Premier League

ကိန်းက ဝိန်း ရူနီနဲ့ နှိုင်းလို့ရတဲ့အဆင့်အတန်းမဟုတ်ဘူးလို့ ပြောခဲ့တဲ့ စီးတီးကြယ်ပွင့်ဟောင်း

ဂျိုဝီ ဘာတန်က မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဝိန်း ရူနီက တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟာရီ ကိန်းထက် အဆင့်များစွာ ပိုမို မြင့်မားတဲ့ကစားသမားလို့ ငြင်းခုံခဲ့ပါတယ်။

စပါးစ်ကြယ်ပွင့်ဟာ နောက်ထပ်တစ်ကြိမ် အိုးထရက်ဖို့ဒ်ကို ယခုနွေရာသီမှာ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့သူဖြစ်ပြီး မကြာသေးမီက ဝိန်း ရူနီရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် တသက်တာထိပ်တန်းဂိုးသွင်းရှင်စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။

ဟာရီ ကိန်းဟာ ပရီးမီးယားလိဂ်ရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာလည်း ဝိန်း ရူနီထက် တစ်ဆင့်နိမ့်နေပေမယ့်လည်း သိပ်မကြာခင်မှာ မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကို ကျော်တက်သွားတော့မှာ ဖြစ်ပါတယ်။

ကိန်းဟာ ကစားသမားဘဝတစ်ခုလုံးကို တော့တင်ဟမ်ဟော့စပါးမှာ ကုန်ဆုံးခဲ့သူဖြစ်ပေမယ့်လည်း မြောက်လန်ဒန်ကလပ်အသင်းက ၂၀၀၈ ခုနှစ်တုန်းက လိဂ်ဖလားရပြီးကတည်းက ဘာဖလားမှ မရတေ့တာကြောင့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ယခုနွေရာသီမှာ အသင်းကို စွန့်ခွာဖို့ တိုက်တွန်းခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဟာရီ ကိန်းကို ကာလရှည် စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး တကယ်လို့ စပါးစ်သာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ဘူးဆိုရင် ကိန်းကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးကောင်း ရှိလာမှာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

မန်စီးတီးကွင်းလယ်ကစားသမားဟောင်း ဘာတန်က ဟာရီ ကိန်းနဲ့ ဝိန်း ရူနီကို နှိုင်းယှဉ်ပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူးဟာ လုံးဝကို ကွဲပြားခြားနားတဲ့ အဆင့်အတန်းမှာ ရှိတဲ့ကစားသမားလို့ ခံစားနေရတာဖြစ်ပါတယ်။

“လူတွေက ဝိန်းရူနီနဲ့ ကိန်းကို နှိုင်းယှဉ်နေကြတာလား။ ဝိန်း ရူနီက လုံးဝကို မတူညီတဲ့ အဆင့်အတန်းတစ်ခုပါ။ အဆင့်၊ အဆင့်တွေရဲ့ အထက်မှာ ရှိနေပါတယ်။ ဟာရီ ကိန်းလုပ်ခဲ့တာတွေကို လေးစားမှုရှိပေမယ့် ဂိုးမှတ်တမ်းတွေအပေါ်မှာပဲ ပြောရအောင်။ မိုက်ကယ် အိုဝင်၊ အလန် ရှီးယား၊ လိုင်နီကာ။ ဂိုးသွင်းကောင်းသူတွေအဖြစ် အလင်းနှစ်ပေါင်းများစွာ ရှေ့ရောက်နေပါတယ်။ ပြီးတော့ ဝိန်း ရူနီက ပိုမိုကောင်းတဲ့ကစားသမားတစ်ဦးပါ။ နောက်ဆုံး ကမ္ဘာ့အဆင့် အင်္ဂလိပ်ကစားသမားပါ။ ဘယ်လင်ဟမ်က လက်ရှိအင်္ဂလိပ်ကစားသမားတွေထဲမှာ ကမ္ဘာ့အဆင့် ဖြစ်လာနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ိဳဝီ ဘာတန္က မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဝိန္း ႐ူနီက ေတာ့တင္ဟမ္ေဟာ့စပါး တိုက္စစ္မႉး ဟာရီ ကိန္းထက္ အဆင့္မ်ားစြာ ပိုမို ျမင့္မားတဲ့ကစားသမားလို႔ ျငင္းခုံခဲ့ပါတယ္။

