International

ဖာဂူဆန်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ ခီလီယန် အမ်ဘာပေ

ပြင်သစ်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ အိုင်ယာလန်နဲ့ ဘရိုက်တန် တိုက်စစ်မှူး အီဗန် ဖာဂူဆန်ကို ယူရို ၂၀၂၄ ခြေစစ်ပွဲမတိုင်ခင် ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဖာဂူဆန်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကမှ ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုခဲ့သူဖြစ်ပြီး ဘရိုက်တန်မှာ နည်းပြ ဒီဇာဘီလက်အောက် ပုံမှန်ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားပေးနေတာဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် သွင်းဂိုး ၈ ဂိုး သွင်းယူပေးထားပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လတ်ဗီးယားနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပထမဆုံး လက်ရွေးစင်ကစားသမားဘဝ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့ရာမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က အလားအလာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီးနောက် ဖာဂူဆန်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ပြင်သစ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ယနေ့ညပွဲစဉ်မှာ ပိုမိုကြီးမားတဲ့ အကျိုးသက်ရောက်မှု ပြသနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဆယ်ကျော်သက် တိုက်စစ်မှူးရဲ့ ပြင်သစ်နဲ့ ပွဲစဉ်က ခြေစွမ်းကို ကြည့်ရှုဖို့ ကင်းထောက်တွေ စေလွှတ်သွားမှာဖြစ်တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

တနင်္လာနေ့ည ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ စကားပြောဆိုချိန်အတွင်း အမ်ဘာပေက ဘရိုက်တန် တိုက်စစ်မှူးနဲ့ပတ်သက်ပြီး မေးမြန်းခြင်း ခံခဲ့ရချိန်မှာ ဖာဂူဆန်ရဲ့ ခြေစွမ်းကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

“သူက တိုက်စစ်မှူးကောင်းပါ။ သူတို့အသင်းအတွက် အရေးပါတဲ့ တိုက်စစ်မှူးပါ။ ကျွန်တော် သူနဲ့ပတ်သက်ပြီး ဗီဒီယိုဖိုင်အချို့ကို မြင်ခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ မနက်ဖြန်မှာ သူ ဘာမှ မလုပ်နိုင်ဖို့ မျှော်လင့်မိပြီး ဒါက ကျွန်တော်တို့ အနိုင်ယူသွားမယ်။ ကျွန်တော်တို့ အလုပ်ကို လုပ်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ ဒါပေမယ့် သူက ကစားသမားကောင်းပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ျပင္သစ္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ အိုင္ယာလန္နဲ႔ ဘ႐ိုက္တန္ တိုက္စစ္မႉး အီဗန္ ဖာဂူဆန္ကို ယူ႐ို ၂၀၂၄ ေျခစစ္ပြဲမတိုင္ခင္ ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။

ဖာဂူဆန္ဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလကမွ ပထမဆုံး ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့သူျဖစ္ၿပီး ဘ႐ိုက္တန္မွာ နည္းျပ ဒီဇာဘီလက္ေအာက္ ပုံမွန္ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ကစားေပးေနတာျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ယခုရာသီမွာ ကလပ္အသင္းနဲ႔ ႏိုင္ငံအသင္းအတြက္ သြင္းဂိုး ၈ ဂိုး သြင္းယူေပးထားၿပီး ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က လတ္ဗီးယားနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ပထမဆုံး လက္ေ႐ြးစင္ကစားသမားဘဝ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိခဲ့ရာမွာ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္က အလားအလာ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့ၿပီးေနာက္ ဖာဂူဆန္ဟာ ကမာၻ႔ဖလားဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့တဲ့ ျပင္သစ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ယေန႔ညပြဲစဥ္မွာ ပိုမိုႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္း ဆယ္ေက်ာ္သက္ တိုက္စစ္မႉးရဲ႕ ျပင္သစ္နဲ႔ ပြဲစဥ္က ေျခစြမ္းကို ၾကည့္ရႈဖို႔ ကင္းေထာက္ေတြ ေစလႊတ္သြားမွာျဖစ္တယ္လို႔ The Sun က ေဖာ္ျပခဲ့ပါတယ္။

တနလၤာေန႔ည ပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ စကားေျပာဆိုခ်ိန္အတြင္း အမ္ဘာေပက ဘ႐ိုက္တန္ တိုက္စစ္မႉးနဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္း ခံခဲ့ရခ်ိန္မွာ ဖာဂူဆန္ရဲ႕ ေျခစြမ္းကို ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

“သူက တိုက္စစ္မႉးေကာင္းပါ။ သူတို႔အသင္းအတြက္ အေရးပါတဲ့ တိုက္စစ္မႉးပါ။ ကြၽန္ေတာ္ သူနဲ႔ပတ္သက္ၿပီး ဗီဒီယိုဖိုင္အခ်ိဳ႕ကို ျမင္ခဲ့တယ္ဆိုတာ အမွန္ပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ မနက္ျဖန္မွာ သူ ဘာမွ မလုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္မိၿပီး ဒါက ကြၽန္ေတာ္တို႔ အႏိုင္ယူသြားမယ္။ ကြၽန္ေတာ္တို႔ အလုပ္ကို လုပ္သြားမယ္ဆိုတဲ့အဓိပၸာယ္ပါ။ ဒါေပမယ့္ သူက ကစားသမားေကာင္းပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.