International

စီးတီးလာဖို့ စည်းရုံးခဲ့တဲ့ ဂရီးလစ်ရှ်ကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ဘယ်လင်ဟမ်

ဒေါ့မွန်ကွင်းလယ်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်က ၎င်းကို မန်စီးတီး ပြောင်းရွှေ့လာဖို့ ဂရီးလစ်ရှ်က တောင်းဆိုခဲ့ပြီးနောက် မျက်နှာပြောင်ပြီး တုံ့ပြန်ခဲ့ပါတယ်။

ဘယ်လင်ဟမ်နဲ့ ဂရီးလစ်ရှ်တို့ဟာ အီတလီ၊ ယူကရိန်းတို့နဲ့ ကစားခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲအတွက် အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပေးခဲ့ကြတာဖြစ်ပြီး အင်္ဂလန်ဟာ ယူရို ၂၀၂၀ ချန်ပီယံ အီတလီကို ပြီးခဲ့တဲ့အပတ်မှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ ယူကရိန်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဂရီးလစ်ရှ်နဲ့ ဘယ်လင်ဟမ်တို့ ၂ ဦးစလုံးဟာ ယူကရိန်းနဲ့ အီတလီတို့ကို အနိုင်ရခဲ့တဲ့ပွဲမှာ ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ဆောက်ဂိတ်ရဲ့အသင်းဟာ အုပ်စု C ထိပ်ဆုံးမှာ ဒုတိယနေရာက အီတလီအသင်းနဲ့ ၃ မှတ်အကွာမှာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ယခုလအစောပိုင်းမှာ ပရိသတ်တွေဟာ ဂရီးလစ်ရှ်က လီဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ သတင်းထွက်နေတဲ့ ဘယ်လင်ဟမ်ကို အစ်တီဟတ်ကို ပြောင်းရွှေ့လာအောင် စည်းရုံးဖို့ ကြိုးပမ်းနေတာကို မြင်တွေ့ခ့ရတာဖြစ်ပါတယ်။

အကန်းဂျိရဲ့ အင်စတာဂရမ်ပို့စ်က ဘယ်လင်ဟမ်ရဲ့မှတ်ချက်ကို တုံ့ပြန်ရာမှာ ဂရီးလစ်ရှ်က အင်္ဂလန်အသင်းဖော်ကို “စီးတီးကို လာခဲ့ပါ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ ဂရီးလစ်ရှ်က တနင်္ဂနွေနေ့မှာ မန်စီးတီးကို မပြန်ခင် ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ၂ ပွဲဆက်တိုက် နိုင်ပွဲ ရရှိခဲ့မှုကို အောင်ပွဲခံတဲ့အနေနဲ့ အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။

“ကောင်လေးတွေနဲ့ အဝေးမှာ ပြီးပြည့်စုံတဲ့ရက်သတ္တပတ်ဖြစ်ခဲ့တယ်။ အရမ်းကောင်းတဲ့ အစုအဖွဲ့”လို့ ရေးသားခဲ့တာဖြစ်ပြီး ဘယ်လင်ဟမ်က ဂရီးလစ်ရှ်ကို မျက်နှာပြောင်ဖို့အတွက် အချိန်မဖြုန်းတီးနေဘဲ “ဒေါ့မွန်ကို လာခဲ့ပါ”လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ESPN ရဲ့ ဖော်ပြချက်အရ မန်ချက်စတာစီးတီးဟာ လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ စိတ်ဝင်စားခြင်းခံနေရတဲ့ ဘယ်လင်ဟမ်ကို အံ့အားသင့်ဖွယ် ခေါ်ယူသွားနိုင်မယ်လို့ ယုံကြည်မှုတွေ ကြီးထွားနေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒေါ့မွန်အသင်းဟာ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဘယ်လင်ဟမ်အတွက် စျေးကိုင်သွားမှာဖြစ်ပြီး ဘွန်ဒက်စ်လီဂါကလပ်အသင်းက အင်္ဂလန်ကြယ်ပွင့်အတွက် ပေါင် ၁၃၃ သန်းအထိ တောင်းဆိုသွားမယ်လို့ ယုံကြည်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဒါ့မြန္ကြင္းလယ္ၾကယ္ပြင့္ ဂ်ဳဒ္ ဘယ္လင္ဟမ္က ၎ကို မန္စီးတီး ေျပာင္းေ႐ႊ႕လာဖို႔ ဂရီးလစ္ရွ္က ေတာင္းဆိုခဲ့ၿပီးေနာက္ မ်က္ႏွာေျပာင္ၿပီး တုံ႔ျပန္ခဲ့ပါတယ္။

