Ligue1

မက်ဆီအပါအဝင် အဓိကကစားသမား ၃ ဦးကို ထွက်ခွင့်ပေးတော့မယ့် ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ ယခုလာမယ့် နွေရာသီမှာ လီယွန်နယ် မက်ဆီ၊ ဆာဂျီယို ရာမို့စ်၊ နေမာတို့အားလုံးကို ထွက်ခွာခွင့်ပေးသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီဟာ နွေရာသီမှာ အသင်းကို ပြန်လည်တည်ဆောက်မှုတွေ ပြုလုပ်သွားဖို့ ကြိုတင်ပြင်ဆင်နေတာကြောင့် စီနီယာကစားသမားတွေထဲက ၂ ဦးကို ခရစ္စတီယာနို ရော်နယ်လ်ဒိုရှိတဲ့ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့မှာကို ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

လီယွန်နယ် မက်ဆီရော ဆာဂျီယို ရာမို့စ်ပါ ယခုရာသီကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး စပိန်သတင်းစာ Marca က ပြင်သစ်ကလပ်အသင်းဟာ ကြယ်ပွင့်ကစားသမား ၂ ဦးစလုံးကို ထွက်ခွာခွင့်ပေးသွားမှာဖြစ်သလို နေမာအတွက်လည်း ကမ်းလှမ်းမှုတွေကို နားထောင်သွားချင်တဲ့ဆန္ဒရှိတယ်လို့ သိရပါတယ်။

“တစ်ဆက်တည်းမှာပဲ ပီအက်စ်ဂျီအသင်းဟာ ၎င်းတို့ရဲ့ ကစားသမားတွေထဲက အချို့ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ခြေရာလိုက်နင်းပြီး ဆော်ဒီ အာရေဗျကလပ်အသင်းတွေကို လာမယ့်နွေရာသီမှာ ပြောင်းရွှေ့မှာကို ခွင့်ပြုသွားချင်တဲ့ဆန္ဒရှိနေပါတယ်။

လီဂူးဝမ်းချန်ပီယံတွေဟာ လီယွန်နယ် မက်ဆီ၊ နေမာ၊ ဆာဂျီယို ရာမို့စ်တို့နဲ့ လမ်းခွဲချင်နေပါတယ်။ Marca ကို အသိပေးထားပြီးဖြစ်တာက ဆာဂျီယို ရာမို့စ်ဟာ အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တယ်ဆိုတာပါ။ အယ်လ် နာဆာရဲ့ ပြိုင်ဘက် အယ်လ် ဟီလာလ်အသင်းကလည်း လီယွန်နယ် မက်ဆီကို ခေါ်ယူချင်တဲ့ ဆန္ဒရှိနေပါတယ်။

လီယွန်နယ် မက်ဆီကို ဆော်ဒီ အာရေဗျကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်တော့ နေမာကို ခေါ်ယူသွားနိုင်ပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာက ပီအက်စ်ဂျီကို မစွန့်ခွာချင်ပေမယ့်လည်း ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ ဆန္ဒရှိနေပါတယ်။”လို့ ဖော်ပြခဲ့ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ ဖခင် ဂျော့ဂျ် မက်ဆီက ဘာစီလိုနာဂန္တဝင်က အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာက သတင်းတုတွေသာ ဖြစ်တယ်လို့ ငြင်းဆန်ထားပေမယ့်လည်း နူးကမ့်ကို ပြန်လည်ပြောင်းရွှေ့နိုင်တဲ့အခြေအနေမရှိတာကြောင့် ရော်နယ်လ်ဒိုနောက်ကို လိုက်သွားနိုင်တဲ့အနေအထားရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္းဟာ ယခုလာမယ့္ ေႏြရာသီမွာ လီယြန္နယ္ မက္ဆီ၊ ဆာဂ်ီယို ရာမို႔စ္၊ ေနမာတို႔အားလုံးကို ထြက္ခြာခြင့္ေပးသြားဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီဟာ ေႏြရာသီမွာ အသင္းကို ျပန္လည္တည္ေဆာက္မႈေတြ ျပဳလုပ္သြားဖို႔ ႀကိဳတင္ျပင္ဆင္ေနတာေၾကာင့္ စီနီယာကစားသမားေတြထဲက ၂ ဦးကို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရွိတဲ့ ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕မွာကို ခြင့္ျပဳသြားမယ္လို႔ သိရပါတယ္။

