Premier League

ဆာကာနဲ့ ဘယ်လင်ဟမ်တို့ထဲက ဘယ်သူ့ကိုရွေးမလဲဆိုတာ ပြောပြခဲ့တဲ့ ခရိတ် ဘာလီ

ခရိတ် ဘာလီက ဘူကာယို ဆာကာနဲ့ ဂျုဒ် ဘယ်လင်ဟမ်တို့ကြား ဘယ်သူ့ကို ရွေးချယ်မလဲလို့ မေးမြန်းခြင်းခံခဲ့ရပြီး ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း အဖြေပေးခဲ့ပါတယ်။

ဘူကာယို ဆာကာနဲ့ ဂျုဒ် ဘယ်လင်ဟမ်တို့ဟာ လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး ကစားသမားတွေထဲက ၂ ဦးဆိုတာ မေးခွန်းထုတ်စရာ မရှိတာ ဖြစ်ပါတယ်။

ဆာကာက အာဆင်နယ်အသင်းကို ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် ကူညီပေးခဲ့သူဖြစ်ပြီး ဘယ်လင်ဟမ်ကလည်း သိပ်မကြာခင် ကာလအတွင်း ကမ္ဘာပေါ်က ဈေးအကြီးဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာတော့မှာ သေချာနေတာ ဖြစ်ပါတယ်။

Football Transfers ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်ဂန္တဝင်အများအပြားက ဘယ်လင်ဟမ်ရဲ့ အန်းဖီးကို ပြောင်းရွှေ့မှုက လက်ရှိမှာ တရားဝင်မဖြစ်သေးတာပဲ ရှိတော့တယ်လို့ ယုံကြည်နေကြတယ်လို့ သိရပါတယ်။

ဘယ်လင်ဟမ်ရဲ့ အရည်အချင်းဟာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ခဲ့တာ အခုဆိုရင် နှစ်အတော်ကြာခဲ့ပြီဖြစ်ပြီး ဆာကာလည်း အလားတူပဲ ပြီးခဲ့တဲ့ရာသီတွေမှာ ကစားသမားဘဝ နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းနိုင်ခဲ့ပုံပေါ်တာ ဖြစ်ပါတယ်။

ဘာလီဟာ ESPN မှာ ကစားသမားတစ်ဦးကို ခေါ်ယူနိုင်မယ်ဆိုရင် ဘယ်လင်ဟမ်နဲ့ ဆာကာတို့ထဲက ဘယ်သူ့ကို ခေါ်ယူမလဲလို့ မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပြီး အာဆင်နယ်ကြယ်ပွင့်က ငြင်းပယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော် သူတို့ ၂ ယောက်စလုံးကို နှစ်သက်တာရှင်းပါတယ်။ ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ကို သူတို့ ၂ ယောက်ထဲက တစ်ယောက်ကိုပဲ ပေးမယ်၊ လာမယ့် ၁၀ နှစ်အတွက် သူတို့ထဲက တစ်ယောက်ကိုပဲ ရွေးရမယ်လို့ ပြောရင် ကျွန်တော် အဲဒါကို မုန်းတီးတယ်။ ကျွန်တော် ဂျုဒ် ဘယ်လင်ဟမ်ကို ရွေးရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရိတ္ ဘာလီက ဘူကာယို ဆာကာနဲ႔ ဂ်ဳဒ္ ဘယ္လင္ဟမ္တို႔ၾကား ဘယ္သူ႔ကို ေ႐ြးခ်ယ္မလဲလို႔ ေမးျမန္းျခင္းခံခဲ့ရၿပီး ဘယ္သူ႔ကို ေ႐ြးခ်ယ္မလဲဆိုတာကို ရွင္းရွင္းလင္းလင္း အေျဖေပးခဲ့ပါတယ္။

ဘူကာယို ဆာကာနဲ႔ ဂ်ဳဒ္ ဘယ္လင္ဟမ္တို႔ဟာ လက္ရွိ ကမာၻ႔ေဘာလုံးေလာကမွာ စိတ္လႈပ္ရွားစရာအေကာင္းဆုံး ကစားသမားေတြထဲက ၂ ဦးဆိုတာ ေမးခြန္းထုတ္စရာ မရွိတာ ျဖစ္ပါတယ္။

ဆာကာက အာဆင္နယ္အသင္းကို ယခုရာသီ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ႏိုင္ေအာင္ ကူညီေပးခဲ့သူျဖစ္ၿပီး ဘယ္လင္ဟမ္ကလည္း သိပ္မၾကာခင္ ကာလအတြင္း ကမာၻေပၚက ေဈးအႀကီးဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္လာေတာ့မွာ ေသခ်ာေနတာ ျဖစ္ပါတယ္။

Football Transfers ရဲ႕ ေဖာ္ျပခ်က္အရ လီဗာပူးလ္ဂႏၲဝင္အမ်ားအျပားက ဘယ္လင္ဟမ္ရဲ႕ အန္းဖီးကို ေျပာင္းေ႐ႊ႕မႈက လက္ရွိမွာ တရားဝင္မျဖစ္ေသးတာပဲ ရွိေတာ့တယ္လို႔ ယုံၾကည္ေနၾကတယ္လို႔ သိရပါတယ္။

ဘယ္လင္ဟမ္ရဲ႕ အရည္အခ်င္းဟာ လွ်ိဳ႕ဝွက္ခ်က္တစ္ခုမဟုတ္ခဲ့တာ အခုဆိုရင္ ႏွစ္အေတာ္ၾကာခဲ့ၿပီျဖစ္ၿပီး ဆာကာလည္း အလားတူပဲ ၿပီးခဲ့တဲ့ရာသီေတြမွာ ကစားသမားဘဝ ေနာက္ထပ္အဆင့္တစ္ခုကို တက္လွမ္းႏိုင္ခဲ့ပုံေပၚတာ ျဖစ္ပါတယ္။

ဘာလီဟာ ESPN မွာ ကစားသမားတစ္ဦးကို ေခၚယူႏိုင္မယ္ဆိုရင္ ဘယ္လင္ဟမ္နဲ႔ ဆာကာတို႔ထဲက ဘယ္သူ႔ကို ေခၚယူမလဲလို႔ ေမးျမန္းျခင္းခံခဲ့ရတာျဖစ္ၿပီး အာဆင္နယ္ၾကယ္ပြင့္က ျငင္းပယ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ သူတို႔ ၂ ေယာက္စလုံးကို ႏွစ္သက္တာရွင္းပါတယ္။ ဒါေပမယ့္ ခင္ဗ်ားက ကြၽန္ေတာ့္ကို သူတို႔ ၂ ေယာက္ထဲက တစ္ေယာက္ကိုပဲ ေပးမယ္၊ လာမယ့္ ၁၀ ႏွစ္အတြက္ သူတို႔ထဲက တစ္ေယာက္ကိုပဲ ေ႐ြးရမယ္လို႔ ေျပာရင္ ကြၽန္ေတာ္ အဲဒါကို မုန္းတီးတယ္။ ကြၽန္ေတာ္ ဂ်ဳဒ္ ဘယ္လင္ဟမ္ကို ေ႐ြးရပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.