Premier League

ဆာကာရဲ့ကစားသမားဘဝနှောင်းပိုင်းမှာ ကြုံရမယ့်ပြဿနာကို ပြောပြခဲ့တဲ့ ပေါလ် မာဆန်

အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က ဘူကာယို ဆာကာအနေနဲ့ ၎င်းရဲ့ ကစားသမားဘဝ နှောင်းပိုင်းမှာ ရင်ဆိုင်ရမယ့် ပြဿနာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဆာကာဟာ ယခုရာသီမှာ ကြောက်မက်ဖွယ်ပုံစံကောင်းကို ရရှိနေခဲ့တာဖြစ်ပြီး ဂန်းနားတွေကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်ထားနိုင်အောင် သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ပြီး ကူညီပေးထားတာ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ဟေးအမ်းအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရာသီဆက်တိုက် အာဆင်နယ်ရဲ့ တစ်ရာသီတာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဂန်းနားတွေသာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်သွားနိုင်ခဲ့မယ်ဆိုရင် ၂၀၂၀ ခုနှစ်မှာ အက်ဖ်အေဖလား ရရှိခဲ့ဖူးတဲ့ ဆာကာအတွက်တော့ ဒုတိယမြောက် အဓိကဆုဖလား ဖြစ်လာတော့မှာဖြစ်ပြီး အင်္ဂလန်ကြယ်ပွင့်ကို ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီတာအကောင်းဆုံးကစားသမားဆုအတွက် အားကောင်းတဲ့ ယှဉ်ပြုင်သူဖြစ်လာစေမှာလည်း ဖြစ်ပါတယ်။

ယခုရာသီမှာ တောက်ပတဲ့ စွမ်းဆောင်ရည်ပြသနေပေမယ့်လည်း အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က ဆာကာအနေနဲ့ ကစားသမားဘဝ နှောင်းပိုင်းမှာ ၎င်းရဲ့ ပွဲကစားပုံကို အပြောင်းအလဲလုပ်ဖို့ လိုအပ်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

“သူ တွေ့ရမယ့် ပြဿနာက သူကစားတဲ့ နေရာကြောင့် အချိန်အချို့မှာ သူ့အတွက် အရာအားလုံးက ပိုမိုခက်ခဲလာပါလိမ့်မယ်။ သူက ပိုပြီးတော့ ကောင်းကောင်း လူသိလာမှာဖြစ်တာကြောင့် အသင်းတွေကလည်း သူ့ကိုပိုပြီးတော့ ပစ်မှတ်ထား စောင့်ကြည့်လာကြမှာပါ။ အသင်းတွေက သူ့ဆီ ဘောလုံးရောက်တာကို ရပ်တန့်ဖို့ ကြိုးပမ်းမှာဖြစ်ပြီး သူတို့တွေ သူ့ကို ၂ ဆ ပိုမြန်မြန် လူကပ်ကစားတော့မှာပါ”

“သူ့အနေနဲ့ အဲဒါကို တိုက်ထုတ်နိုင်ဖို့အတွက် နောက်ထပ်တစ်ကြိမ် သူ့ရဲ့ ကစားပုံကို ပြောင်းလဲရပါလိမ့်မယ်။ ဒါပေမယ့် သူ့မှာ အဲဒါကို ကိုင်တွယ်နိုင်တဲ့ အရည်အချင်းရှိပါတယ်။ ဒါပေမယ့် သူက ဘောလုံးကို ချစ်မြတ်နိုးတယ်။ သူ လိုချင်တာက ဘောလုံးကစားဖို့နဲ့ သူ့မျက်နှာပေါ်မှာ အပြုံးနဲ့အတူ ကစားဖို့ပဲ။ ပွဲစဉ်အတွင်းမှာ သူ လိုချင်သလောက် လုပ်နိုင်တဲ့ အရည်အသွေးတွေအားလုံး သူ့မှာ ရှိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၲဝင္ ေပါလ္ မာဆန္က ဘူကာယို ဆာကာအေနနဲ႔ ၎ရဲ႕ ကစားသမားဘဝ ေႏွာင္းပိုင္းမွာ ရင္ဆိုင္ရမယ့္ ျပႆနာကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဆာကာဟာ ယခုရာသီမွာ ေၾကာက္မက္ဖြယ္ပုံစံေကာင္းကို ရရွိေနခဲ့တာျဖစ္ၿပီး ဂန္းနားေတြကို ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္ျဖတ္ ဦးေဆာင္ထားႏိုင္ေအာင္ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ျပဳလုပ္ၿပီး ကူညီေပးထားတာ ျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ကစားသမားဟာ ေဟးအမ္းအကယ္ဒမီကေန ေပၚထြက္လာခဲ့တဲ့ ကစားသမားျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂ ရာသီဆက္တိုက္ အာဆင္နယ္ရဲ႕ တစ္ရာသီတာ အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့တာ ျဖစ္ပါတယ္။

