International

နေမာမပါတာနဲ့ ရှုံးတဲ့အသင်းလို့ ပြစ်တင်ဝေဖန်ခံနေရတဲ့ ဘရာဇီးလ်

ဘရာဇီးလ်အသင်းဟာ စနေနေ့က မော်ရိုကိုအသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်မှာ အပြင်းအထန် လှောင်ပြောင်ဝေဖန်ခြင်း ခံခဲ့ရပါတယ်။

လက်ထောက်နည်းပြ ရာမွန် မီနီဇိစ်ဦးဆောင်တဲ့ ဘရာဇီးလ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားအပြီး ပထမဆုံးပွဲစဉ်အဖြစ် မော်ရိုကိုအသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလက ကာတာမှာ စိတ်ပျက်ဖွယ် ထွက်ခွာခဲ့ရပြီးနောက် အကောင်းဆုံးစတင်နိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရာဇီးလ်အသင်းအတွက် အရာအားလုံးက စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့တာဖြစ်ပြီး မော်ရိုကိုအသင်းက အိမ်ကွင်းပရိသတ်တွေကို ပျော်ရွှင်အောင် တောင်အမေရိကထိပ်သီးအသင်းကြီးကို ၂-၁ နဲ့ အံ့အားသင့်ဖွယ် အနိုင်ကစားပြခဲ့တာဖြစ်ပါတယ်။

ဆိုဖီယန်း ဘူဖယ်လ်က ပွဲကစားချိန် ၂၉ မိနစ်မှာ မော်ရိုကိုအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ကာစီမီရိုက ပွဲကစားချိန် မိနစ် ၆၇ မိနစ်မှာ ဧည့်သည်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ကာစီမီရိုရဲ့ ချေပဂိုးအပြီး ၁၂ မိနစ်အကြာမှာပဲ မော်ရိုကိုအသင်းက ဘရာဇီးလ်ကို အံ့အားသင့်ဖွယ် နိုင်ပွဲ ရရှိစေမယ့် အနိုင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပြီး ဆာဘီရီက ချက်ဒီရာရဲ့ ဖန်တီးပေးပို့မှုကနေ အိမ်ရှင်အသင်းအတွက် ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဝါလစ်ဒ် ရီဂရာဂီရဲ့အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တာဟာ တိုက်ဆိုင်မှုမဟုတ်ဘူးဆိုတာကို ပြသခဲ့တာဖြစ်ပြီး ဘရာဇီးလ်အသင်းကတော့ နေမာလိုမျိုး အဓိကကစားသမားမပါဝင်ချိန်မှာ ကမ္ဘာ့ဖလားတုန်းက စိတ်ပျက်စရာတွေကို နောက်မှ ချန်မထားနိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး မပါဝင်နိုင်ခဲ့ချိန်မှာ နိုင်ပွဲ မရယူနိုင်ခဲ့တဲ့အတွက် ဘရာဇီးလ်အသင်းသားတွေဟာ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး ပရိသတ်တစ်ဦးက “ဘရာဇီးလ်အသင်းက ကမ္ဘာပေါ်မှာ နာမည်ကြီး ထမင်းအငတ်ဆုံးအသင်းပဲ။ သူတို့တွေက ကိုရီးယားနဲ့ ကစားခဲ့တဲ့ ၄-၁ ပွဲစဉ်(၂၀၂၂ ကမ္ဘာ့ဖလား)မှာ ငါတို့ကို တကယ်အယုံသွင်းခဲ့တာပဲ”လို့ ဝေဖန်ခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “နေမာမရှိရင် ပါတီမရှိဘူး”လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘရာဇီးလ်အသင်းဟာ စနေနေ့က မော်ရိုကိုအသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်မှာ အပြင်းအထန် လှောင်ပြောင်ဝေဖန်ခြင်း ခံခဲ့ရပါတယ်။