စပါးစ္ၾကယ္ပြင့္ဟာ ေနာက္ထပ္တစ္ႀကိမ္ အိုးထရက္ဖို႔ဒ္ကို ယခုေႏြရာသီမွာ ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့သူျဖစ္ၿပီး မၾကာေသးမီက ဝိန္း ႐ူနီရဲ႕ အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္ တသက္တာထိပ္တန္းဂိုးသြင္းရွင္စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဟာရီ ကိန္းဟာ ပရီးမီးယားလိဂ္ရဲ႕ တသက္တာထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာလည္း ဝိန္း ႐ူနီထက္ တစ္ဆင့္နိမ့္ေနေပမယ့္လည္း သိပ္မၾကာခင္မွာ မန္ခ်က္စတာယူႏိုက္တက္ ဂႏၲဝင္ကို ေက်ာ္တက္သြားေတာ့မွာ ျဖစ္ပါတယ္။

ကိန္းဟာ ကစားသမားဘဝတစ္ခုလုံးကို ေတာ့တင္ဟမ္ေဟာ့စပါးမွာ ကုန္ဆုံးခဲ့သူျဖစ္ေပမယ့္လည္း ေျမာက္လန္ဒန္ကလပ္အသင္းက ၂၀၀၈ ခုႏွစ္တုန္းက လိဂ္ဖလားရၿပီးကတည္းက ဘာဖလားမွ မရေတ့တာေၾကာင့္ အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ယခုေႏြရာသီမွာ အသင္းကို စြန႔္ခြာဖို႔ တိုက္တြန္းျခင္းကို ခံေနရတာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဟာရီ ကိန္းကို ကာလရွည္ စိတ္ဝင္စားေနခဲ့တာျဖစ္ၿပီး တကယ္လို႔ စပါးစ္သာ ခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ့ဘူးဆိုရင္ ကိန္းကို ေခၚယူႏိုင္ဖို႔ အခြင့္အေရးေကာင္း ရွိလာမွာျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

မန္စီးတီးကြင္းလယ္ကစားသမားေဟာင္း ဘာတန္က ဟာရီ ကိန္းနဲ႔ ဝိန္း ႐ူနီကို ႏႈိင္းယွဥ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္တိုက္စစ္မႉးဟာ လုံးဝကို ကြဲျပားျခားနားတဲ့ အဆင့္အတန္းမွာ ရွိတဲ့ကစားသမားလို႔ ခံစားေနရတာျဖစ္ပါတယ္။

“လူေတြက ဝိန္း႐ူနီနဲ႔ ကိန္းကို ႏႈိင္းယွဥ္ေနၾကတာလား။ ဝိန္း ႐ူနီက လုံးဝကို မတူညီတဲ့ အဆင့္အတန္းတစ္ခုပါ။ အဆင့္၊ အဆင့္ေတြရဲ႕ အထက္မွာ ရွိေနပါတယ္။ ဟာရီ ကိန္းလုပ္ခဲ့တာေတြကို ေလးစားမႈရွိေပမယ့္ ဂိုးမွတ္တမ္းေတြအေပၚမွာပဲ ေျပာရေအာင္။ မိုက္ကယ္ အိုဝင္၊ အလန္ ရွီးယား၊ လိုင္နီကာ။ ဂိုးသြင္းေကာင္းသူေတြအျဖစ္ အလင္းႏွစ္ေပါင္းမ်ားစြာ ေရွ႕ေရာက္ေနပါတယ္။ ၿပီးေတာ့ ဝိန္း ႐ူနီက ပိုမိုေကာင္းတဲ့ကစားသမားတစ္ဦးပါ။ ေနာက္ဆုံး ကမာၻ႔အဆင့္ အဂၤလိပ္ကစားသမားပါ။ ဘယ္လင္ဟမ္က လက္ရွိအဂၤလိပ္ကစားသမားေတြထဲမွာ ကမာၻ႔အဆင့္ ျဖစ္လာႏိုင္တဲ့ အခြင့္အေရး ရွိေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.