Premier League

ကွန်တီ အထုတ်ခံရတာ အာဆင်နယ်ကြောင့်လည်း ပါတယ်ဆိုတဲ့ ကီယွန်

အာဆင်နယ်ဂန္တဝင် မာတင် ကီယွန်က တနင်္ဂနွေနေ့မှာ တော့တင်ဟမ်ဟော့စပါးအသင်းက နည်းပြ ကွန်တီကို ရာထူးကနေ ထုတ်ပယ်ခဲ့မှုမှာ အာဆင်နယ်လည်း တစ်စိတ်တပိုင်း ပါဝင်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

စပါးစ်ဟာ မတ်လမှာ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၂ ပွဲစလုံးကနေ ထွက်ခွာခဲ့ရပြီး တနင်္ဂနွေနေ့ညနေမှာတော့ နည်းပြ ကွန်တီကို အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ကွန်တီဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ မြောက်လန်ဒန်ကို ရောက်ရှိလာခဲ့ပြီး ၁၆ လအကြာမှာပဲ အသင်းနဲ့ လမ်းခွဲခဲ့ရတာဖြစ်ပြီး မာတင် ကီယွန်က စပါးစ်ရဲ့ မြောက်လန်ဒန်ပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ အောင်မြင်မှုက ကွန်တီနဲ့ လမ်းခွဲဖို့ တော့တင်ဟမ်ဟော့စပါးအသင်းစဉ်းစားရာမှာ တစ်စိတ်တပိုင်းပါဝင်ခဲ့တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁ နေရာမှာ အဆင့် ၄ နေရာက တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ၁၀ ပွဲသာ ကစားဖို့ ကျန်တော့တဲ့အချိန်မှာ ရမှတ် ၂၀ အထိ ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

“သူတို့တွေ ကွန်တီကို ရာသီကုန်လောက်ထိတော့ ထိန်းသိမ်းထားသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒါကို သံသယမရှိပါဘူး။”

အာဆင်နယ်က အလွန်အားကောင်းနေတယ်လို့ ပြောနေတာလားလို့ မေးမြန်းခဲ့ရာမှာ ကီယွန်က “ဟင့်အင်း။ ဒါပေမယ့် အခု ခင်ဗျား အဲဒီအကြောင်း ပြောလို့ပြောရဦးမယ်။ အာဆင်နယ်က တစ်စိတ်တပိုင်း ပါဝင်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ အာဆင်နယ်က စပါးစ်ထက် ရမှတ် ၂၀ လောက် သာနေပြီး မနှစ်က ဒီအချိန်ဆို သူတို့တွေက အဆင့် ၄ နေရာအတွက် တိုက်ပွဲဝင်နေခဲ့ရတယ်ဆိုတဲ့အချက်ကလည်း စပါးစ်အပေါ်မှာ ကြီးမားတဲ့ ဖိအားကြီး ဖြစ်စေခဲ့ပါတယ်”

“ဒါပေမယ့် မတ်လမှာ အက်ဖ်အေက ထွက်ရတယ်။ အေစီမီလန်နဲ့ပွဲမှာ ဖြစ်ခဲ့တဲ့အရာနဲ့ ဆောက်သမ်တန်နဲ့ ၃-၃ သရေကျခဲ့တဲ့ပွဲ။ မတ်လက သူတို့အတွက် အရမ်းကို ဆိုးရွားခဲ့ပါတယ်။ ကွန်တီက သူ သွားရတော့မယ်ဆိုတာကို သိခဲ့တယ်။ သူ ပြောချင်ခဲ့တယ်။ သူ ပြောဖို့ လိုအပ်ခဲ့တယ်။ အသင်းမှာ ဘာတွေ လွဲမှားနေတယ်ဆိုတာကိုပေါ့။ သူတို့တွေ အဲဒါတွေကို ဂရုစိုက် ဖြေရှင်းသင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၲဝင္ မာတင္ ကီယြန္က တနဂၤေႏြေန႔မွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက နည္းျပ ကြန္တီကို ရာထူးကေန ထုတ္ပယ္ခဲ့မႈမွာ အာဆင္နယ္လည္း တစ္စိတ္တပိုင္း ပါဝင္ခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။

