Premier League

အေးဂျင့်ဇင်ချန်ကိုကြောင့် အဓိကပစ်မှတ်ကို ခေါ်ယူနိုင်တော့မယ်လို့ ထင်နေတဲ့ ပရိသတ်များ

ဒီကလန် ရိုက်စ်နဲ့ ဇင်ချန်ကိုတို့ဟာ အင်္ဂလန်နဲ့ ယူကရိန်းတို့ ကစားခဲ့တဲ့ပွဲစဉ်အပြီးမှာ စကားစမြည် ပြောဆိုခဲ့ကြပြီး ပရိသတ်တွေကတော့ အိပ်မက် မက်နေကြပြီဖြစ်ပါတယ်။

အီတလီအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ၂ ပွဲမှာ ၂ ပွဲအနိုင်ရရှိအောင်လုပ်ဖို့ ဝင်ဘလေကွင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ကြာသပတေးနေ့မှာ အင်္ဂလန်ရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာခဲ့တဲ့ ဟာရီ ကိန်းက ၃၇ မိနစ်မှာ ဂိုးမုဆိုးတွေ သွင်းယူနေကျ ပုံစံအတိုင်းပဲ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၃ မိနစ်အကြာမှာ ဘူကာယို ဆာကာရဲ့ အံ့အားသင့်ဖွယ် ဝိုက်ကန်သွင်းချက်နဲ့ အင်္ဂလန်အသင်း ဒုတိယမြောက် ဦးဆောင်ဂိုးကို ရရှိသွားခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းဟာ ဒုတိယပိုင်းမှာ ၂-၀ နဲ့ နိုင်ပွဲရရှိအောင် ပရော်ဖက်ရှင်နယ် စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ နှစ်ဖက်အသင်းကစားသမားတွေဟာ အချင်းချင်း နှုတ်ဆက်ခဲ့ကြပြီး အာဆင်နယ်ပရိသတ်တွေက ဒီကလန် ရိုက်စ်နဲ့ ဇင်ချန်ကိုတို့ ပွေ့ဖက်နှုတ်ဆက်ခဲ့ကြတာကို သတိပြုမိခဲ့ကြပြီးနောက် စိတ်လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက ဇင်ချန်ကိုက ဒီကလန် ရိုက်စ်ကို“မင်း ပြောင်းလာတော့မှာမလား”လို့ ပြောကြားခဲ့တယ်ဆိုပြီး ဗီဒီယိုကို မျှဝေခဲ့တာဖြစ်ပြီး နောက်ထပ်ပရိသတ်တစ်ဦးက “ဇင်ချန်ကိုက ဒီကလန် ရိုက်စ်ကို အာဆင်နယ်လာဖို့အတွက် ပြောဖို့ အခွင့်အရေးကို ရယူခဲ့တယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ ဝက်စ်ဟမ်းနဲ့ အနာဂတ်မရေမရာဖြစ်နေတာကြောင့် ယခုလာမယ့်နွေရာသီမှာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကလည်း ဒီကလန် ရိုက်စ်ကို လာမယ့် အပြောင်းအရွှေ့ကာလမှာ ၎င်းရဲ့ အဓိကဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီကလန် ရိုက်စ်နဲ့ ဇင်ချန်ကိုတို့ဟာ အင်္ဂလန်နဲ့ ယူကရိန်းတို့ ကစားခဲ့တဲ့ပွဲစဉ်အပြီးမှာ စကားစမြည် ပြောဆိုခဲ့ကြပြီး ပရိသတ်တွေကတော့ အိပ်မက် မက်နေကြပြီဖြစ်ပါတယ်။







REF: INTERNET SOURCES
SPORTS A2Z.