International

ဟာဗတ်ဇ်ရဲ့ ပင်နယ်တီကို ခွင့်မပြုခဲ့တာကို နားမလည်နိုင်ဖြစ်ခဲ့တဲ့ ပရိသတ်များ

ခိုင် ဟာဗတ်ဇ်ဟာ နောက်ထပ်တစ်ကြိမ် ပင်နယ်တီ အဆုံးအဖြတ်မှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး စနေနေ့က ပီရူးနဲ့ကစားခဲ့တဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ဂိုးတိုင်ထိမှန်ခဲ့တာဖြစ်ပါတယ်။

တကယ်လို့ ဂျာမန်ကြယ်ပွင့်ဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ပင်နယ်တီ ကန်သွင်းသူအဖြစ် ဆက်လက် တာဝန်ပေးခံရမယ်ဆိုရင်တောင်မှ ဟာဗတ်ဇ်နဲ့ ပင်နယ်တီက အကျိုးမပေးပုံပေါ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စ်မှူးဟာ ယခုလအစတုန်းကလည်း ဒေါ့မွန်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အငြင်းပွားစရာကိစ္စတွေရဲ့ တရားခံဖြစ်ခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်အတွင်း ပင်နယ်တီ ကန်သွင်းမှုက တိုင်ထိခဲ့ပေမယ့်လည်း ဘွန်ဒက်စ်လီဂါအသင်းဘက်က ပင်နယ်တီဧရိယာထဲ ကျူးကျော်ဝင်ရောက်မှုရှိခဲ့တယ်ဆိုပြီး ဒိုင်လူကြီးက ပြန်ကန်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

ဟာဗတ်ဇ်ရဲ့ ဒုတိယအကြိမ် ကန်သွင်းမှုက ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး ဒေါ့မွန်အသင်း ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် ဒေါ့မွန်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်က ပင်နယ်တီ ပြန်ကန်ခိုင်းတာနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ခိုင် ဟာဗတ်ဇ်ဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ အဲဗာတန်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီကနေ ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီးလည်း နည်းပြ ပေါ့တားက သဘောမကျဘူးလို့ ဝေဖန်ခြင်းကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။

စနေနေ့မှာလည်း အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ နောက်ထပ်တစ်ကြိမ် ပင်နယ်တီ ကန်သွင်းဖို့ တာဝန်ကျခဲ့ပြီး ဂျာမနီအတွက် ကန်သွင်းခဲ့တဲ့ ပင်နယ်တီက ထင်ထားတဲ့အတိုင်း ဖြစ်မလာခဲ့တာ ဖြစ်ပါတယ်။ ခိုင်ဟာဗတ်ဇ်ဟာ နောက်ထပ်တစ်ကြိမ် ဂိုးတိုင် ထိမှန်ခဲ့တာဖြစ်ပြီး ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ပိတ်သွင်းယူခဲ့ပေမယ့်လည်း ဒိုင်လူကြီးက ဂိုးခွင့်မပြုဘဲ ပီရူးအသင်းကို ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဟာဗတ်ဇ်ရဲ့ တုံ့ပြန်မှုကို ကြည့်ရင် “ကန်သွင်းသူဟာ ဘောလုံးက နောက်ထပ်ကစားသမားတစ်ဦးနဲ့ မထိမချင်း နောက်ထပ်တစ်ကြိမ် ဘောလုံးကို မကစားရ”ဆိုတဲ့ စည်းမျဉ်းကို သိရှိထားပုံပေါ်ပေမယ့် ပရိသတ်တွေကတော့ ဘာဖြစ်သွားမှန်းတောင် မသိခဲ့ကြတာဖြစ်ပါတယ်။

“ငါ ဘောလုံးပွဲကြည့်လာတာ နှစ်ပေါင်း ၄၀ လောက်ရှိပြီ။ ဒါမျိုးဖြစ်တာ မြင်ဖူးတာ ပထမဆုံးပဲ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဒီစည်းမျဉ်းကို တစ်ခါမှ မကြားဖူးဘူး”လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI: ခိုင္ ဟာဗတ္ဇ္ဟာ ေနာက္ထပ္တစ္ႀကိမ္ ပင္နယ္တီ အဆုံးအျဖတ္မွာ အျငင္းပြားစရာျဖစ္ခဲ့ၿပီး စေနေန႔က ပီ႐ူးနဲ႔ကစားခဲ့တဲ့ ခ်စ္ၾကည္ေရး ေျခစမ္းပြဲမွာ ဂိုးတိုင္ထိမွန္ခဲ့တာျဖစ္ပါတယ္။