စပါးစ္ဟာ မတ္လမွာ အက္ဖ္ေအဖလားနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ၂ ပြဲစလုံးကေန ထြက္ခြာခဲ့ရၿပီး တနဂၤေႏြေန႔ညေနမွာေတာ့ နည္းျပ ကြန္တီကို အသင္းကေန ထြက္ခြာခြင့္ျပဳလိုက္ၿပီျဖစ္တယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။

ကြန္တီဟာ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလမွာ ေျမာက္လန္ဒန္ကို ေရာက္ရွိလာခဲ့ၿပီး ၁၆ လအၾကာမွာပဲ အသင္းနဲ႔ လမ္းခြဲခဲ့ရတာျဖစ္ၿပီး မာတင္ ကီယြန္က စပါးစ္ရဲ႕ ေျမာက္လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္အသင္းရဲ႕ ေအာင္ျမင္မႈက ကြန္တီနဲ႔ လမ္းခြဲဖို႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းစဥ္းစားရာမွာ တစ္စိတ္တပိုင္းပါဝင္ခဲ့တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ ၁ ေနရာမွာ အဆင့္ ၄ ေနရာက ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ ၁၀ ပြဲသာ ကစားဖို႔ က်န္ေတာ့တဲ့အခ်ိန္မွာ ရမွတ္ ၂၀ အထိ ျဖတ္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

“သူတို႔ေတြ ကြန္တီကို ရာသီကုန္ေလာက္ထိေတာ့ ထိန္းသိမ္းထားသင့္တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ အဲဒါကို သံသယမရွိပါဘူး။”

အာဆင္နယ္က အလြန္အားေကာင္းေနတယ္လို႔ ေျပာေနတာလားလို႔ ေမးျမန္းခဲ့ရာမွာ ကီယြန္က “ဟင့္အင္း။ ဒါေပမယ့္ အခု ခင္ဗ်ား အဲဒီအေၾကာင္း ေျပာလို႔ေျပာရဦးမယ္။ အာဆင္နယ္က တစ္စိတ္တပိုင္း ပါဝင္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အာဆင္နယ္က စပါးစ္ထက္ ရမွတ္ ၂၀ ေလာက္ သာေနၿပီး မႏွစ္က ဒီအခ်ိန္ဆို သူတို႔ေတြက အဆင့္ ၄ ေနရာအတြက္ တိုက္ပြဲဝင္ေနခဲ့ရတယ္ဆိုတဲ့အခ်က္ကလည္း စပါးစ္အေပၚမွာ ႀကီးမားတဲ့ ဖိအားႀကီး ျဖစ္ေစခဲ့ပါတယ္”

“ဒါေပမယ့္ မတ္လမွာ အက္ဖ္ေအက ထြက္ရတယ္။ ေအစီမီလန္နဲ႔ပြဲမွာ ျဖစ္ခဲ့တဲ့အရာနဲ႔ ေဆာက္သမ္တန္နဲ႔ ၃-၃ သေရက်ခဲ့တဲ့ပြဲ။ မတ္လက သူတို႔အတြက္ အရမ္းကို ဆိုး႐ြားခဲ့ပါတယ္။ ကြန္တီက သူ သြားရေတာ့မယ္ဆိုတာကို သိခဲ့တယ္။ သူ ေျပာခ်င္ခဲ့တယ္။ သူ ေျပာဖို႔ လိုအပ္ခဲ့တယ္။ အသင္းမွာ ဘာေတြ လြဲမွားေနတယ္ဆိုတာကိုေပါ့။ သူတို႔ေတြ အဲဒါေတြကို ဂ႐ုစိုက္ ေျဖရွင္းသင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.