International Match Report

အိုင်ယာလန်ကို အနိုင်ကစားပြီး အုပ်စုကို ဆက်လက်ဦးဆောင်တဲ့ ပြင်သစ်

ပြင်သစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မေညွန်၊ ခံစစ်မှာ ကိုနာတေ၊ အူပါမီကာနို၊ ပါဗတ်နဲ့ သီယို ဟာနန်ဒက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာမာဗင်ဂါ၊ ဟာဗျိုနဲ့ ဂရစ်ဇ်မန်းတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ကိုလို မူအာနီ၊ အမ်ဘာပေနဲ့ ဂျီရူးတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် အိုင်ယာလန်အသင်းကတော့ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ အီဂန်၊ ကောလင်းစ်နဲ့ အိုရှီးယားတို့ကို တွဲဖက်ပေးခဲ့ပြီး ကွင်းလယ်မှာတော့ ကိုးလ်မန်း၊ ဒိုဟာတီ၊ ကာလန်နဲ့ မိုလွမ်ဘီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ နိုက်၊ အော့ဂ်ဘီနီနဲ့ ဖာဂူဆန်တို့ကို စုဖွဲ့ပေးခဲ့တာပါ။

ဒေးရွှမ့်စ်ရဲ့ ဒီနေ့ လူရွေးချယ်မှုဖြစ်တဲ့ ညာသန်သုံးယောက်ကို ဖြစ်သလို တွဲပေးထားတဲ့ အမ်ဘာပေ၊ ဂျီရူးနဲ့ ကိုလို မူအာနီတို့အတွဲက အရင်နေ့က နယ်သာလန်ကို ကစားတဲ့ ကိုမွန်နဲ့ စုဖွဲ့မှုကောင်းမျိုး မရခဲ့သလို ဘောလုံးကိုင်ကစားခဲ့ပေမယ့် ဖန်တီးမှုပိုင်းမှာတော့ ကျဆင်းနေခဲ့ပြီး အေစီမီလန်မှာ ပုံစံကောင်း မရှိတဲ့ ဂျီရူးကလည်း ဂိုးရဖို့ မလွယ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်နဲ့ လိဂ်ချန်ပီယံရှစ် အခြေစိုက် ကစားသမားတွေကို အခြေခံထားတဲ့ အိုင်ယာလန်တို့ကတော့ သူတို့ရဲ့ အလံတော်အောက်မှာ မွေးဖွားရာဒေသတွေ ကွာခြားတဲ့ လူမျိုးစုံကို စုစည်းထားရတာက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ခဲ့ပေမယ့် အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်မှုနဲ့ စုစည်းမှုကို ပြသနိုင်ခဲ့တာပါ။

ပထမပိုင်းမှာတော့ ပြင်သစ်တိုက်စစ်ရဲ့ တွဲလုံးတွေက လုံးဝ အဆင်မပြေသလို တိုက်စစ်သုံးယောက်ရဲ့ ကစားချင်သလို ကစားနေခဲ့ကြတာက ပြဿနာဖြစ်နေခဲ့ပြီး ဒေးရွှမ့်စ်ရဲ့ အံဝင်ခွင်ကျ ပုံစံမချနိုင်ဘဲ ရွေးချင်သလိုရွေးပြီး ကွင်းထဲ ကောက်ထည့်လိုက်တဲ့ ပုံစံက အလုပ်မဖြစ်ခဲ့လို့ လက်ကျန် ပွဲချိန်တွေနဲ့ ဒုတိယပိုင်းမှာလည်း မပြင်ဆင်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

ဒုတိယပိုင်း ပွဲချိန် မိနစ် ၅၀ မှာတော့ ပြင်သစ်တို့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အိုင်ယာလန် ကွင်းလယ်လူ ကာလန်ရဲ့ လူပေးမှားမှုကနေ ညာနောက်ခံလူ ပါဗတ်က ဖြတ်ယူပြီး သူ့ရဲ့ ကန်နေကျ အဝေးကစ်နဲ့ ဧရိယာအပြင်ကနေ ကံစမ်းခဲ့ရာမှာ ဂိုးသမား မမီနိုင်တဲ့ ဂိုးအပေါ်ဘက်ကို ဘားထိပြီး ဝင်သွားခဲ့တာကြောင့် အိမ်ရှင်တွေ ကြေကွဲခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာတော့ ပြင်သစ်တို့ဘက်က အလုပ်မဖြစ်တဲ့ ဂျီရူးအစား ဒီယာဘီကို ထည့်ခဲ့ပေမယ့် ဘာမှ ထူးမလာခဲ့သလို ပါဗတ်၊ ဟာဗျိုနဲ့ ကိုလို မူအာနီတို့အစား ကွန်တီ၊ ချွာမင်နီနဲ့ မားကပ်စ် သူရမ်တို့ကို လဲလှယ်သွားခဲ့သလို အိုင်ယာလန်တို့ဘက်ကတော့ ဖာဂူဆန်၊ ဒိုဟာတီ၊ နိုက်၊ အိုရှီးယားနဲ့ မိုလွမ်ဘီတို့အစား အီဒါး၊ မက္ကလင်း၊ ဂျွန်စတန်၊ ဘရောင်းနဲ့ အိုဘာဖီမီတို့ကို လူစားထည့်သွင်းခဲ့ကြတာဖြစ်ပါတယ်။

