန်တီတို့ကြားမှာ ပွတ်တိုက်မှုတွေရှိနေခဲ့တဲ့လက္ခဏာတွေဟာ ယခုလမှာ ဘွားခနဲပေါ်လာခဲ့တာဖြစ်ပြီး ရစ်ချာလီဆန်ဟာ အသက် ၅၃ နှစ်အရွယ် နည်းပြကို အေစီမီလန်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့ပွဲအပြီးမှာ လူသိရှင်ကြားပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘရာဇီးလ်လက်ရွေးစင်အသင်းက ကစားသမားအများအပြားနဲ့ အလွန်နီးကပ်တဲ့ ဆက်ဆံရေးရှိသူ အာဂျင်တီးနားဂျာနယ်လစ် ဂက်စတန် အက်ဂျူလ်က ခရစ်ရှန် ရိုမဲရိုးနဲ့ ရစ်ချာလီဆန်တို့၂ ဦးစလုံးက ကွန်တီ ဆက်ရှိနေရင် အသင်းမှာ ဆက်မနေဖို့ စဉ်းစားနေကြတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကွန်တီရဲ့ အသင်းသားတွေနဲ့ ဆက်ဆံရေးက အရမ်းဆိုးပါတယ်။ အဲဒါက ပြောဖို့တောင်မလိုဘူး။ သူ့ရဲ့စကားလုံးထဲမှာတောင် ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ကစားသမားအချို့က သူဆက်နေမယ်ဆိုရင်တောင် အပြင်းထန်ဆုံးတုံ့ပြန်ဖို့ ရာဇသံပေးခဲ့ကြတယ်။ အခုတော့ စပါးစ်ရဲ့ သဘောထားက ပြောင်းလဲသွားခဲ့ပါပြီ။”

ရိုမဲရိုးက ရာဇသံပေးခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့လားလို့ မေးမြန်းခဲ့ရာမှာ အက်ဂျူလ်က “ဟုတ်ပါတယ်။ ကျွန်တော် အဲဒါကို ပြောလို့ရပြီဖြစ်တဲ့အတွက် ပြောပြတာပါ။ တကယ်တော့ အဲဒါကို ပြောဖို့ ကျွန်တော်တို့ စောင့်နေခဲ့တာပါ။ ခရစ်ရှန် ရိုမဲရိုးက ကွန်တီသာ ဆက်ရှိနေမယ်ဆိုရင် အသင်းနဲ့အနာဂတ်ကို ပြန်လည်စဉ်းစားနေခဲ့ပါတယ်”

“ကျွန်တော် နားလည်ရသလောက် ရစ်ချာလီဆန်လည်း အဲဒီအတိုင်းပဲ ဖြစ်ပျက်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကွန်တီက သူတို့ကို တော်တော်ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တယ်။ မျက်နှာချင်းဆိုင်တွေ့တဲ့အချိန် ဒါမှမဟုတ် သီးသန့်ရှိနေတဲ့ ပတ်ဝန်းကျင်မှာတင်မကဘဲ လူရှေ့သူရှေ့မှာ မရှောင်ပါဘူး။ကွန်တီက ကစားသမားကို လူသိရှင်ကြား ပြစ်တင်ဝေဖန်ခဲ့ပြီး အဲဒါက ပွတ်တိုက်မှုတွေ ဖြစ်စေခဲ့တယ်။ ဒါပေမယ့် အခုတော့ ရိုမဲရိုးက စပါးစ်မှာဆက်နေတော့မှာပါ။ အဲဒီလိုပဲ စီစဉ်ထားပါတယ်”လို့ ပြောကြားခဲံ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစ္ရွန္ ႐ိုမဲ႐ိုးနဲ႔ ရစ္ခ်ာလီဆန္တို႔ ၂ ဦးစလုံးဟာ ကြန္တီသာ အသင္းမွာ ဆက္ေနရင္ ေတာ့တင္ဟမ္ေဟာ့စပါးကို စြန႔္ခြာဖို႔ စဥ္းစားေနခဲ့ၾကတယ္လို႔ အာဂ်င္တီးနားက သတင္းအရ သိရပါတယ္။

