Premier League

မော်ဒယ်လ်ရှိုးလျှောက်လို့ အပြစ်ပေးခံခဲ့ရဖူးတဲ့ ဂွါဒီယိုလာ

ဂွါဒီယိုလာဟာ ကစားသမားဘဝတုန်းက မော်ဒယ်လ်အဖြစ် ဖက်ရှင်ရှိုး လျှောက်ခဲ့တာကြောင့် အပြစ်ပေးခံခဲ့ရဖူးပြီး နည်းပြဘဝမှာတော့ ၎င်းရဲ့ ကစားသမားတွေထဲက တစ်ဦးကို အဲဒီလို မလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ဂျူလီယာ ရောဘတ်က မန်ချက်စတာစီးတီးကို ဘယ်တုန်းကမှ မလည်ပတ်ခဲ့တာကို စိတ်အနှောင့်အယှက်ဖြစ်ခဲ့တာက ၎င်းရဲ့  အနုပညာဗီဇကို ပြသခွင့် မရခဲ့တာကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဂျူလီယာ ရောဘတ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကိုသာ လည်ပတ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာဟာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့တာဖြစ်ပြီး မန်ယူနိုက်တက် ဆိုရှယ်မီဒီယာအသင်းကတော့ တော်တော်လေး ပျော်ရွှင်ခဲ့တာ သိသာပါတယ်။

ဂွါဒီယိုလာဟာ ဂျူလီယာ ရောဘတ်သာ မန်စီးတီးကို အလည်အပတ်လာခဲ့ရင် ၎င်းရဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်နဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြသဖို့ အခွင့်အရေးရရှိလိမ့်မယ်လို့ ခံစားခဲ့ရတာဖြစ်နိုင်ပြီး စပိန်လူမျိုးနည်းပြဟာ ကစားသမားဘဝတုန်းက မော်ဒယ်လ်တစ်ယောက်ဖြစ်လာချင်ခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ၁၉၉၃ ခုနှစ်တုန်းက ကာတာလိုးနီးယားဖက်ရှင် ဒီဇိုင်နာ အန်တိုနီယို မီရိုအတွက် ဖက်ရှင်ရှိုး လျှောက်ပေးခဲ့ဖူးတာဖြစ်ပြီး အဲဒါက စပိန်လူမျိုးနည်းပြကို နူးကမ့်မှာ ပြဿနာတက်စေခဲ့တယ်လို့ မီရိုရဲ့သား ဒေးဗစ်က ရှင်းပြခဲ့ပါတယ်။

“ပက်က ကျွန်တော့်အဖေကို ၉၀ ကျော်တုန်းက သူ့အတွက် မော်ဒယ်လ်လုပ်ပေးလို့ရမလားလို့ မေးခဲ့တယ်။ ကျွန်တော့်အဖေကလည်း ဘာစီလိုနာပရိသတ်ဆိုတော့ အဲဒီအကြံအစည်ကို သဘောကျပြီး လက်ခံလိုက်တာပေါ့။ ယိုဟန် ခရိုက်ဖ်က ပက်ကို အဲဒီမော်ဒယ်လ်ရှိုးအပြီးမှာ ပရော်ဖက်ရှင်နယ်မပီသမှုနဲ့ ဒဏ်ရိုက်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာဟာ အဲဒီဖြစ်စဉ်ကနေ သင်ခန်းစာ ရရှိခဲ့တာ သိသာပြီး ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ဆိုတဲ့ ပုံစံမျိုး လုပ်ဆောင်ခဲ့တယ်လို့ ဖက်ရှင်ဒီဇိုင်နာရဲ့သားဖြစ်သူက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

“နှစ်အချို့ ကြာတဲ့အချိန်မှာ ဘာစီလိုနာ နောက်ခံလူ ဂျရတ် ပီကေးက ကျွန်တော့်အဖေကို နည်းပြလုပ်ပေးဖို့ ပြောခဲ့တယ်။ ဂွါဒီယိုလာက ခွင့်မပြုခဲ့ပါဘူး။ ရယ်စရာကောင်းတဲ့အရာက ဂွါဒီယိုလာ အဲဒီပွဲမှာတုန်းက ဝတ်ခဲ့သမျှ အဝတ်အစားတွေက ရက်အနည်းငယ်အတွင်းမှာ အကုန် ရောင်းချခဲ့ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂြါဒီယိုလာဟာ ကစားသမားဘဝတုန္းက ေမာ္ဒယ္လ္အျဖစ္ ဖက္ရွင္ရႈိး ေလွ်ာက္ခဲ့တာေၾကာင့္ အျပစ္ေပးခံခဲ့ရဖူးၿပီး နည္းျပဘဝမွာေတာ့ ၎ရဲ႕ ကစားသမားေတြထဲက တစ္ဦးကို အဲဒီလို မလုပ္ဖို႔ တားျမစ္ခဲ့ပါတယ္။