ပြင်သစ်တို့အနေနဲ့ ပုံပျက်နေတဲ့ Chemistry မမိတဲ့ တိုက်စစ်ပိုင်းကို မပြင်ဆင်နိုင်ခဲ့လို့ ပါဗတ်ရဲ့ ဂိုးအပြင် ဘာဂိုးနဲ့မှ မနီးစပ်ခဲ့သလို အိမ်ရှင် အိုင်ယာလန်တို့ကလည်း ကွာလတီနည်းတဲ့ ချန်ပီယံရှစ်တိုက်စစ်နဲ့ တစ်ဖက်က ကမ္ဘာ့အဆင့် ချန်ပီယံလိဂ်အဆင့်ခံစစ်ကို မထိုးဖောက်နိုင်ခဲ့ကြတာကြောင့် ပွဲက တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့တာပါ။

ဒဗ္ဗလင်မှာ အိုင်ယာလန်ကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ ပြင်သစ်တို့အနေနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု(ဘီ)မှာ နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ခြောက်မှတ်နဲ့ အုပ်စုကို ဆက်လက်ဗိုလ်လုပ်ဖို့တော့ လုံလောက်ခဲ့ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို သာသာယာယာ သွားနိုင်တဲ့ ခြေစွမ်းကိုလည်း ပိုင်ဆိုင်ထားခဲ့ပေမယ့် နည်းပြ ဒေးရွှမ့်စ်အတွက်တော့ ဘောင်မဝင်တဲ့ တိုက်စစ်မျိုးကို ထပ်ပွဲမထုတ်ဖို့ လိုအပ်နေကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ျပင္သစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေမၫြန္၊ ခံစစ္မွာ ကိုနာေတ၊ အူပါမီကာႏို၊ ပါဗတ္နဲ႔ သီယို ဟာနန္ဒက္ဇ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာမာဗင္ဂါ၊ ဟာဗ်ိဳနဲ႔ ဂရစ္ဇ္မန္းတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ကိုလို မူအာနီ၊ အမ္ဘာေပနဲ႔ ဂ်ီ႐ူးတို႔ကို ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။

အိမ္ရွင္ အိုင္ယာလန္အသင္းကေတာ့ ဂိုးသမား ဘာဇူးႏူး၊ ခံစစ္မွာ အီဂန္၊ ေကာလင္းစ္နဲ႔ အိုရွီးယားတို႔ကို တြဲဖက္ေပးခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုးလ္မန္း၊ ဒိုဟာတီ၊ ကာလန္နဲ႔ မိုလြမ္ဘီတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ႏိုက္၊ ေအာ့ဂ္ဘီနီနဲ႔ ဖာဂူဆန္တို႔ကို စုဖြဲ႕ေပးခဲ့တာပါ။

ေဒး႐ႊမ့္စ္ရဲ႕ ဒီေန႔ လူေ႐ြးခ်ယ္မႈျဖစ္တဲ့ ညာသန္သုံးေယာက္ကို ျဖစ္သလို တြဲေပးထားတဲ့ အမ္ဘာေပ၊ ဂ်ီ႐ူးနဲ႔ ကိုလို မူအာနီတို႔အတြဲက အရင္ေန႔က နယ္သာလန္ကို ကစားတဲ့ ကိုမြန္နဲ႔ စုဖြဲ႕မႈေကာင္းမ်ိဳး မရခဲ့သလို ေဘာလုံးကိုင္ကစားခဲ့ေပမယ့္ ဖန္တီးမႈပိုင္းမွာေတာ့ က်ဆင္းေနခဲ့ၿပီး ေအစီမီလန္မွာ ပုံစံေကာင္း မရွိတဲ့ ဂ်ီ႐ူးကလည္း ဂိုးရဖို႔ မလြယ္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ပရီးမီးယားလိဂ္နဲ႔ လိဂ္ခ်န္ပီယံရွစ္ အေျခစိုက္ ကစားသမားေတြကို အေျခခံထားတဲ့ အိုင္ယာလန္တို႔ကေတာ့ သူတို႔ရဲ႕ အလံေတာ္ေအာက္မွာ ေမြးဖြားရာေဒသေတြ ကြာျခားတဲ့ လူမ်ိဳးစုံကို စုစည္းထားရတာက လြယ္ကူတဲ့ ကိစၥေတာ့ မဟုတ္ခဲ့ေပမယ့္ အံ့ဩစရာေကာင္းေလာက္ေအာင္ တည္ၿငိမ္မႈနဲ႔ စုစည္းမႈကို ျပသႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာေတာ့ ျပင္သစ္တိုက္စစ္ရဲ႕ တြဲလုံးေတြက လုံးဝ အဆင္မေျပသလို တိုက္စစ္သုံးေယာက္ရဲ႕ ကစားခ်င္သလို ကစားေနခဲ့ၾကတာက ျပႆနာျဖစ္ေနခဲ့ၿပီး ေဒး႐ႊမ့္စ္ရဲ႕ အံဝင္ခြင္က် ပုံစံမခ်ႏိုင္ဘဲ ေ႐ြးခ်င္သလိုေ႐ြးၿပီး ကြင္းထဲ ေကာက္ထည့္လိုက္တဲ့ ပုံစံက အလုပ္မျဖစ္ခဲ့လို႔ လက္က်န္ ပြဲခ်ိန္ေတြနဲ႔ ဒုတိယပိုင္းမွာလည္း မျပင္ဆင္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။

