Premier League

ကွန်တီကို လိုင်းပေါ်တက်ဝုန်းပြီးမှ ပို့စ်ပြန်ဖျက်သွားတဲ့ ယူနိုက်တက်ဂန္တဝင်

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကွင်းလယ်ကစားသမား ပေါလ် စခိုးဟာ အန်တိုနီယို ကွန်တီကို ထုတ်ပယ်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပြီး လက်ရှိမှာ ပြန်ဖျက်သွားခဲ့ပြီဖြစ်တဲ့ အင်စတာဂရမ် စတိုရီမှာ အီတလီလူမျိုးနည်းပြကို ပြင်းပြင်းထန်ထန် တိုက်ရိုက် ဝေဖန်ထိုးနှက်ခဲ့တာဖြစ်ပါတယ်။

ပေါလ် စခိုးက ကွန်တီရဲ့ ထွက်ခွာမှုအပေါ်မှာ ၎င်းရဲ့ ထင်မြင်ချက်ကို စတိုရီမှာ မျှဝေခဲ့တာဖြစ်ပြီး အီတလီလူမျိုးနည်းပြနဲ့ လမ်းခွဲဖို့ ရွေးချယ်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဘက်ကနေ ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။

စပါးစ်ဟာ မတ်လမှာ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၂ ပွဲစလုံးကနေ ထွက်ခွာခဲ့ရပြီး တနင်္ဂနွေနေ့ညနေမှာတော့ နည်းပြ ကွန်တီကို အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းပရိသတ်တွေကြားမှာ အမြင်ကွဲလွဲမှုတွေ ဖြစ်စေခဲ့ပြီး အချို့ကတော့ ကွန်တီကို ဆောက်သမ်တန်နဲ့ ၃-၃ သရေကျခဲ့တဲ့ပွဲအပြီး ကစားသမားတွေကို လူသိရှင်ကြားပြစ်တင်ကြိမ်းမောင်းခဲ့တဲ့ ရိုးသားမှုအတွက် ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါလ် စခိုးက ကွန်တီရဲ့ တော့တင်ဟမ်ဟော့စပါးအသင်းထိပ်ပိုင်းတာဝန်ရှိသူတွေဟာ ရည်မှန်းချက်ကင်းမဲ့နေခဲ့တယ်ဆိုတဲ့ ပြောကြားချက်ကို ငြင်းပယ်ခဲ့ပြီး အီတလီလူမျိုးနည်းပြကိုသာ ပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။

“နည်းပြတစ်ယောက် ထုတ်ခံရပြီဆိုရင် အားလုံးက ကစားသမားသစ်ခေါ်ယူမှုကို ပြစ်တင်ကြတယ်။ ထိပ်တန်းနည်းပြက ရည်မှန်းချက် ကင်းမဲ့နေမှုကို ပြစ်တင်တယ်။ ဘာကြောင့် ဘယ်နည်းပြမှ သူတို့ သတင်းစာရှင်းလင်းပွဲမှာ ကစားသမားနဲ့ ပြုံးပြီး လက်ဆွဲနှုတ်ဆက်နေချိန်မှာ ဒီကစားသမားကို ကျွန်တော် မကြိုက်ဘူး။ သူက နောက်ဆုံးမှာတော့ ကျွန်တော့်ကို အထုတ်ခံရအောင် လုပ်မယ့်သူလို့ ထင်တယ်ဆိုပြီး မပြောကြတာလဲ။”လို့ ရေးသားထားခဲ့တာဖြစ်ပါတယ်။

ပေါလ် စခိုးရဲ့မှတ်ချက်ဟာ ကွန်တီအနေနဲ့ ၎င်းရဲ့ လူစာရင်းကို စပါးစ်နည်းပြဘဝအစောပိုင်းကတည်းက စိတ်ပျက်နေမှုကို ထုတ်ဖော်ပြောကြားသင့်ပြီး အရာအားလုံး လွဲမှားသွားတဲ့အချိန်အထိ စောင့်ဆိုင်းမနေသင့်ဘူးလို့ ပြောကြားခဲ့ပုံပေါ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ကြင္းလယ္ကစားသမား ေပါလ္ စခိုးဟာ အန္တိုနီယို ကြန္တီကို ထုတ္ပယ္ခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ ဆုံးျဖတ္ခ်က္ကို ေထာက္ခံခဲ့ၿပီး လက္ရွိမွာ ျပန္ဖ်က္သြားခဲ့ၿပီျဖစ္တဲ့ အင္စတာဂရမ္ စတိုရီမွာ အီတလီလူမ်ိဳးနည္းျပကို ျပင္းျပင္းထန္ထန္ တိုက္႐ိုက္ ေဝဖန္ထိုးႏွက္ခဲ့တာျဖစ္ပါတယ္။

