Premier League

ချဲလ်ဆီးအဓိကကစားသမား ၂ ဦးကိုခေါ်ယူပြီး အားဖြည့်သွားမယ့် ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီမှာ ရီးစ် ဂျိမ်းစ်နဲ့ ခိုင် ဟာဗတ်ဇ်တို့ကို ခေါ်ယူသွားချင်နေတယ်လို့ စပိန်ကသတင်းတွေအရ သိရပါတယ်။

လာလီဂါထိပ်သီးအသင်းကြီးဟာ သိပ်မကြာမီ ကာလအတွင်း ညာနောက်ခံလူသစ် ခေါ်ယူချင်နေတာဖြစ်ပြီး ရီးစ် ဂျိမ်းစ်က အဲဒီနေရာအတွက် ပစ်မှတ်စာရင်းထဲမှာ ထိပ်ဆုံးက ရှိနေတယ်လို့ AS က ဖော်ပြခဲ့ပါတယ်။

ဂျာအို ကန်ဆယ်လိုနဲ့ ဂျူအန် ဖွိုက်သ်တို့ကလည်းနွေရာသီအတွက် ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပေမယ့်လည်း ဂျိမ်းစ်က ရီးရဲလ်မက်ဒရစ်အသင်း ညာနောက်ခံနေရာအတွက် အလိုချင်ဆုံးကစားသမားဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းဟာ ကမ္ဘာတလွှားက ကစားသမားတွေအတွက် ဆွဲဆောင်မှုအရှိဆုံးအသင်းအဖြစ် အမြဲတမ်းရှိနေခဲ့တာဖြစ်ပေမယ့် အင်္ဂလန်ကြယ်ပွင့်ကို ခေါ်ယူဖို့ကတော့ လွယ်ကူမှာတော့မဟုတ်တာဖြစ်ပါတယ်။

ရီးစ် ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့နှစ်ကမှ ချဲလ်ဆီးနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ ကစားသမားဖြစ်ပြီး အနောက်လန်ဒန်ကလပ်အသင်းအနေနဲ့ အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ၎င်းတို့ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးကို ထွက်ခွာခွင့် မပြုဖို့ များပါတယ်။

AS ရဲ့သတင်းအရ ခိုင် ဟာဗတ်ဇ်ကလည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ သဘောကျနှစ်သက်ခြင်း ခံနေရပြီး လေဗာကူဆင်မှာ ကစားခဲ့တဲ့ အချိန်ကတည်းက ဘာနေဗျူးကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အနောက်လန်ဒန်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ခိုင် ဟာဗတ်ဇ်ဟာ ၂၀၂၀ ခုနှစ်မှာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိလာခဲ့တဲ့အချိန်ကတည်းက မျှော်မှန်းထားသလောက် စွမ်းဆောင်ပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲစုံ ၁၂၈ ပွဲမှာ ၃၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ဟာဗတ်ဇ်ကို ရီးရဲလ်မက်ဒရစ်အသင်းက နှစ်သက်သဘောကျနေတာ မှန်ပေမယ့်လည်း ယခုလာမယ့်နွေရာသီမှာ အပြောင်းအရွှေ့ပြုလုပ်ဖို့ကတော့ ဖြစ်နိုင်ခြေမရှိဘူးလို့ ထင်ရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ယခုလာမယ့်နွေရာသီအတွက် ပထမဦးစားပေးက ဂျုဒ် ဘယ်လင်ဟမ်ဖြစ်ပြီး လီဗာပူးလ်နဲ့ မန်စီးတီးတို့ကလည်း အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္အသင္းဟာ လာမယ့္ေႏြရာသီမွာ ရီးစ္ ဂ်ိမ္းစ္နဲ႔ ခိုင္ ဟာဗတ္ဇ္တို႔ကို ေခၚယူသြားခ်င္ေနတယ္လို႔ စပိန္ကသတင္းေတြအရ သိရပါတယ္။

