Premier League

၂ ပွဲမှာ ၄ ဂိုးသွင်းခဲ့တဲ့ မက်တော်မီနေးနဲ့ပတ်သက်ပြီး တန်ဟက်ကို သတင်းစကားပါးခဲ့တဲ့ ပရိသတ်

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ စကော့တလန် ကွင်းလယ်ကစားသမားဟာ နိုင်ငံတကာအားလပ်ရက်အတွင်းမှာ ကြောက်မက်ဖွယ် ခြေစွမ်းပြသနေခဲ့ပြီးနောက် မက်တော်မီနေးကို တိုက်စစ်မှူးအဖြစ် အသုံးပြုဖို့အတွက် ကြိုးပမ်းသင့်တယ်လို့ ယုံကြည်နေပါတယ်။

မက်တော်မီနေးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ခရစ်ရှန် အဲရစ်ဆင်နဲ့ ကာစီမီရိုတို့ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့ပြီးနောက် ပထမအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် တိုက်ပွဲဝင်နေခဲ့ရတာ ဖြစ်ပါတယ်။

တန်ဟက်ဟာ ဟိုဆေး မော်ရင်ညို၊ အိုလေ ဂန်းနား ဆိုးလ်ရှားနဲ့ ရန်းနစ်ခ်တို့ အိုးထရက်ဖို့ဒ်မှာ မကြာခဏ အသုံးပြုခဲ့တဲ့ မက်တော်မီနေးနဲ့ ဖရက်ဒ်တို့အတွဲကို ဖယ်ရှားခဲ့တာဖြစ်ပြီး စကော့တလန်ရဲ့ ကာလရှည်အနာဂတ်ဟာ ယခုရာသီမှာ ကာစီမီရိုနဲ့ အဲရစ်ဆင်တို့ကို တန်ဟက်က ပိုမို ရွေးချယ်ခဲ့ပြီးနောက် မရေမရာဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၆ နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ နိုင်ငံတကာအားလပ်ရက်အတွင်း ခြေစွမ်းပိုင်း တဟုန်ထိုးတိုးတက်လာခဲ့ပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲ ၂ ပွဲစလုံးမှာ အနိုင်ရရှိခဲ့တဲ့ စကော့တလန်အသင်းအတွက် အရေးကြီးတဲ့အကျိုးသက်ရောက်မှုပြသခဲ့တာဖြစ်ပါတယ်။

မက်တော်မီနေးဟာ စကော့တလန်အသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု အေ ပွဲစဉ်အဖြစ် စနေနေ့က ဟမ့်ပ်ဒန်ပါ့ခ်မှာ တစ်ယောက်လျော့ ဆိုက်ပရပ်နဲ့ ပွဲစဉ်မှာ ဒုတိယပိုင်းမှာ ၂ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး လက်ရှိမှာ စကော့တလန်ကြယ်ပွင့်ဟာ အင်္ဂါနေ့က စပိန်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ်သွင်းဂိုး ၂ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မက်တော်မီနေးရဲ့ စပိန်နဲ့ပွဲစဉ်က သွင်းဂိုး ၂ ဂိုးဟာ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဆီကနေ ချီးကျူးမှုတွေ ရရှိခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက ဗက်ဟော့စ်အစား စကော့တလန်ကြယ်ပွင့်ကို တိုက်စစ်မှူးအဖြစ် စမ်းသုံးကြည့်သင့်တယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။

“မက်တော်မီနေးက စကော့တလန်အတွက် နောက်ဆုံး ၂ ပွဲမှာ ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးကတည်းက ယူနိုက်တက်အတွက် တိုက်စစ်မှူးအဖြစ်နဲ့ ကစားသင့်ပြီလား”လို့ မေးခွန်းထုတ်ခဲ့ပြီး “စကော့ မက်တော်မီနေးက ၂ ပွဲမှာ ၄ ဂိုးသွင်းခဲ့တယ်။ ကျွန်တော် နောက်ထပ်တစ်ကြိမ် မန်ချက်စတာယူနိုက်တက်အနေနဲ့ သူ့ကို အထောင်တိုက်စစ်မှူးအဖြစ် စမ်းသုံးဖို့ တောင်းဆိုပါတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ စေကာ့တလန္ ကြင္းလယ္ကစားသမားဟာ ႏိုင္ငံတကာအားလပ္ရက္အတြင္းမွာ ေၾကာက္မက္ဖြယ္ ေျခစြမ္းျပသေနခဲ့ၿပီးေနာက္ မက္ေတာ္မီေနးကို တိုက္စစ္မႉးအျဖစ္ အသုံးျပဳဖို႔အတြက္ ႀကိဳးပမ္းသင့္တယ္လို႔ ယုံၾကည္ေနပါတယ္။

