Ligue1

မက်ဆီရဲ့ အနာဂတ်ကို အဖြေပေးလိုက်ပြီဖြစ်တဲ့ ပီအကစ်ဂျီဥက္ကဌ

ပီအက်စ်ဂျီဥက္ကဌ အယ်လ် ခါလီဖီက အသင်းအနေနဲ့ လီယွန်နယ် မက်ဆီနဲ့ ခီလီယန် အမ်ဘာပေတို့ကို ထိန်းသိမ်းထားဖို့ ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလ မတိုင်ခင် ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့တာဖြစ်ပြီး အမ်ဘာပေကလည်း ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့နိုင်ခြေရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက နောက်ထပ်တစ်ကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ကြယ်ပွင့်ကစားသမား ၂ ဦးစလုံးဟာ လီဂူးဝမ်းချန်ပီယံတွေကို စွန့်ခွာတော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပေမယ့်လည်း အယ်လ် ခါလီဖီက အသင်းအနေနဲ့ မက်ဆီနဲ့ အမ်ဘာပေတို့ ၂ ဦးစလုံးကို အနည်းဆုံး နောက်ထပ်တစ်နှစ် အသင်းမှာ ဆက်ရှိနေအောင် ထိန်းသိမ်းဖို့ ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ တခြားကလပ်အသင်းတွေဆီကနေ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့်လည်း ပီအက်စ်ဂျီအတွက် ကစားပေးချင်ခဲ့တဲ့ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက အချို့ကို ပိုင်ဆိုင်ထားရတာ ကံကောင်းပါတယ်။ ကျွန်တော်တို့ သူတို့ကို ဆက်ပြီး ထိန်းသိမ်းသွားနိုင်ဖို့ လုပ်ဆောင်နေပါတယ်။”

“ကျွန်တော်တို့ လုပ်နေတာတွေကို ဝေဖန်ဆန်းစစ်သွားမှာဖြစ်ပြီး သူတို့နဲ့ ဆက်ပြီး အလုပ်လုပ်နိုင်အောင် လုပ်သွားမှာပါ။ ကျွန်တော်တို့ အရာအားလုံးကို အစီအစဉ်တကျ လုပ်ဆောင်သွားချင်ပါတယ်။ ကျွန်တော်တို့ အမှားတွေ လုပ်ဆောင်သွားမှာမဟုတ်ပါဘူ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပြီး ပီအက်စ်ဂျီအသင်းက အာဂျင်တီးနားကြယ်ပွင့်နဲ့ စာချုပ်သစ် ချုပ်ဖို့ သဘောတူညီမှု မရရှိသေးတာကြောင့် အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးက မေဂျာလိဂ်နဲ့ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် ဟီလာလ်တို့ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေရဲ့ အနာဂတ်ကလည်း ပြီးခဲ့တဲ့နွေရာသီကမှ ကြီးမားတဲ့ စာချုပ်သစ် ချုပ်ဆိုထားခဲ့တာဖြစ်ပေမယ့်လည်း မရေမရာဖြစ်နေတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက လက်ရှိမှာ အမ်ဘာပေထက် ဟာလန်းကို ဥိးစားပေးခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီဥကၠဌ အယ္လ္ ခါလီဖီက အသင္းအေနနဲ႔ လီယြန္နယ္ မက္ဆီနဲ႔ ခီလီယန္ အမ္ဘာေပတို႔ကို ထိန္းသိမ္းထားဖို႔ ဆႏၵရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ လာမယ့္ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလ မတိုင္ခင္ ဘာစီလိုနာကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚေနခဲ့တာျဖစ္ၿပီး အမ္ဘာေပကလည္း ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ႏိုင္ေျခရွိတယ္လို႔ ေကာလာဟလေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းက ေနာက္ထပ္တစ္ႀကိမ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီးေနာက္ ၾကယ္ပြင့္ကစားသမား ၂ ဦးစလုံးဟာ လီဂူးဝမ္းခ်န္ပီယံေတြကို စြန႔္ခြာေတာ့မယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တာျဖစ္ေပမယ့္လည္း အယ္လ္ ခါလီဖီက အသင္းအေနနဲ႔ မက္ဆီနဲ႔ အမ္ဘာေပတို႔ ၂ ဦးစလုံးကို အနည္းဆုံး ေနာက္ထပ္တစ္ႏွစ္ အသင္းမွာ ဆက္ရွိေနေအာင္ ထိန္းသိမ္းဖို႔ ျဖစ္ႏိုင္သမွ် အရာအားလုံးကို လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ တျခားကလပ္အသင္းေတြဆီကေန ကမ္းလွမ္းမႈေတြ ရရွိခဲ့ေပမယ့္လည္း ပီအက္စ္ဂ်ီအတြက္ ကစားေပးခ်င္ခဲ့တဲ့ ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြထဲက အခ်ိဳ႕ကို ပိုင္ဆိုင္ထားရတာ ကံေကာင္းပါတယ္။ ကြၽန္ေတာ္တို႔ သူတို႔ကို ဆက္ၿပီး ထိန္းသိမ္းသြားႏိုင္ဖို႔ လုပ္ေဆာင္ေနပါတယ္။”

“ကြၽန္ေတာ္တို႔ လုပ္ေနတာေတြကို ေဝဖန္ဆန္းစစ္သြားမွာျဖစ္ၿပီး သူတို႔နဲ႔ ဆက္ၿပီး အလုပ္လုပ္ႏိုင္ေအာင္ လုပ္သြားမွာပါ။ ကြၽန္ေတာ္တို႔ အရာအားလုံးကို အစီအစဥ္တက် လုပ္ေဆာင္သြားခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ အမွားေတြ လုပ္ေဆာင္သြားမွာမဟုတ္ပါဘူ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ လာမယ့္ ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းက အာဂ်င္တီးနားၾကယ္ပြင့္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔ သေဘာတူညီမႈ မရရွိေသးတာေၾကာင့္ အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးက ေမဂ်ာလိဂ္နဲ႔ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္ အယ္လ္ ဟီလာလ္တို႔ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပရဲ႕ အနာဂတ္ကလည္း ၿပီးခဲ့တဲ့ေႏြရာသီကမွ ႀကီးမားတဲ့ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုထားခဲ့တာျဖစ္ေပမယ့္လည္း မေရမရာျဖစ္ေနတာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းက လက္ရွိမွာ အမ္ဘာေပထက္ ဟာလန္းကို ဥိးစားေပးေခၚယူသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.