Premier League

အွန်လိုင်းပိုကာမှာ တစ်နာရီအတွင်း ယူရို ၁ သန်းရှုံးလို့ ငိုခဲ့တဲ့ နေမာ

ဒဏ်ရာရရှိနေတဲ့ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ ခက်ခဲကြမ်းတမ်းတဲ့ ညတစ်ညကို ပိုင်ဆိုင်ခဲ့ပြီး ပထမဆုံး ၎င်းရဲ့ တွစ်တာအကောင့်ဟက်ခံရတာကိုမြင်တွေ့ခဲ့ရပြီးနောက် ပိုကာကစားချိန်မှာ ကြီးမားတဲ့ ငွေကြေးပမာဏ ရှုံးနိမ့်ခဲ့ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးဟာ မတ်လမှာ ခြေကျင်းဝတ်ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက်ပိုင်း ယခုရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပြီး ၎င်းရဲ့ အချိန်တွေကို ဒုတိယမြောက် အနှစ်သက်ဆုံးအလုပ်ဖြစ်တဲ့ ပိုကာဒေါင်းတဲ့နေရာမှာ ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။

နေမာကို ကာစီနိုတွေမှာ ပုံမှန်ဆိုသလို မြင်တွေ့ခဲ့ရပြီး ဥရောပပိုကာ Tour မှာတောင် ပါဝင်ခဲ့တာဖြစ်ပြီး ၎င်းနဲ့အတူ ယှဉ်ပြိုင်သူတွေက ဘရာဇီးလ်တိုက်စစ်မှူးက ပရော်ဖက်ရှင်နယ်တောင် ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ကြတာဖြစ်ပါတယ်။

နေမာဟာ အပြင်မှာ ပိုကာမဒေါင်းရတဲ့အချိန်မှာဆိုရင် မကြာခဏ ၎င်းရဲ့ Twitch ပလက်ဖောင်းပေါ်က အွန်လိုင်းဂိမ်းတွေမှာ ကစားလေ့ရှိပြီး အထင်ကြီးဖွယ် အနိုင်ရရှိလေ့ရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကြာသပတေးနေ့ညမှာတော့ အဲဒီလို မဟုတ်ခဲ့ဘဲ နေမာဟာ ယူရို ၁ သန်းဝန်းကျင် ရှုံးနိမ့်ခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးက ဟန်ဆောင်ငိုယိုပြပြီး အော်ဟစ်ခဲ့တယ်လို့ Globo Esporte က ဖော်ပြခဲ့ပါတယ်။

ရှုံးနိမ့်သွားပြီဆိုတာကို သိရှိခဲ့ရချိန်မှာ လူမှုကွန်ရက်ပေါ်မှာ ဝမ်းနည်းတဲ့အခိုက်အတန့်အတွင်း ပုံမှန်အသုံးပြုလေ့ရှိတဲ့ လှောင်ပြောင်သရော်ထားတဲ့ တိုက်တန်းနစ် နောက်ခံတေးသံက ထွက်လာခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ နေမာက အိုး ဖ လို့ ပြောကြားပြီး ရယ်မောခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်နဲ့ အတူတူ ပိုကာကစားနေခဲ့တဲ့ ကစားသမားတစ်ဦးက မီလီယံကနေ သုညကို မိနစ် ၆၀ အတွင်း ဖြစ်သွားခဲ့တယ်လို့ ပြောကြားခဲ့ပြီးနောက် နေမာက “ငါ ဒါကို ယူကျုပေါ်ကို တင်မယ်”လို့ နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.