Premier League

ရီးရဲလ်အန္တရာယ်ကနေ ကြိုတင်ကာကွယ်ဖို့ ပြင်ဆင်နေတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးဟာ အာလင်း ဟာလန်းကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် အစ်တီဟတ်မှာ ကြီးမားတဲ့ လစာပမာဏနဲ့ စာချုပ်သစ်ကို ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဟာလန်းဟာ ပရီးမီးယားလိဂ်ကို ရောက်ရောက်ချင်းပဲ အရင်တုန်းက တင်ရှိထားတဲ့ စံချိန်တွေကို လျင်လျင်မြန်မြန် ရိုက်ချိုးခဲ့တာဖြစ်ပြီး နော်ဝေတိုက်စစ်မှူးဟာ ၂၆ ပွဲမှာ ၂၈ ဂိုးအထိ သွင်းယူထားတာကြောင့် ဆာလားရဲ့ ၃၈ ပွဲမှာ ၃၂ ဂိုးစံချိန်ကို လိုက်မီဖို့ ၁၂ ပွဲသာ လိုတော့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

နော်ဝေလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းချိန်မှာ ဒဏ်ရာရရှိခဲ့တဲ့အတွက် လူစာရင်းကနေ နုတ်ထွက်ခဲ့ရပြီး ကလပ်အသင်းပွဲစဉ်တွေကို လွဲချော်မှာကို စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့်လည်း မကြာမီအချိန်အတွင်း ပြန်လာဖို့ များနေတာ ဖြစ်ပါတယ်။

ဂွါဒီယိုလာကလည်း ဟာလန်းကို အမြန်ဆုံး ပြန်လာစေချင်နေမှာ သေချာပြီး ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ အာဆင်နယ်ကို အမီလိုက်ဖို့ ဆက်လက်ကြိုးပမ်းရမှာဖြစ်သလို ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာလည်း တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲ ၂ ခုမှာ ဟာလန်းက ၈ ဂိုးအထိ သွင်းယူထားပြီး ရာသီနောက်ဆုံးအပိုင်းမှာ ဘယ်လောက်အထိ အရေးပါတဲ့ ကစားသမားလဲဆိုတာကို ပြသထားခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ အရင်တုန်းက ဟာလန်းကို ခေါ်ယူဖို့ သတင်းထွက်ခဲ့ပေမယ့် မန်စီးတီးက အဲဒီလိုမဖြစ်အောင် လုပ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်

မန်ချက်စတာစီးတီးဟာ ယခုလာမယ့်နွေရာသီမှာ နော်ဝေတိုက်စစ်မှူး အာလင်း ဟာလန်းကို တစ်ပတ်လုပ်ခလစာ ပေါင် ၅ သိန်းအထိ တိုးမြှင့်ပေးပြီး ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းလစာရရှိနေတဲ့ ကစားသမားဖြစ်လာအောင် လုပ်ပေးသွားချင်နေတယ်လို့ သိရပါတယ်။

ဒေါ့မွန်ကြယ်ပွင့်ဟောင်းဟာ လက်ရှိမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၃၇၅၀၀၀ ရရှိနေပြီး မန်စီးတီးအသင်းဖော် ဒီဘရိုင်းနား၊ မန်ယူနိုက်တက်ဂိုးသမား ဒဟေးယားတို့နဲ့ လစာတန်းတူ ရရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးဟာ အာလင္း ဟာလန္းကို ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ အႏၲရာယ္ကေန ကာကြယ္ႏိုင္ဖို႔အတြက္ အစ္တီဟတ္မွာ ႀကီးမားတဲ့ လစာပမာဏနဲ႔ စာခ်ဳပ္သစ္ကို ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ဟာလန္းဟာ ပရီးမီးယားလိဂ္ကို ေရာက္ေရာက္ခ်င္းပဲ အရင္တုန္းက တင္ရွိထားတဲ့ စံခ်ိန္ေတြကို လ်င္လ်င္ျမန္ျမန္ ႐ိုက္ခ်ိဳးခဲ့တာျဖစ္ၿပီး ေနာ္ေဝတိုက္စစ္မႉးဟာ ၂၆ ပြဲမွာ ၂၈ ဂိုးအထိ သြင္းယူထားတာေၾကာင့္ ဆာလားရဲ႕ ၃၈ ပြဲမွာ ၃၂ ဂိုးစံခ်ိန္ကို လိုက္မီဖို႔ ၁၂ ပြဲသာ လိုေတာ့တယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။

ေနာ္ေဝလက္ေ႐ြးစင္အသင္းနဲ႔ ပူးေပါင္းခ်ိန္မွာ ဒဏ္ရာရရွိခဲ့တဲ့အတြက္ လူစာရင္းကေန ႏုတ္ထြက္ခဲ့ရၿပီး ကလပ္အသင္းပြဲစဥ္ေတြကို လြဲေခ်ာ္မွာကို စိုးရိမ္မႈေတြ ရွိခဲ့ေပမယ့္လည္း မၾကာမီအခ်ိန္အတြင္း ျပန္လာဖို႔ မ်ားေနတာ ျဖစ္ပါတယ္။

ဂြါဒီယိုလာကလည္း ဟာလန္းကို အျမန္ဆုံး ျပန္လာေစခ်င္ေနမွာ ေသခ်ာၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံေတြဟာ အာဆင္နယ္ကို အမီလိုက္ဖို႔ ဆက္လက္ႀကိဳးပမ္းရမွာျဖစ္သလို ခ်န္ပီယံလိဂ္နဲ႔ အက္ဖ္ေအဖလားၿပိဳင္ပြဲေတြမွာလည္း တိုက္ပြဲဝင္ရမွာျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲ ၂ ခုမွာ ဟာလန္းက ၈ ဂိုးအထိ သြင္းယူထားၿပီး ရာသီေနာက္ဆုံးအပိုင္းမွာ ဘယ္ေလာက္အထိ အေရးပါတဲ့ ကစားသမားလဲဆိုတာကို ျပသထားခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းဟာ အရင္တုန္းက ဟာလန္းကို ေခၚယူဖို႔ သတင္းထြက္ခဲ့ေပမယ့္ မန္စီးတီးက အဲဒီလိုမျဖစ္ေအာင္ လုပ္ေဆာင္သြားဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္ပါတယ္

မန္ခ်က္စတာစီးတီးဟာ ယခုလာမယ့္ေႏြရာသီမွာ ေနာ္ေဝတိုက္စစ္မႉး အာလင္း ဟာလန္းကို တစ္ပတ္လုပ္ခလစာ ေပါင္ ၅ သိန္းအထိ တိုးျမႇင့္ေပးၿပီး ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္းလစာရရွိေနတဲ့ ကစားသမားျဖစ္လာေအာင္ လုပ္ေပးသြားခ်င္ေနတယ္လို႔ သိရပါတယ္။

ေဒါ့မြန္ၾကယ္ပြင့္ေဟာင္းဟာ လက္ရွိမွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၃၇၅၀၀၀ ရရွိေနၿပီး မန္စီးတီးအသင္းေဖာ္ ဒီဘ႐ိုင္းနား၊ မန္ယူႏိုက္တက္ဂိုးသမား ဒေဟးယားတို႔နဲ႔ လစာတန္းတူ ရရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.