ေပါလ္ စခိုးက ကြန္တီရဲ႕ ထြက္ခြာမႈအေပၚမွာ ၎ရဲ႕ ထင္ျမင္ခ်က္ကို စတိုရီမွာ မွ်ေဝခဲ့တာျဖစ္ၿပီး အီတလီလူမ်ိဳးနည္းျပနဲ႔ လမ္းခြဲဖို႔ ေ႐ြးခ်ယ္ခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဘက္ကေန ကာကြယ္ေပးခဲ့တာ ျဖစ္ပါတယ္။

စပါးစ္ဟာ မတ္လမွာ အက္ဖ္ေအဖလားနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ၂ ပြဲစလုံးကေန ထြက္ခြာခဲ့ရၿပီး တနဂၤေႏြေန႔ညေနမွာေတာ့ နည္းျပ ကြန္တီကို အသင္းကေန ထြက္ခြာခြင့္ျပဳလိုက္ၿပီျဖစ္တယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။

ဒီဆုံးျဖတ္ခ်က္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းပရိသတ္ေတြၾကားမွာ အျမင္ကြဲလြဲမႈေတြ ျဖစ္ေစခဲ့ၿပီး အခ်ိဳ႕ကေတာ့ ကြန္တီကို ေဆာက္သမ္တန္နဲ႔ ၃-၃ သေရက်ခဲ့တဲ့ပြဲအၿပီး ကစားသမားေတြကို လူသိရွင္ၾကားျပစ္တင္ႀကိမ္းေမာင္းခဲ့တဲ့ ႐ိုးသားမႈအတြက္ ခ်ီးက်ဴးခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေပါလ္ စခိုးက ကြန္တီရဲ႕ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းထိပ္ပိုင္းတာဝန္ရွိသူေတြဟာ ရည္မွန္းခ်က္ကင္းမဲ့ေနခဲ့တယ္ဆိုတဲ့ ေျပာၾကားခ်က္ကို ျငင္းပယ္ခဲ့ၿပီး အီတလီလူမ်ိဳးနည္းျပကိုသာ ျပစ္တင္ခဲ့တာ ျဖစ္ပါတယ္။

“နည္းျပတစ္ေယာက္ ထုတ္ခံရၿပီဆိုရင္ အားလုံးက ကစားသမားသစ္ေခၚယူမႈကို ျပစ္တင္ၾကတယ္။ ထိပ္တန္းနည္းျပက ရည္မွန္းခ်က္ ကင္းမဲ့ေနမႈကို ျပစ္တင္တယ္။ ဘာေၾကာင့္ ဘယ္နည္းျပမွ သူတို႔ သတင္းစာရွင္းလင္းပြဲမွာ ကစားသမားနဲ႔ ၿပဳံးၿပီး လက္ဆြဲႏႈတ္ဆက္ေနခ်ိန္မွာ ဒီကစားသမားကို ကြၽန္ေတာ္ မႀကိဳက္ဘူး။ သူက ေနာက္ဆုံးမွာေတာ့ ကြၽန္ေတာ့္ကို အထုတ္ခံရေအာင္ လုပ္မယ့္သူလို႔ ထင္တယ္ဆိုၿပီး မေျပာၾကတာလဲ။”လို႔ ေရးသားထားခဲ့တာျဖစ္ပါတယ္။

ေပါလ္ စခိုးရဲ႕မွတ္ခ်က္ဟာ ကြန္တီအေနနဲ႔ ၎ရဲ႕ လူစာရင္းကို စပါးစ္နည္းျပဘဝအေစာပိုင္းကတည္းက စိတ္ပ်က္ေနမႈကို ထုတ္ေဖာ္ေျပာၾကားသင့္ၿပီး အရာအားလုံး လြဲမွားသြားတဲ့အခ်ိန္အထိ ေစာင့္ဆိုင္းမေနသင့္ဘူးလို႔ ေျပာၾကားခဲ့ပုံေပၚပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.