International

ပေါက်ကြားလာတဲ့အင်္ဂလန်လူစာရင်းကြောင့် ပျော်ရွှင်နေတဲ့ ပရိသတ်များ

အင်္ဂလန်အသင်းဟာ ယနေ့ည ယူကရိန်းနဲ့ ကစားရမယ့် ယူရိုခြေစစ်ပွဲအတွက် ဂါးရတ် ဆောက်ဂိတ်ရဲ့ လူစာရင်းရွေးချယ်မှုမှာ ဂျိမ်းစ် မက်ဒီဆင် ပါဝင်လာမှာဖြစ်တယ်ဆိုတဲ့သတင်းပေါက်ကြားလာခဲ့ပြီးနောက် စိတ်လှုပ်ရှားခဲ့ကြပါတယ်။

ဆောက်ဂိတ်ဟာ လူစာရင်းထုတ်လိုက်တိုင်း ဝေဖန်မခံရတဲ့အချိန်ဆိုတာ မရှိခဲ့သူဖြစ်ပြီး ဟိုကစားသမားကို ရွေးရင်လည်း ဒီကစားသမား ပါမလာပြန်ဘူးဆိုပြီး ဘောလုံးဝေဖန်သုံးသပ်သူတွေနဲ့ ပရိသတ်တွေဆီက ပြစ်တင်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။

ဂျက်ခ် ဂရီးလစ်ရှ်ရဲ့ အင်္ဂလန်က ဂုဏ်သတင်း ကြီးထွားလာခဲ့ပေမယ့်လည်း ဆောက်ဂိတ်က ၎င်းရဲ့ လူစာရင်းထဲမှာရော ပွဲထွက်လူစာရင်းထဲမှာပါ မရွေးချယ်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ အသင်းရဲ့ အဓိကကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

ယခုအပတ်အစောပိုင်းမှာလည်း အင်္ဂလန်လက်ရွေးစင်နည်းပြဟာ အီတလီနဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာ ကယ်လ်ဗင် ဖိလစ်ပ်စ်ကို ပွဲထွက်လူစာရင်းထဲ ထည့်ခဲ့လို့ ပြစ်တင်ဝေဖန်မှုတွေခံခဲ့ရသေးတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးကွင်းလယ်ကစားသမားက ယူရို ၂၀၂၀ ဗိုလ်လုပွဲက သွေးကြွေးကို ပြန်ဆပ်တဲ့ပွဲစဉ်မှာ ကောင်းကောင်း စွမ်းဆောင်ပြနိုင်ခဲ့တာကြောင့်သာ အသံတွေ တိတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ ယူကရိန်းနဲ့ပွဲစဉ်မှာလည်း အနီကတ်နဲ့ ပွဲပယ်ခံထားရတဲ့ လုခ် ရှောနေရာကလွဲပြီး အပြောင်းအလဲမလုပ်ဘဲ ပွဲထွက်လာမယ်လို့ မျှော်မှန်းခြင်းခံခဲ့ရပေမယ့်လည်း အဲဒီလိုမဟုတ်ဘူးလို့ သိရပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ လက်စတာစီးတီးကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင်ဟာ နောက်ဆုံးမှာတော့ အင်္ဂလန်လက်ရွေးစင်ကစားသမားအဖြစ်နဲ့ ပထမဆုံးအကြိမ် ပွဲထွက်ပါဝင်ကစားခွင့် ရရှိသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

“အကြာကြီးစောင့်မျှော်ခဲ့ရတဲ့အချိန်ရောက်လာပြီ။ သူက အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်မယ်ဆိုတာ သံသယမရှိပါဘူး။ မက်ဒီဆင်နဲ့ ဆာကာတို့က ညာတောင်ပံခြမ်းမှာ ကစားမယ်။ အဲဒါက ပွဲကောင်းတစ်ပွဲဖြစ်လာတော့မှာပဲ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “နောက်ဆုံးတော့ အခု ကမ္ဘာကြီးက လက်စတာစီးတီးက ဘာကြောင့် သူ့ကို ချစ်မြတ်နိုးပြီး ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် တန်ဖိုးထားတာလဲဆိုတာကို နားလည်သွားတော့မယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္အသင္းဟာ ယေန႔ည ယူကရိန္းနဲ႔ ကစားရမယ့္ ယူ႐ိုေျခစစ္ပြဲအတြက္ ဂါးရတ္ ေဆာက္ဂိတ္ရဲ႕ လူစာရင္းေ႐ြးခ်ယ္မႈမွာ ဂ်ိမ္းစ္ မက္ဒီဆင္ ပါဝင္လာမွာျဖစ္တယ္ဆိုတဲ့သတင္းေပါက္ၾကားလာခဲ့ၿပီးေနာက္ စိတ္လႈပ္ရွားခဲ့ၾကပါတယ္။