မက္ေတာ္မီေနးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ခရစ္ရွန္ အဲရစ္ဆင္နဲ႔ ကာစီမီ႐ိုတို႔ အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာခဲ့ၿပီးေနာက္ ပထမအသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရဖို႔အတြက္ တိုက္ပြဲဝင္ေနခဲ့ရတာ ျဖစ္ပါတယ္။

တန္ဟက္ဟာ ဟိုေဆး ေမာ္ရင္ညိဳ၊ အိုေလ ဂန္းနား ဆိုးလ္ရွားနဲ႔ ရန္းနစ္ခ္တို႔ အိုးထရက္ဖို႔ဒ္မွာ မၾကာခဏ အသုံးျပဳခဲ့တဲ့ မက္ေတာ္မီေနးနဲ႔ ဖရက္ဒ္တို႔အတြဲကို ဖယ္ရွားခဲ့တာျဖစ္ၿပီး စေကာ့တလန္ရဲ႕ ကာလရွည္အနာဂတ္ဟာ ယခုရာသီမွာ ကာစီမီ႐ိုနဲ႔ အဲရစ္ဆင္တို႔ကို တန္ဟက္က ပိုမို ေ႐ြးခ်ယ္ခဲ့ၿပီးေနာက္ မေရမရာျဖစ္လာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၂၆ ႏွစ္အ႐ြယ္ကြင္းလယ္ကစားသမားဟာ ႏိုင္ငံတကာအားလပ္ရက္အတြင္း ေျခစြမ္းပိုင္း တဟုန္ထိုးတိုးတက္လာခဲ့ၿပီး ယူ႐ို ၂၀၂၄ ေျခစစ္ပြဲ ၂ ပြဲစလုံးမွာ အႏိုင္ရရွိခဲ့တဲ့ စေကာ့တလန္အသင္းအတြက္ အေရးႀကီးတဲ့အက်ိဳးသက္ေရာက္မႈျပသခဲ့တာျဖစ္ပါတယ္။

မက္ေတာ္မီေနးဟာ စေကာ့တလန္အသင္းရဲ႕ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲ အုပ္စု ေအ ပြဲစဥ္အျဖစ္ စေနေန႔က ဟမ့္ပ္ဒန္ပါ့ခ္မွာ တစ္ေယာက္ေလ်ာ့ ဆိုက္ပရပ္နဲ႔ ပြဲစဥ္မွာ ဒုတိယပိုင္းမွာ ၂ ဂိုး သြင္းယူေပးခဲ့တာျဖစ္ၿပီး လက္ရွိမွာ စေကာ့တလန္ၾကယ္ပြင့္ဟာ အဂၤါေန႔က စပိန္နဲ႔ကစားခဲ့တဲ့ပြဲစဥ္မွာ အံ့အားသင့္ဖြယ္သြင္းဂိုး ၂ ဂိုးအထိ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

မက္ေတာ္မီေနးရဲ႕ စပိန္နဲ႔ပြဲစဥ္က သြင္းဂိုး ၂ ဂိုးဟာ လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဆီကေန ခ်ီးက်ဴးမႈေတြ ရရွိခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြက ဗက္ေဟာ့စ္အစား စေကာ့တလန္ၾကယ္ပြင့္ကို တိုက္စစ္မႉးအျဖစ္ စမ္းသုံးၾကည့္သင့္တယ္လို႔ ယုံၾကည္ေနၾကတာျဖစ္ပါတယ္။

“မက္ေတာ္မီေနးက စေကာ့တလန္အတြက္ ေနာက္ဆုံး ၂ ပြဲမွာ ၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီးကတည္းက ယူႏိုက္တက္အတြက္ တိုက္စစ္မႉးအျဖစ္နဲ႔ ကစားသင့္ၿပီလား”လို႔ ေမးခြန္းထုတ္ခဲ့ၿပီး “စေကာ့ မက္ေတာ္မီေနးက ၂ ပြဲမွာ ၄ ဂိုးသြင္းခဲ့တယ္။ ကြၽန္ေတာ္ ေနာက္ထပ္တစ္ႀကိမ္ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ သူ႔ကို အေထာင္တိုက္စစ္မႉးအျဖစ္ စမ္းသုံးဖို႔ ေတာင္းဆိုပါတယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.