ဘယ္လင္ဟမ္နဲ႔ ဂရီးလစ္ရွ္တို႔ဟာ အီတလီ၊ ယူကရိန္းတို႔နဲ႔ ကစားခဲ့တဲ့ အဂၤလန္အသင္းရဲ႕ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲအတြက္ အဂၤလန္အသင္းအတြက္ ပါဝင္ကစားေပးခဲ့ၾကတာျဖစ္ၿပီး အဂၤလန္ဟာ ယူ႐ို ၂၀၂၀ ခ်န္ပီယံ အီတလီကို ၿပီးခဲ့တဲ့အပတ္မွာ ၂-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ တနဂၤေႏြေန႔မွာ ယူကရိန္းကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ဂရီးလစ္ရွ္နဲ႔ ဘယ္လင္ဟမ္တို႔ ၂ ဦးစလုံးဟာ ယူကရိန္းနဲ႔ အီတလီတို႔ကို အႏိုင္ရခဲ့တဲ့ပြဲမွာ ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ေဆာက္ဂိတ္ရဲ႕အသင္းဟာ အုပ္စု C ထိပ္ဆုံးမွာ ဒုတိယေနရာက အီတလီအသင္းနဲ႔ ၃ မွတ္အကြာမွာ ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ယခုလအေစာပိုင္းမွာ ပရိသတ္ေတြဟာ ဂရီးလစ္ရွ္က လီဗာပူးလ္၊ ရီးရဲလ္မက္ဒရစ္တို႔နဲ႔ သတင္းထြက္ေနတဲ့ ဘယ္လင္ဟမ္ကို အစ္တီဟတ္ကို ေျပာင္းေ႐ႊ႕လာေအာင္ စည္း႐ုံးဖို႔ ႀကိဳးပမ္းေနတာကို ျမင္ေတြ႕ခ့ရတာျဖစ္ပါတယ္။

အကန္းဂ်ိရဲ႕ အင္စတာဂရမ္ပို႔စ္က ဘယ္လင္ဟမ္ရဲ႕မွတ္ခ်က္ကို တုံ႔ျပန္ရာမွာ ဂရီးလစ္ရွ္က အဂၤလန္အသင္းေဖာ္ကို “စီးတီးကို လာခဲ့ပါ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။ ဂရီးလစ္ရွ္က တနဂၤေႏြေန႔မွာ မန္စီးတီးကို မျပန္ခင္ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲမွာ ၂ ပြဲဆက္တိုက္ ႏိုင္ပြဲ ရရွိခဲ့မႈကို ေအာင္ပြဲခံတဲ့အေနနဲ႔ အင္စတာဂရမ္မွာ ပို႔စ္တင္ခဲ့တာျဖစ္ပါတယ္။

“ေကာင္ေလးေတြနဲ႔ အေဝးမွာ ၿပီးျပည့္စုံတဲ့ရက္သတၱပတ္ျဖစ္ခဲ့တယ္။ အရမ္းေကာင္းတဲ့ အစုအဖြဲ႕”လို႔ ေရးသားခဲ့တာျဖစ္ၿပီး ဘယ္လင္ဟမ္က ဂရီးလစ္ရွ္ကို မ်က္ႏွာေျပာင္ဖို႔အတြက္ အခ်ိန္မျဖဳန္းတီးေနဘဲ “ေဒါ့မြန္ကို လာခဲ့ပါ”လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

ESPN ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာစီးတီးဟာ လာမယ့္ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းဆီကေန စိတ္ဝင္စားျခင္းခံေနရတဲ့ ဘယ္လင္ဟမ္ကို အံ့အားသင့္ဖြယ္ ေခၚယူသြားႏိုင္မယ္လို႔ ယုံၾကည္မႈေတြ ႀကီးထြားေနတယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ေဒါ့မြန္အသင္းဟာ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးတဲ့ ဘယ္လင္ဟမ္အတြက္ ေစ်းကိုင္သြားမွာျဖစ္ၿပီး ဘြန္ဒက္စ္လီဂါကလပ္အသင္းက အဂၤလန္ၾကယ္ပြင့္အတြက္ ေပါင္ ၁၃၃ သန္းအထိ ေတာင္းဆိုသြားမယ္လို႔ ယုံၾကည္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.