ဒုတိယပိုင္း ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ျပင္သစ္တို႔ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အိုင္ယာလန္ ကြင္းလယ္လူ ကာလန္ရဲ႕ လူေပးမွားမႈကေန ညာေနာက္ခံလူ ပါဗတ္က ျဖတ္ယူၿပီး သူ႔ရဲ႕ ကန္ေနက် အေဝးကစ္နဲ႔ ဧရိယာအျပင္ကေန ကံစမ္းခဲ့ရာမွာ ဂိုးသမား မမီႏိုင္တဲ့ ဂိုးအေပၚဘက္ကို ဘားထိၿပီး ဝင္သြားခဲ့တာေၾကာင့္ အိမ္ရွင္ေတြ ေၾကကြဲခဲ့ရတာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ျပင္သစ္တို႔ဘက္က အလုပ္မျဖစ္တဲ့ ဂ်ီ႐ူးအစား ဒီယာဘီကို ထည့္ခဲ့ေပမယ့္ ဘာမွ ထူးမလာခဲ့သလို ပါဗတ္၊ ဟာဗ်ိဳနဲ႔ ကိုလို မူအာနီတို႔အစား ကြန္တီ၊ ခြၽာမင္နီနဲ႔ မားကပ္စ္ သူရမ္တို႔ကို လဲလွယ္သြားခဲ့သလို အိုင္ယာလန္တို႔ဘက္ကေတာ့ ဖာဂူဆန္၊ ဒိုဟာတီ၊ ႏိုက္၊ အိုရွီးယားနဲ႔ မိုလြမ္ဘီတို႔အစား အီဒါး၊ မကၠလင္း၊ ဂြၽန္စတန္၊ ဘေရာင္းနဲ႔ အိုဘာဖီမီတို႔ကို လူစားထည့္သြင္းခဲ့ၾကတာျဖစ္ပါတယ္။

ျပင္သစ္တို႔အေနနဲ႔ ပုံပ်က္ေနတဲ့ Chemistry မမိတဲ့ တိုက္စစ္ပိုင္းကို မျပင္ဆင္ႏိုင္ခဲ့လို႔ ပါဗတ္ရဲ႕ ဂိုးအျပင္ ဘာဂိုးနဲ႔မွ မနီးစပ္ခဲ့သလို အိမ္ရွင္ အိုင္ယာလန္တို႔ကလည္း ကြာလတီနည္းတဲ့ ခ်န္ပီယံရွစ္တိုက္စစ္နဲ႔ တစ္ဖက္က ကမာၻ႔အဆင့္ ခ်န္ပီယံလိဂ္အဆင့္ခံစစ္ကို မထိုးေဖာက္ႏိုင္ခဲ့ၾကတာေၾကာင့္ ပြဲက တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ၿပီးဆုံးခဲ့တာပါ။

ဒဗၺလင္မွာ အိုင္ယာလန္ကို တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့လို႔ ျပင္သစ္တို႔အေနနဲ႔ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲ အုပ္စု(ဘီ)မွာ ႏွစ္ပြဲကစား ႏွစ္ပြဲႏိုင္ ရမွတ္ ေျခာက္မွတ္နဲ႔ အုပ္စုကို ဆက္လက္ဗိုလ္လုပ္ဖို႔ေတာ့ လုံေလာက္ခဲ့ၿပီး ေနာက္ဆုံးအဆင့္ ၿပိဳင္ပြဲႀကီးကို သာသာယာယာ သြားႏိုင္တဲ့ ေျခစြမ္းကိုလည္း ပိုင္ဆိုင္ထားခဲ့ေပမယ့္ နည္းျပ ေဒး႐ႊမ့္စ္အတြက္ေတာ့ ေဘာင္မဝင္တဲ့ တိုက္စစ္မ်ိဳးကို ထပ္ပြဲမထုတ္ဖို႔ လိုအပ္ေနေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.