ကြန္တီဟာ ေဆာက္သမ္တန္နဲ႔ ၃-၃ သေရက်ခဲ့တဲ့ပြဲအၿပီးမွာ အသင္းသားေတြကို ေဒါသတႀကီး ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ၿပီး တကိုယ္ေကာင္းသမားေတြနဲ႔ ဖိအားေတြေအာက္မွာ မကစားခ်င္သူေတြလို႔ စြပ္စြဲခဲ့တာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းတာဝန္ရွိသူေတြဟာ ေနာက္ဆုံးမွာေတာ့ ကြန္တီကို ရာထူးကေန ထုတ္ပယ္ဖို႔ ဆုံးျဖတ္လိုက္ၿပီး တနဂၤေႏြေန႔ညေနမွာ အီတလီလူမ်ိဳးနည္းျပနဲ႔ ႏွစ္ဦးသေဘာတူ လမ္းခြဲလိုက္ၿပီျဖစ္တယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းသားေတြနဲ႔ ကြန္တီတို႔ၾကားမွာ ပြတ္တိုက္မႈေတြရွိေနခဲ့တဲ့လကၡဏာေတြဟာ ယခုလမွာ ဘြားခနဲေပၚလာခဲ့တာျဖစ္ၿပီး ရစ္ခ်ာလီဆန္ဟာ အသက္ ၅၃ ႏွစ္အ႐ြယ္ နည္းျပကို ေအစီမီလန္ကို ရႈံးနိမ့္ၿပီး ခ်န္ပီယံလိဂ္ကေန ထြက္ခြာခဲ့ရတဲ့ပြဲအၿပီးမွာ လူသိရွင္ၾကားျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းက ကစားသမားအမ်ားအျပားနဲ႔ အလြန္နီးကပ္တဲ့ ဆက္ဆံေရးရွိသူ အာဂ်င္တီးနားဂ်ာနယ္လစ္ ဂက္စတန္ အက္ဂ်ဴလ္က ခရစ္ရွန္ ႐ိုမဲ႐ိုးနဲ႔ ရစ္ခ်ာလီဆန္တို႔၂ ဦးစလုံးက ကြန္တီ ဆက္ရွိေနရင္ အသင္းမွာ ဆက္မေနဖို႔ စဥ္းစားေနၾကတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ကြန္တီရဲ႕ အသင္းသားေတြနဲ႔ ဆက္ဆံေရးက အရမ္းဆိုးပါတယ္။ အဲဒါက ေျပာဖို႔ေတာင္မလိုဘူး။ သူ႔ရဲ႕စကားလုံးထဲမွာေတာင္ ကြၽန္ေတာ္တို႔ ျမင္ႏိုင္ပါတယ္။ ကစားသမားအခ်ိဳ႕က သူဆက္ေနမယ္ဆိုရင္ေတာင္ အျပင္းထန္ဆုံးတုံ႔ျပန္ဖို႔ ရာဇသံေပးခဲ့ၾကတယ္။ အခုေတာ့ စပါးစ္ရဲ႕ သေဘာထားက ေျပာင္းလဲသြားခဲ့ပါၿပီ။”

႐ိုမဲ႐ိုးက ရာဇသံေပးခဲ့တဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့လားလို႔ ေမးျမန္းခဲ့ရာမွာ အက္ဂ်ဴလ္က “ဟုတ္ပါတယ္။ ကြၽန္ေတာ္ အဲဒါကို ေျပာလို႔ရၿပီျဖစ္တဲ့အတြက္ ေျပာျပတာပါ။ တကယ္ေတာ့ အဲဒါကို ေျပာဖို႔ ကြၽန္ေတာ္တို႔ ေစာင့္ေနခဲ့တာပါ။ ခရစ္ရွန္ ႐ိုမဲ႐ိုးက ကြန္တီသာ ဆက္ရွိေနမယ္ဆိုရင္ အသင္းနဲ႔အနာဂတ္ကို ျပန္လည္စဥ္းစားေနခဲ့ပါတယ္”

“ကြၽန္ေတာ္ နားလည္ရသေလာက္ ရစ္ခ်ာလီဆန္လည္း အဲဒီအတိုင္းပဲ ျဖစ္ပ်က္ခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြန္တီက သူတို႔ကို ေတာ္ေတာ္ဆိုးဆိုး႐ြား႐ြား ဆက္ဆံခဲ့တယ္။ မ်က္ႏွာခ်င္းဆိုင္ေတြ႕တဲ့အခ်ိန္ ဒါမွမဟုတ္ သီးသန႔္ရွိေနတဲ့ ပတ္ဝန္းက်င္မွာတင္မကဘဲ လူေရွ႕သူေရွ႕မွာ မေရွာင္ပါဘူး။ကြန္တီက ကစားသမားကို လူသိရွင္ၾကား ျပစ္တင္ေဝဖန္ခဲ့ၿပီး အဲဒါက ပြတ္တိုက္မႈေတြ ျဖစ္ေစခဲ့တယ္။ ဒါေပမယ့္ အခုေတာ့ ႐ိုမဲ႐ိုးက စပါးစ္မွာဆက္ေနေတာ့မွာပါ။ အဲဒီလိုပဲ စီစဥ္ထားပါတယ္”လို႔ ေျပာၾကားခဲံ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.