International

အောင်ပွဲခံပုံ ၂ ခုစလုံးကို ပေါင်းစပ်ပြီး အောင်ပွဲခံဟန်အသစ် ပြုလုပ်ပြခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တနင်္ဂနွေနေ့က လူဇင်ဘတ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ချိန်မှာ ၎င်းရဲ့ အထင်ကရ အောင်ပွဲခံဟန် ၂ ခုကို ပေါင်းပြီး အောင်ပွဲခံပြခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ လူဇင်ဘတ်ကို ၆-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နိုင်ငံတကာ သွင်းဂိုး ၁၂၁ ဂိုးနဲ့ ၁၂၂ ဂိုးမြောက်သွင်းဂိုးတွေကို သွင်းယူခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုဟာ အရင်တုန်းက siuuu အောင်ပွဲခံဟန်နဲ့ စိတ်အေးလက်အေး အိပ်စက်တဲ့ အောင်ပွဲခံဟန် ၂ ခုကို တစ်လှည့်စီအသုံးပြုခဲ့တာဖြစ်ပါတယ်။

၈ မိနစ်အကြာမှာပဲ ပေါ်တူဂီအသင်းရဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ရော်နယ်လ်ဒိုဟာ ဘယ်ဖက်ထောင့်ကန်ဘော အလံတိုင်ရှိရာကို ပြေးသွားခဲ့ပြီး siuuu အောင်ပွဲခံဟန်အတွက် လုပ်နေကျအတိုင်း လေထဲကို ခုန်ပျံခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့တဲ့တုန်းကအတိုင်း ရော်နယ်လ်ဒိုနဲ့ အတူ အောင်ပွဲခံဖို့ အဆင်သင့်ဖြစ်နေခဲ့တာဖြစ်ပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်ဟာ အသင်းငယ်လေးနဲ့ ကစားရတာကြောင့် သက်တောင့်သက်သာဖြစ်သလို ခံစားနေရတာဖြစ်ကောင်းဖြစ်နိုင်ပြီး အောင်ပွဲခံဟန် ၂ ခုစလုံးကို ပေါင်းစပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ၎င်းရဲ့ ပိုမိုကျော်ကြားတဲ့ siuuu အောင်ပွဲခံပုံနေ မြေကြီးပေါ် တစ်ပတ်လည်ပြီး ပြန်အကျမှာ ရင်ဘတ်ပေါ် လက်တင်ပြီး စိတ်အေးလက်အေးအိပ်စက်တဲ့ အောင်ပွဲခံဟန်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အသင်းဖော်တွေက ပေါ်တူဂီအသင်းခေါင်းဆောင်ကို ဂုဏ်ပြုဖို့ ပြေးလွှားလာကြချိန်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက မျက်လုံးကို မှိတ်ပြီး အိပ်စက်နေခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ လစ်ချင်စတိန်းနဲ့ ပွဲစဉ်က သွင်းဂိုး ၂ ဂိုးနဲ့ တနင်္ဂနွေနေ့ညနေက နောက်ထပ် သွင်းဂိုး ၂ ဂိုးဟာ နည်းပြသစ် ရောဘတ်တို မာတီနက်ဇ်လက်အောက်မှာ သိသာထင်ရှားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးသွားမယ်ဆိုတာကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ တနဂၤေႏြေန႔က လူဇင္ဘတ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ ေပၚတူဂီအသင္းအတြက္ ဦးေဆာင္ဂိုး သြင္းယူေပးႏိုင္ခဲ့ခ်ိန္မွာ ၎ရဲ႕ အထင္ကရ ေအာင္ပြဲခံဟန္ ၂ ခုကို ေပါင္းၿပီး ေအာင္ပြဲခံျပခဲ့ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ဟာ လူဇင္ဘတ္ကို ၆-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ႏိုင္ငံတကာ သြင္းဂိုး ၁၂၁ ဂိုးနဲ႔ ၁၂၂ ဂိုးေျမာက္သြင္းဂိုးေတြကို သြင္းယူခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒိုဟာ အရင္တုန္းက siuuu ေအာင္ပြဲခံဟန္နဲ႔ စိတ္ေအးလက္ေအး အိပ္စက္တဲ့ ေအာင္ပြဲခံဟန္ ၂ ခုကို တစ္လွည့္စီအသုံးျပဳခဲ့တာျဖစ္ပါတယ္။

၈ မိနစ္အၾကာမွာပဲ ေပၚတူဂီအသင္းရဲ႕ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္ ေရာ္နယ္လ္ဒိုဟာ ဘယ္ဖက္ေထာင့္ကန္ေဘာ အလံတိုင္ရွိရာကို ေျပးသြားခဲ့ၿပီး siuuu ေအာင္ပြဲခံဟန္အတြက္ လုပ္ေနက်အတိုင္း ေလထဲကို ခုန္ပ်ံခဲ့တာ ျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း ရီးရဲလ္မက္ဒရစ္အသင္းမွာ ကစားခဲ့တဲ့တုန္းကအတိုင္း ေရာ္နယ္လ္ဒိုနဲ႔ အတူ ေအာင္ပြဲခံဖို႔ အဆင္သင့္ျဖစ္ေနခဲ့တာျဖစ္ေပမယ့္လည္း ေပၚတူဂီၾကယ္ပြင့္ဟာ အသင္းငယ္ေလးနဲ႔ ကစားရတာေၾကာင့္ သက္ေတာင့္သက္သာျဖစ္သလို ခံစားေနရတာျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး ေအာင္ပြဲခံဟန္ ၂ ခုစလုံးကို ေပါင္းစပ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ ၎ရဲ႕ ပိုမိုေက်ာ္ၾကားတဲ့ siuuu ေအာင္ပြဲခံပုံေန ေျမႀကီးေပၚ တစ္ပတ္လည္ၿပီး ျပန္အက်မွာ ရင္ဘတ္ေပၚ လက္တင္ၿပီး စိတ္ေအးလက္ေအးအိပ္စက္တဲ့ ေအာင္ပြဲခံဟန္ကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

အသင္းေဖာ္ေတြက ေပၚတူဂီအသင္းေခါင္းေဆာင္ကို ဂုဏ္ျပဳဖို႔ ေျပးလႊားလာၾကခ်ိန္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက မ်က္လုံးကို မွိတ္ၿပီး အိပ္စက္ေနခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ လစ္ခ်င္စတိန္းနဲ႔ ပြဲစဥ္က သြင္းဂိုး ၂ ဂိုးနဲ႔ တနဂၤေႏြေန႔ညေနက ေနာက္ထပ္ သြင္းဂိုး ၂ ဂိုးဟာ နည္းျပသစ္ ေရာဘတ္တို မာတီနက္ဇ္လက္ေအာက္မွာ သိသာထင္ရွားတဲ့ အခန္းက႑ကေန ပါဝင္ကစားေပးသြားမယ္ဆိုတာကို အတည္ျပဳခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.