International

မန်ယူနိုက်တက်ကို နာကျင်မှုတွေ ပေးခဲ့တဲ့ အိုက်စ်လန်

တနင်္ဂနွေနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လစ်ချင်စတိန်းနဲ့ အိုက်စလန်တို့ရဲ့ ပွဲစဉ်မှာ အိုက်စ်လန်အသင်းက ၇-၀ နဲ့ အပြတ်အသတ် အနိုင်ယူခဲ့ပါတယ်။

ပထမပိုင်း စတင်ပြီး ၃ မိနစ်မှာပဲ အိုလက်ဖ်ဆင်ရဲ့ သွင်းဂိုးကြောင့် အိုက်စ်လန်အသင်းက ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ၁၀ မိနစ်မှာ ဒုတိယမြောက် ဦးဆောင်ဂိုး ရရှိဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဂွတ်မွန်ဆွန် အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။

၃၁ မိနစ်နဲ့ ၃၂ မိနစ်မှာ ဟာရယ်ဆွန်က ၂ မိနစ်အတွင်းမှာ အိုက်စ်လန်အသင်းအတွက် ဦးဆောင်ဂိုးတွေ ဆက်တိုက်သွင်းယူပေးသွားခဲ့ပေမယ့်လည်း ဒိုင်လူကြီးက VAR နဲ့ ပြန်လည်စစ်ဆေးပြီးနောက် တတိယမြောက် ဦးဆောင်ဂိုးကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ လစ်ချင်စတိန်းဘက်က ၂ ဦး၊ အိုက်စ်လန်ဘက်က ၁ ဦး အပြောင်းအလဲနဲ့ စတင်ခဲ့ပြီး ၄၇ မိနစ်မှာပဲ ဂန်းနားဆွန်က ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

၆၇ မိနစ်မှာ ဂန်းနားဆွန်ကပဲ ထောင့်ကန်ဘောကနေပဲ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ခေါင်းတိုက်ပြီး စတုတ္ထမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပြီး ၇၁ မိနစ်မှာ လစ်ချင်စတိန်းကစားသမား အေရွန် ဆီလီ ဂူဂျွန်ဆင်ကို ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အိုက်စ်လန်အသင်း ပင်နယ်တီ ရရှိသွားခဲ့တာဖြစ်ပါတယ်။

အိုက်စ်လန်အသင်းအတွက် ပင်နယ်တီကို ဂန်းနားဆွန်က ညာခြေနဲ့ ဂိုးဘယ်ဖက်အပေါ်ထောင့်ထဲကို အမှားအယွင်းမရှိ ကန်သွင်းယူပြီး ဟက်ထရစ် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ လစ်ချင်စတိန်းဟာ အိုက်စ်လန်ကို ဘယ်လိုမှ တုံ့ပြန်နိုင်စွမ်းမရှိဘဲ တစ်ဖက်သတ် တိုက်စစ်ဆင်မှုတွေကို အလူးအလဲ ခံခဲ့ရပြီး ၈၄ မိနစ်မှာ ဂူဂျွန်ဆင်က ဆဌမမြောက် ဦးဆောင်ဂိုးကို အနီးကပ် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၈၆ မိနစ်မှာ အဲလတ်ဆင်က သော်စတိန်းဆွန်ရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် အနီးကပ် ခေါင်းတိုက်ပြီး သတ္တမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး ၇-၀ နဲ့ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တနဂၤေႏြေန႔ညမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ လစ္ခ်င္စတိန္းနဲ႔ အိုက္စလန္တို႔ရဲ႕ ပြဲစဥ္မွာ အိုက္စ္လန္အသင္းက ၇-၀ နဲ႔ အျပတ္အသတ္ အႏိုင္ယူခဲ့ပါတယ္။

ပထမပိုင္း စတင္ၿပီး ၃ မိနစ္မွာပဲ အိုလက္ဖ္ဆင္ရဲ႕ သြင္းဂိုးေၾကာင့္ အိုက္စ္လန္အသင္းက ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး ၁၀ မိနစ္မွာ ဒုတိယေျမာက္ ဦးေဆာင္ဂိုး ရရွိဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ဂြတ္မြန္ဆြန္ အသုံးမခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။

၃၁ မိနစ္နဲ႔ ၃၂ မိနစ္မွာ ဟာရယ္ဆြန္က ၂ မိနစ္အတြင္းမွာ အိုက္စ္လန္အသင္းအတြက္ ဦးေဆာင္ဂိုးေတြ ဆက္တိုက္သြင္းယူေပးသြားခဲ့ေပမယ့္လည္း ဒိုင္လူႀကီးက VAR နဲ႔ ျပန္လည္စစ္ေဆးၿပီးေနာက္ တတိယေျမာက္ ဦးေဆာင္ဂိုးကို ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ လစ္ခ်င္စတိန္းဘက္က ၂ ဦး၊ အိုက္စ္လန္ဘက္က ၁ ဦး အေျပာင္းအလဲနဲ႔ စတင္ခဲ့ၿပီး ၄၇ မိနစ္မွာပဲ ဂန္းနားဆြန္က ေထာင့္ကန္ေဘာကေန ေခါင္းတိုက္ၿပီး တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

၆၇ မိနစ္မွာ ဂန္းနားဆြန္ကပဲ ေထာင့္ကန္ေဘာကေနပဲ ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ေခါင္းတိုက္ၿပီး စတုတၳေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ၿပီး ၇၁ မိနစ္မွာ လစ္ခ်င္စတိန္းကစားသမား ေအ႐ြန္ ဆီလီ ဂူဂြၽန္ဆင္ကို ပင္နယ္တီဧရိယာထဲမွာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ အိုက္စ္လန္အသင္း ပင္နယ္တီ ရရွိသြားခဲ့တာျဖစ္ပါတယ္။

အိုက္စ္လန္အသင္းအတြက္ ပင္နယ္တီကို ဂန္းနားဆြန္က ညာေျခနဲ႔ ဂိုးဘယ္ဖက္အေပၚေထာင့္ထဲကို အမွားအယြင္းမရွိ ကန္သြင္းယူၿပီး ဟက္ထရစ္ ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ လစ္ခ်င္စတိန္းဟာ အိုက္စ္လန္ကို ဘယ္လိုမွ တုံ႔ျပန္ႏိုင္စြမ္းမရွိဘဲ တစ္ဖက္သတ္ တိုက္စစ္ဆင္မႈေတြကို အလူးအလဲ ခံခဲ့ရၿပီး ၈၄ မိနစ္မွာ ဂူဂြၽန္ဆင္က ဆဌမေျမာက္ ဦးေဆာင္ဂိုးကို အနီးကပ္ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၈၆ မိနစ္မွာ အဲလတ္ဆင္က ေသာ္စတိန္းဆြန္ရဲ႕ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ အနီးကပ္ ေခါင္းတိုက္ၿပီး သတၱေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ၇-၀ နဲ႔ ပြဲၿပီးဆုံးသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.