Premier League

၂၀.၂.၂၀၂၀ တစ္ေန႔တာ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ားစုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ကလပ္ဘရုဂ်္နဲ႔ ယူရိုပါလိဂ္ပြဲမတိုင္ခင္ အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာ မပါႏိုင္ခဲ့ဘူးလို႔ မန္ခ်က္စတာယူႏုိက္တက္နည္းျပ အိုေလဂန္နာဆိုးလ္ရွားက အတည္ျပဳခဲ့ပါတယ္။ ခန္႔မွန္းေျခအရ ေပါ့ဘာဟာ ေဖေဖာ္၀ါရီလကုန္မွ ေဘာလံုးပါဝင္ ေလ့က်င့္ခန္းေတြ စတင္လုပ္ေဆာင္ႏိုင္ေျခရွိေနပါတယ္။

– ခ်ဲလ္ဆီးကို(၂)ဂိုးျပတ္နဲ႔ႏိုင္ခဲ့တာေၾကာင့္ အဆင့္(၄)နဲ႔ (၃)မွတ္အကြာကို ေရာက္လာခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ဟာ ရာသီကုန္ရင္ ခ်န္ပီယံလိဂ္၀င္ခြင့္ ရႏိုင္တယ္လို႔ ယံုၾကည္ေၾကာင္း တိုက္စစ္မွဴးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္က သံုးသပ္ခဲ့ပါတယ္။

– ေနာက္ေက်ာဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ အဂၤလန္တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ရာသီမကုန္ခင္ ျပန္ကစားႏိုင္ဖို႔ မလြယ္ေတာ့ဘူးလို႔ နည္းျပ အိုေလဂန္နာ ဆိုးလ္ရွားက ထုတ္ေျပာလိုက္ပါတယ္။ အခန္႔မသင့္ရင္ ယူရို ၂၀၂၀ နဲ႔ေတာင္ လြဲေခ်ာ္ႏိုင္တယ္လို႔ သိရပါတယ္။

– ကလပ္ဘရုဂ်္နဲ႔ ယူရိုပါလိဂ္ပြဲစဥ္မွာ ကစားသမားတခ်ိဳ႕ကို အလွည့္က်ေျပာင္းသံုးဖို႔ နည္းျပ ဆိုးလ္ရွား ျပင္ဆင္ထားတာေၾကာင့္ ဂိုးသမားေနရာမွာ ေဒးဗစ္ ဒဟဲယားအစား ဆာဂ်ီယို ရိုမဲရုိး ပါဝင္လာႏိုင္သလို ညာေနာက္ခံမွာ ၀မ္ဘစ္ဆာကာအစား ဒါေလာ့ကို သံုးမယ္လို႔ သတင္းထြက္ေနပါတယ္။ ကြင္းလယ္လူ မက္ေတာ္မီေနးကေတာ့ ေလ့က်င့္ခန္းျပန္ဆင္းႏုိင္ေပမယ့္ ပဲြ၀င္ကစားဖို႔ေစာေနပါေသးတယ္။

– မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူေဟာင္း ဂယ္ရီ နဗီးလ္က ကြင္းလယ္လူသစ္ ဘရူႏို ဖာနန္ဒက္စ္ရဲ႕ အဓိက စိန္ေခၚမႈကေတာ့ အမွားနည္းတဲ့ ထိပ္တန္းအသင္းေတြနဲ႔ ပြဲေတြမွာ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈေတြလုပ္ျပႏိုင္ဖို႔ ျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ကလပ်ဘရုဂျ်နဲ့ ယူရိုပါလိဂ်ပွဲမတိုင်ခင် အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ကွင်းလယ်လူ ပေါလ် ပေါ့ဘာ မပါနိုင်ခဲ့ဘူးလို့ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက အတည်ပြုခဲ့ပါတယ်။ ခန့်မှန်းခြေအရ ပေါ့ဘာဟာ ဖေဖော်ဝါရီလကုန်မှ ဘောလုံးပါဝင် လေ့ကျင့်ခန်းတွေ စတင်လုပ်ဆောင်နိုင်ခြေရှိနေပါတယ်။

– ချဲလ်ဆီးကို(၂)ဂိုးပြတ်နဲ့နိုင်ခဲ့တာကြောင့် အဆင့်(၄)နဲ့ (၃)မှတ်အကွာကို ရောက်လာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဟာ ရာသီကုန်ရင် ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်တယ်လို့ ယုံကြည်ကြောင်း တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က သုံးသပ်ခဲ့ပါတယ်။

– နောက်ကျောဒဏ်ရာကြောင့် အနားယူနေရတဲ့ အင်္ဂလန်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ရာသီမကုန်ခင် ပြန်ကစားနိုင်ဖို့ မလွယ်တော့ဘူးလို့ နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက ထုတ်ပြောလိုက်ပါတယ်။ အခန့်မသင့်ရင် ယူရို ၂၀၂၀ နဲ့တောင် လွဲချော်နိုင်တယ်လို့ သိရပါတယ်။

– ကလပ်ဘရုဂျ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ကစားသမားတချို့ကို အလှည့်ကျပြောင်းသုံးဖို့ နည်းပြ ဆိုးလ်ရှား ပြင်ဆင်ထားတာကြောင့် ဂိုးသမားနေရာမှာ ဒေးဗစ် ဒဟဲယားအစား ဆာဂျီယို ရိုမဲရိုး ပါဝင်လာနိုင်သလို ညာနောက်ခံမှာ ဝမ်ဘစ်ဆာကာအစား ဒါလော့ကို သုံးမယ်လို့ သတင်းထွက်နေပါတယ်။ ကွင်းလယ်လူ မက်တော်မီနေးကတော့ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပေမယ့် ပွဲဝင်ကစားဖို့စောနေပါသေးတယ်။

– မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ်က ကွင်းလယ်လူသစ် ဘရူနို ဖာနန်ဒက်စ်ရဲ့ အဓိက စိန်ခေါ်မှုကတော့ အမှားနည်းတဲ့ ထိပ်တန်းအသင်းတွေနဲ့ ပွဲတွေမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေလုပ်ပြနိုင်ဖို့ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.