လီယြန္နယ္ မက္ဆီေရာ ဆာဂ်ီယို ရာမို႔စ္ပါ ယခုရာသီကုန္မွာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ၿပီး စပိန္သတင္းစာ Marca က ျပင္သစ္ကလပ္အသင္းဟာ ၾကယ္ပြင့္ကစားသမား ၂ ဦးစလုံးကို ထြက္ခြာခြင့္ေပးသြားမွာျဖစ္သလို ေနမာအတြက္လည္း ကမ္းလွမ္းမႈေတြကို နားေထာင္သြားခ်င္တဲ့ဆႏၵရွိတယ္လို႔ သိရပါတယ္။

“တစ္ဆက္တည္းမွာပဲ ပီအက္စ္ဂ်ီအသင္းဟာ ၎တို႔ရဲ႕ ကစားသမားေတြထဲက အခ်ိဳ႕ဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေျခရာလိုက္နင္းၿပီး ေဆာ္ဒီ အာေရဗ်ကလပ္အသင္းေတြကို လာမယ့္ေႏြရာသီမွာ ေျပာင္းေ႐ႊ႕မွာကို ခြင့္ျပဳသြားခ်င္တဲ့ဆႏၵရွိေနပါတယ္။

လီဂူးဝမ္းခ်န္ပီယံေတြဟာ လီယြန္နယ္ မက္ဆီ၊ ေနမာ၊ ဆာဂ်ီယို ရာမို႔စ္တို႔နဲ႔ လမ္းခြဲခ်င္ေနပါတယ္။ Marca ကို အသိေပးထားၿပီးျဖစ္တာက ဆာဂ်ီယို ရာမို႔စ္ဟာ အယ္လ္နာဆာအသင္းကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနခဲ့တယ္ဆိုတာပါ။ အယ္လ္ နာဆာရဲ႕ ၿပိဳင္ဘက္ အယ္လ္ ဟီလာလ္အသင္းကလည္း လီယြန္နယ္ မက္ဆီကို ေခၚယူခ်င္တဲ့ ဆႏၵရွိေနပါတယ္။

လီယြန္နယ္ မက္ဆီကို ေဆာ္ဒီ အာေရဗ်ကို မေခၚယူႏိုင္ခဲ့ဘူးဆိုရင္ေတာ့ ေနမာကို ေခၚယူသြားႏိုင္ပါတယ္။ ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉး ေနမာက ပီအက္စ္ဂ်ီကို မစြန႔္ခြာခ်င္ေပမယ့္လည္း ကမ္းလွမ္းမႈေတြကို နားေထာင္သြားဖို႔ ဆႏၵရွိေနပါတယ္။”လို႔ ေဖာ္ျပခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ ဖခင္ ေဂ်ာ့ဂ်္ မက္ဆီက ဘာစီလိုနာဂႏၲဝင္က အေရွ႕အလယ္ပိုင္းကို ေျပာင္းေ႐ႊ႕ေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚေနတာက သတင္းတုေတြသာ ျဖစ္တယ္လို႔ ျငင္းဆန္ထားေပမယ့္လည္း ႏူးကမ့္ကို ျပန္လည္ေျပာင္းေ႐ႊ႕ႏိုင္တဲ့အေျခအေနမရွိတာေၾကာင့္ ေရာ္နယ္လ္ဒိုေနာက္ကို လိုက္သြားႏိုင္တဲ့အေနအထားရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.