ဂြါဒီယိုလာဟာ ဂ်ဴလီယာ ေရာဘတ္က မန္ခ်က္စတာစီးတီးကို ဘယ္တုန္းကမွ မလည္ပတ္ခဲ့တာကို စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့တာက ၎ရဲ႕  အႏုပညာဗီဇကို ျပသခြင့္ မရခဲ့တာေၾကာင့္ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။

ဂ်ဴလီယာ ေရာဘတ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကိုသာ လည္ပတ္ဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာဟာ စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့တာျဖစ္ၿပီး မန္ယူႏိုက္တက္ ဆိုရွယ္မီဒီယာအသင္းကေတာ့ ေတာ္ေတာ္ေလး ေပ်ာ္႐ႊင္ခဲ့တာ သိသာပါတယ္။

ဂြါဒီယိုလာဟာ ဂ်ဴလီယာ ေရာဘတ္သာ မန္စီးတီးကို အလည္အပတ္လာခဲ့ရင္ ၎ရဲ႕ ၾကည့္ေကာင္းတဲ့ ႐ုပ္ရည္နဲ႔ ကိုယ္ရည္ကိုယ္ေသြးကို ျပသဖို႔ အခြင့္အေရးရရွိလိမ့္မယ္လို႔ ခံစားခဲ့ရတာျဖစ္ႏိုင္ၿပီး စပိန္လူမ်ိဳးနည္းျပဟာ ကစားသမားဘဝတုန္းက ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္လာခ်င္ခဲ့တာ ျဖစ္ပါတယ္။ ဂြါဒီယိုလာဟာ ၁၉၉၃ ခုႏွစ္တုန္းက ကာတာလိုးနီးယားဖက္ရွင္ ဒီဇိုင္နာ အန္တိုနီယို မီ႐ိုအတြက္ ဖက္ရွင္ရႈိး ေလွ်ာက္ေပးခဲ့ဖူးတာျဖစ္ၿပီး အဲဒါက စပိန္လူမ်ိဳးနည္းျပကို ႏူးကမ့္မွာ ျပႆနာတက္ေစခဲ့တယ္လို႔ မီ႐ိုရဲ႕သား ေဒးဗစ္က ရွင္းျပခဲ့ပါတယ္။

“ပက္က ကြၽန္ေတာ့္အေဖကို ၉၀ ေက်ာ္တုန္းက သူ႔အတြက္ ေမာ္ဒယ္လ္လုပ္ေပးလို႔ရမလားလို႔ ေမးခဲ့တယ္။ ကြၽန္ေတာ့္အေဖကလည္း ဘာစီလိုနာပရိသတ္ဆိုေတာ့ အဲဒီအႀကံအစည္ကို သေဘာက်ၿပီး လက္ခံလိုက္တာေပါ့။ ယိုဟန္ ခ႐ိုက္ဖ္က ပက္ကို အဲဒီေမာ္ဒယ္လ္ရႈိးအၿပီးမွာ ပေရာ္ဖက္ရွင္နယ္မပီသမႈနဲ႔ ဒဏ္႐ိုက္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဂြါဒီယိုလာဟာ အဲဒီျဖစ္စဥ္ကေန သင္ခန္းစာ ရရွိခဲ့တာ သိသာၿပီး ငါေျပာသလိုလုပ္ ငါလုပ္သလို မလုပ္နဲ႔ဆိုတဲ့ ပုံစံမ်ိဳး လုပ္ေဆာင္ခဲ့တယ္လို႔ ဖက္ရွင္ဒီဇိုင္နာရဲ႕သားျဖစ္သူက ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

“ႏွစ္အခ်ိဳ႕ ၾကာတဲ့အခ်ိန္မွာ ဘာစီလိုနာ ေနာက္ခံလူ ဂ်ရတ္ ပီေကးက ကြၽန္ေတာ့္အေဖကို နည္းျပလုပ္ေပးဖို႔ ေျပာခဲ့တယ္။ ဂြါဒီယိုလာက ခြင့္မျပဳခဲ့ပါဘူး။ ရယ္စရာေကာင္းတဲ့အရာက ဂြါဒီယိုလာ အဲဒီပြဲမွာတုန္းက ဝတ္ခဲ့သမွ် အဝတ္အစားေတြက ရက္အနည္းငယ္အတြင္းမွာ အကုန္ ေရာင္းခ်ခဲ့ရပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.