လာလီဂါထိပ္သီးအသင္းႀကီးဟာ သိပ္မၾကာမီ ကာလအတြင္း ညာေနာက္ခံလူသစ္ ေခၚယူခ်င္ေနတာျဖစ္ၿပီး ရီးစ္ ဂ်ိမ္းစ္က အဲဒီေနရာအတြက္ ပစ္မွတ္စာရင္းထဲမွာ ထိပ္ဆုံးက ရွိေနတယ္လို႔ AS က ေဖာ္ျပခဲ့ပါတယ္။

ဂ်ာအို ကန္ဆယ္လိုနဲ႔ ဂ်ဴအန္ ဖြိဳက္သ္တို႔ကလည္းေႏြရာသီအတြက္ ပစ္မွတ္စာရင္းထဲမွာ ပါဝင္ေနေပမယ့္လည္း ဂ်ိမ္းစ္က ရီးရဲလ္မက္ဒရစ္အသင္း ညာေနာက္ခံေနရာအတြက္ အလိုခ်င္ဆုံးကစားသမားျဖစ္တယ္လို႔ ယုံၾကည္ရပါတယ္။ ဒါေပမယ့္လည္း ရီးရဲလ္မက္ဒရစ္အသင္းဟာ ကမာၻတလႊားက ကစားသမားေတြအတြက္ ဆြဲေဆာင္မႈအရွိဆုံးအသင္းအျဖစ္ အၿမဲတမ္းရွိေနခဲ့တာျဖစ္ေပမယ့္ အဂၤလန္ၾကယ္ပြင့္ကို ေခၚယူဖို႔ကေတာ့ လြယ္ကူမွာေတာ့မဟုတ္တာျဖစ္ပါတယ္။

ရီးစ္ ဂ်ိမ္းစ္ဟာ ၿပီးခဲ့တဲ့ႏွစ္ကမွ ခ်ဲလ္ဆီးနဲ႔ ၂၀၂၈ ခုႏွစ္အထိ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တဲ့ ကစားသမားျဖစ္ၿပီး အေနာက္လန္ဒန္ကလပ္အသင္းအေနနဲ႔ အသက္ ၂၃ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ၎တို႔ရဲ႕ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးကို ထြက္ခြာခြင့္ မျပဳဖို႔ မ်ားပါတယ္။

AS ရဲ႕သတင္းအရ ခိုင္ ဟာဗတ္ဇ္ကလည္း ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ သေဘာက်ႏွစ္သက္ျခင္း ခံေနရၿပီး ေလဗာကူဆင္မွာ ကစားခဲ့တဲ့ အခ်ိန္ကတည္းက ဘာေနဗ်ဴးကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ အေနာက္လန္ဒန္ကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

ခိုင္ ဟာဗတ္ဇ္ဟာ ၂၀၂၀ ခုႏွစ္မွာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေရာက္ရွိလာခဲ့တဲ့အခ်ိန္ကတည္းက ေမွ်ာ္မွန္းထားသေလာက္ စြမ္းေဆာင္ျပႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၁၂၈ ပြဲမွာ ၃၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဟာဗတ္ဇ္ကို ရီးရဲလ္မက္ဒရစ္အသင္းက ႏွစ္သက္သေဘာက်ေနတာ မွန္ေပမယ့္လည္း ယခုလာမယ့္ေႏြရာသီမွာ အေျပာင္းအေ႐ႊ႕ျပဳလုပ္ဖို႔ကေတာ့ ျဖစ္ႏိုင္ေျခမရွိဘူးလို႔ ထင္ရပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ယခုလာမယ့္ေႏြရာသီအတြက္ ပထမဦးစားေပးက ဂ်ဳဒ္ ဘယ္လင္ဟမ္ျဖစ္ၿပီး လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ကလည္း အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ကို ေခၚယူဖို႔ ျပင္းထန္တဲ့ ယွဥ္ၿပိဳင္မႈေတြ ျပဳလုပ္ေနၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.