Ligue1

ယူရိုသန်း ၇၀၀ စာချုပ်လျော်ကြေးနဲ့ကစားသမားကို ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ ရီးရဲလ်မက်ဒရစ် ဂိုးသမား ကူတွာကို ခေါ်ယူနိုင်ခြေကို ရှာဖွေသွားတော့မယ်လို့ ကတ်တလန်သတင်းဌာန El Nacional က ဖော်ပြခဲ့ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ချန်ပီယံလိဂ်အောင်မြင်မှု ရရှိဖို့ ကြိုးပမ်းမှုမှာ အဓိကကျတဲ့သူဖြစ်လာနိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

သတင်းတွေအရ ပီအက်စ်ဂျီအသင်းဥက္ကဌ နက်ဆာ အယ်လ်ခါလီဖီက လက်ရှိ ဂိုးသမားဖြစ်တဲ့ ဒွန်နာရမ်းမားနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီးရက်ဇ်ကလည်း ကူတွာအနေနဲ့ ဘာနေဗျူးမှာ ဆက်နေမယ်လို့ ယုံကြည်ချက်ရှိနေတယ်လို့ သိရပါတယ်။

အသက် ၃၀ အရွယ်ဂိုးသမားဟာ လာမယ့် ၂၀၂၆ ခုနှစ် နွေရာသီအထိ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ကစားသမားဖြစ်ပြီး စာချုပ်လျော်ကြေး ယူရိုသန်း ၇၀၀ ကို ထည့်သွင်းချုပ်ဆိုထားသူ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်လက်ရွေးစင်ဂိုးသမားဟာ စပိန်မှာ ပျော်ရွှင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဒွန်နာရမ်းမားဟာ၂၀၂၁ ခုနှစ် နွေရာသီမှာ ပီအက်စ်ဂျီကို အေစီမီလန်ကနေ အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။

အစပိုင်းတုန်းက ကေလာ နားဗက်စ်ကြောင့် ပွဲထွက်ကစားချိန် ရရှိဖို့ ရုန်းကန်ခဲ့ရပေမယ့်လည်း အီတလီလက်ရွေးစင်ဂိုးသမားဟာ ပီအက်စ်ဂျီအသင်း ဂိုးပေါက်မှာ အဓိက ရွေးချယ်စရာအဖြစ် သက်သေပြသထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒွန်နာရမ်းမားရဲ့ ဘက်ပေါင်းစုံစွမ်းဆောင်ရည်က ကောင်းမွန်ပေမယ့်လည်း အရေးကြီးတဲ့ အခြေအနေတွေမှာ အမှားကျူးလွန်ခဲ့ပြီး အထူးသဖြင့် ယခုနှစ် ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ ဖြစ်ပါတယ်။

အဲဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ ကူတွာကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ကမ္ဘာပေါ်က အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကူတွာဟာ ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပြီး ခက်ခဲတဲ့ ရာသီကို ဖြတ်သန်းနေခဲ့ရတာဖြစ်ပေမယ့်လည်း မနှစ်က လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ခဲ့တာဖြစ်ပါတယ်။

ကူတွာဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း သိသိသာသာ ကောင်းမွန်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းကို ဥရောပချန်ပီယံဖြစ်စေမယ့် ကာကွယ်မှုအများအပြားကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.