ေဆာက္ဂိတ္ဟာ လူစာရင္းထုတ္လိုက္တိုင္း ေဝဖန္မခံရတဲ့အခ်ိန္ဆိုတာ မရွိခဲ့သူျဖစ္ၿပီး ဟိုကစားသမားကို ေ႐ြးရင္လည္း ဒီကစားသမား ပါမလာျပန္ဘူးဆိုၿပီး ေဘာလုံးေဝဖန္သုံးသပ္သူေတြနဲ႔ ပရိသတ္ေတြဆီက ျပစ္တင္မႈေတြ ခံခဲ့ရတာျဖစ္ပါတယ္။

ဂ်က္ခ္ ဂရီးလစ္ရွ္ရဲ႕ အဂၤလန္က ဂုဏ္သတင္း ႀကီးထြားလာခဲ့ေပမယ့္လည္း ေဆာက္ဂိတ္က ၎ရဲ႕ လူစာရင္းထဲမွာေရာ ပြဲထြက္လူစာရင္းထဲမွာပါ မေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ အသင္းရဲ႕ အဓိကကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။

ယခုအပတ္အေစာပိုင္းမွာလည္း အဂၤလန္လက္ေ႐ြးစင္နည္းျပဟာ အီတလီနဲ႔ ကစားခဲ့တဲ့ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲ အဖြင့္ပြဲစဥ္မွာ ကယ္လ္ဗင္ ဖိလစ္ပ္စ္ကို ပြဲထြက္လူစာရင္းထဲ ထည့္ခဲ့လို႔ ျပစ္တင္ေဝဖန္မႈေတြခံခဲ့ရေသးတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးကြင္းလယ္ကစားသမားက ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲက ေသြးေႂကြးကို ျပန္ဆပ္တဲ့ပြဲစဥ္မွာ ေကာင္းေကာင္း စြမ္းေဆာင္ျပႏိုင္ခဲ့တာေၾကာင့္သာ အသံေတြ တိတ္သြားခဲ့တာ ျဖစ္ပါတယ္။

ေဆာက္ဂိတ္ဟာ ယူကရိန္းနဲ႔ပြဲစဥ္မွာလည္း အနီကတ္နဲ႔ ပြဲပယ္ခံထားရတဲ့ လုခ္ ေရွာေနရာကလြဲၿပီး အေျပာင္းအလဲမလုပ္ဘဲ ပြဲထြက္လာမယ္လို႔ ေမွ်ာ္မွန္းျခင္းခံခဲ့ရေပမယ့္လည္း အဲဒီလိုမဟုတ္ဘူးလို႔ သိရပါတယ္။ Sky Sports ရဲ႕ ေဖာ္ျပခ်က္အရ လက္စတာစီးတီးကြင္းလယ္လူ ဂ်ိမ္းစ္ မက္ဒီဆင္ဟာ ေနာက္ဆုံးမွာေတာ့ အဂၤလန္လက္ေ႐ြးစင္ကစားသမားအျဖစ္နဲ႔ ပထမဆုံးအႀကိမ္ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိသြားေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

“အၾကာႀကီးေစာင့္ေမွ်ာ္ခဲ့ရတဲ့အခ်ိန္ေရာက္လာၿပီ။ သူက အထင္ႀကီးဖြယ္ေျခစြမ္းျပသႏိုင္မယ္ဆိုတာ သံသယမရွိပါဘူး။ မက္ဒီဆင္နဲ႔ ဆာကာတို႔က ညာေတာင္ပံျခမ္းမွာ ကစားမယ္။ အဲဒါက ပြဲေကာင္းတစ္ပြဲျဖစ္လာေတာ့မွာပဲ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ေနာက္ဆုံးေတာ့ အခု ကမာၻႀကီးက လက္စတာစီးတီးက ဘာေၾကာင့္ သူ႔ကို ခ်စ္ျမတ္ႏိုးၿပီး ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ တန္ဖိုးထားတာလဲဆိုတာကို နားလည္သြားေတာ့မယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.