တကယ္လို႔ ဂ်ာမန္ၾကယ္ပြင့္ဟာ ကလပ္အသင္းနဲ႔ ႏိုင္ငံအသင္းအတြက္ ပင္နယ္တီ ကန္သြင္းသူအျဖစ္ ဆက္လက္ တာဝန္ေပးခံရမယ္ဆိုရင္ေတာင္မွ ဟာဗတ္ဇ္နဲ႔ ပင္နယ္တီက အက်ိဳးမေပးပုံေပၚပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စ္မႉးဟာ ယခုလအစတုန္းကလည္း ေဒါ့မြန္ကို အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အျငင္းပြားစရာကိစၥေတြရဲ႕ တရားခံျဖစ္ခဲ့တာျဖစ္ၿပီး အဲဒီပြဲစဥ္အတြင္း ပင္နယ္တီ ကန္သြင္းမႈက တိုင္ထိခဲ့ေပမယ့္လည္း ဘြန္ဒက္စ္လီဂါအသင္းဘက္က ပင္နယ္တီဧရိယာထဲ က်ဴးေက်ာ္ဝင္ေရာက္မႈရွိခဲ့တယ္ဆိုၿပီး ဒိုင္လူႀကီးက ျပန္ကန္ခိုင္းခဲ့တာ ျဖစ္ပါတယ္။

ဟာဗတ္ဇ္ရဲ႕ ဒုတိယအႀကိမ္ ကန္သြင္းမႈက ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ၿပီး ေဒါ့မြန္အသင္း ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာေၾကာင့္ ေဒါ့မြန္ၾကယ္ပြင့္ ဂ်ဳဒ္ ဘယ္လင္ဟမ္က ပင္နယ္တီ ျပန္ကန္ခိုင္းတာနဲ႔ပတ္သက္ၿပီး ေဝဖန္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ခိုင္ ဟာဗတ္ဇ္ဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အဲဗာတန္ကို အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ပင္နယ္တီကေန ဂိုးသြင္းယူၿပီးေနာက္ ေအာင္ပြဲခံခဲ့တဲ့ပုံစံနဲ႔ပတ္သက္ၿပီးလည္း နည္းျပ ေပါ့တားက သေဘာမက်ဘူးလို႔ ေဝဖန္ျခင္းကိုလည္း ခံခဲ့ရတာျဖစ္ပါတယ္။

စေနေန႔မွာလည္း အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ေနာက္ထပ္တစ္ႀကိမ္ ပင္နယ္တီ ကန္သြင္းဖို႔ တာဝန္က်ခဲ့ၿပီး ဂ်ာမနီအတြက္ ကန္သြင္းခဲ့တဲ့ ပင္နယ္တီက ထင္ထားတဲ့အတိုင္း ျဖစ္မလာခဲ့တာ ျဖစ္ပါတယ္။ ခိုင္ဟာဗတ္ဇ္ဟာ ေနာက္ထပ္တစ္ႀကိမ္ ဂိုးတိုင္ ထိမွန္ခဲ့တာျဖစ္ၿပီး ျပန္လွ်ံထြက္လာတဲ့ ေဘာလုံးကို ပိတ္သြင္းယူခဲ့ေပမယ့္လည္း ဒိုင္လူႀကီးက ဂိုးခြင့္မျပဳဘဲ ပီ႐ူးအသင္းကို ျပစ္ဒဏ္ေဘာ သတ္မွတ္ေပးခဲ့တာ ျဖစ္ပါတယ္။

ဟာဗတ္ဇ္ရဲ႕ တုံ႔ျပန္မႈကို ၾကည့္ရင္ “ကန္သြင္းသူဟာ ေဘာလုံးက ေနာက္ထပ္ကစားသမားတစ္ဦးနဲ႔ မထိမခ်င္း ေနာက္ထပ္တစ္ႀကိမ္ ေဘာလုံးကို မကစားရ”ဆိုတဲ့ စည္းမ်ဥ္းကို သိရွိထားပုံေပၚေပမယ့္ ပရိသတ္ေတြကေတာ့ ဘာျဖစ္သြားမွန္းေတာင္ မသိခဲ့ၾကတာျဖစ္ပါတယ္။

“ငါ ေဘာလုံးပြဲၾကည့္လာတာ ႏွစ္ေပါင္း ၄၀ ေလာက္ရွိၿပီ။ ဒါမ်ိဳးျဖစ္တာ ျမင္ဖူးတာ ပထမဆုံးပဲ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဒီစည္းမ်ဥ္းကို တစ္ခါမွ မၾကားဖူးဘူး”လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z