ဂန္းနားေတြသာ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္သြားႏိုင္ခဲ့မယ္ဆိုရင္ ၂၀၂၀ ခုႏွစ္မွာ အက္ဖ္ေအဖလား ရရွိခဲ့ဖူးတဲ့ ဆာကာအတြက္ေတာ့ ဒုတိယေျမာက္ အဓိကဆုဖလား ျဖစ္လာေတာ့မွာျဖစ္ၿပီး အဂၤလန္ၾကယ္ပြင့္ကို ပရီးမီးယားလိဂ္ရဲ႕ တစ္ရာသီတာအေကာင္းဆုံးကစားသမားဆုအတြက္ အားေကာင္းတဲ့ ယွဥ္ျပဳင္သူျဖစ္လာေစမွာလည္း ျဖစ္ပါတယ္။

ယခုရာသီမွာ ေတာက္ပတဲ့ စြမ္းေဆာင္ရည္ျပသေနေပမယ့္လည္း အာဆင္နယ္ဂႏၲဝင္ ေပါလ္ မာဆန္က ဆာကာအေနနဲ႔ ကစားသမားဘဝ ေႏွာင္းပိုင္းမွာ ၎ရဲ႕ ပြဲကစားပုံကို အေျပာင္းအလဲလုပ္ဖို႔ လိုအပ္တာ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္လို႔ သတိေပးခဲ့ပါတယ္။

“သူ ေတြ႕ရမယ့္ ျပႆနာက သူကစားတဲ့ ေနရာေၾကာင့္ အခ်ိန္အခ်ိဳ႕မွာ သူ႔အတြက္ အရာအားလုံးက ပိုမိုခက္ခဲလာပါလိမ့္မယ္။ သူက ပိုၿပီးေတာ့ ေကာင္းေကာင္း လူသိလာမွာျဖစ္တာေၾကာင့္ အသင္းေတြကလည္း သူ႔ကိုပိုၿပီးေတာ့ ပစ္မွတ္ထား ေစာင့္ၾကည့္လာၾကမွာပါ။ အသင္းေတြက သူ႔ဆီ ေဘာလုံးေရာက္တာကို ရပ္တန႔္ဖို႔ ႀကိဳးပမ္းမွာျဖစ္ၿပီး သူတို႔ေတြ သူ႔ကို ၂ ဆ ပိုျမန္ျမန္ လူကပ္ကစားေတာ့မွာပါ”

“သူ႔အေနနဲ႔ အဲဒါကို တိုက္ထုတ္ႏိုင္ဖို႔အတြက္ ေနာက္ထပ္တစ္ႀကိမ္ သူ႔ရဲ႕ ကစားပုံကို ေျပာင္းလဲရပါလိမ့္မယ္။ ဒါေပမယ့္ သူ႔မွာ အဲဒါကို ကိုင္တြယ္ႏိုင္တဲ့ အရည္အခ်င္းရွိပါတယ္။ ဒါေပမယ့္ သူက ေဘာလုံးကို ခ်စ္ျမတ္ႏိုးတယ္။ သူ လိုခ်င္တာက ေဘာလုံးကစားဖို႔နဲ႔ သူ႔မ်က္ႏွာေပၚမွာ အၿပဳံးနဲ႔အတူ ကစားဖို႔ပဲ။ ပြဲစဥ္အတြင္းမွာ သူ လိုခ်င္သေလာက္ လုပ္ႏိုင္တဲ့ အရည္အေသြးေတြအားလုံး သူ႔မွာ ရွိပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.