La Liga Ligue1

မက်ဆီကို ပြန်ခေါ်ဖို့ လူစာရင်းတဝက်လောက် ရောင်းရမယ့် ဘာစီလိုနာ

The Athletic ဂျာနယ်လစ် ပေါလ် တီနိုရီယိုက ဘာစီလိုနာအသင်းအနေနဲ့ လီယွန်နယ် မက်ဆီကို ပြန်လည်ခေါ်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့ပြီး ကတ်တလန်အသင်းကြီးဟာ ၂၀၂၀-၂၀၂၁ ရာသီအပြီး ပီအက်စ်ဂျီကို ထွက်ခွာခဲ့တဲ့ အာဂျင်တီးနားမှော်ဆရာကို ပြန်လည်ခေါ်ယူဖို့သတင်းထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

“အနားယူဖို့ ဘာစီလိုနာအသင်းကို မက်ဆီ ပြန်သွားမယ်ဆိုတဲ့ကိစ္စက အယောင်ပြနေတာပါ။ သူတို့တွေ မက်ဆီကို ခေါ်ယူနိုင်ခဲ့တယ်ဆိုရင်တောင် ဘယ်ကပိုက်ဆံပေးရမလဲဆိုတာကို သူတို့ သိလို့လား။ သူတို့တွေ မက်ဆီကို ခေါ်ယူဖို့ လူစာရင်းတဝက်လောက်ကို ရောင်းချရလိမ့်မယ်။

မက်ဆီကို ခေါ်ဖို့က မဖြစ်နိုင်ဘူး။ သူ အလကားလာကစားပေးရင်တော့တစ်မျိုးပေါ့။ ကျွန်တော် သံသယရှိပြီးသားဖြစ်တဲ့ ဘာစီလိုနာဘုတ်အဖွဲ့မှာ မက်ဆီကို ခေါ်ဖို့ စိတ်အားထက်သန်တဲ့တစ်စုံတယောက်ရှိခဲ့ရင်တောင်မှ သူတို့တွေက အားကစားနဲ့ စီးပွားရေးအကြောင်းပြချက်တွေနဲ့ ခေါ်ယူဖို့အတွက် လုပ်ဆောင်ဖို့ ငြင်းပယ်ပါလိမ့်မယ်။”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ၂၀၂၀-၂၀၂၁ ရာသီကုန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် လီဂူးဝမ်းထိပ်တန်းကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာအသင်းနဲ့ ပိုင်ဆိုင်ခဲ့တဲ့ အောင်မြင်မှုမျိုး ထပ်တူ ပြုလုပ်ပြနိုင်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကနေ ကျော်ဖြတ်နိုင်ဖို့ ၂ ကြိမ်ကြိုးပမ်းခဲ့ရာမှာ ၂ ကြိမ်စလုံး မအောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ကြီးမားတဲ့ ဘဏ္ဍာရေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး လာလီဂါဥက္ကဌ တီဘက်စ်က ကတ်တလန်အသင်းကြီးအနေနဲ့ လာမယ့်နွေရာသီမှာ ကစားသမားခေါ်ယူချင်တယ်ဆိုရင် လစာပမာဏကို ယူရိုသန်း ၂၀၀ ထိ လျှော့ချနိုင်ဖို့လိုတယ်လို့ သတိပေးထားတာဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးတွေ ဖြစ်ပျက်နေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ပီအက်စ်ဂျီအသင်းကနေ လီယွန်နယ် မက်ဆီကို ပြန်လည်ခေါ်ယူနိုင်ဖို့ အခွင့်အရေးက မရှိသလောက်ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

The Athletic ဂ်ာနယ္လစ္ ေပါလ္ တီႏိုရီယိုက ဘာစီလိုနာအသင္းအေနနဲ႔ လီယြန္နယ္ မက္ဆီကို ျပန္လည္ေခၚယူဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးလို႔ ေျပာၾကားခဲ့ၿပီး ကတ္တလန္အသင္းႀကီးဟာ ၂၀၂၀-၂၀၂၁ ရာသီအၿပီး ပီအက္စ္ဂ်ီကို ထြက္ခြာခဲ့တဲ့ အာဂ်င္တီးနားေမွာ္ဆရာကို ျပန္လည္ေခၚယူဖို႔သတင္းထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

“အနားယူဖို႔ ဘာစီလိုနာအသင္းကို မက္ဆီ ျပန္သြားမယ္ဆိုတဲ့ကိစၥက အေယာင္ျပေနတာပါ။ သူတို႔ေတြ မက္ဆီကို ေခၚယူႏိုင္ခဲ့တယ္ဆိုရင္ေတာင္ ဘယ္ကပိုက္ဆံေပးရမလဲဆိုတာကို သူတို႔ သိလို႔လား။ သူတို႔ေတြ မက္ဆီကို ေခၚယူဖို႔ လူစာရင္းတဝက္ေလာက္ကို ေရာင္းခ်ရလိမ့္မယ္။

မက္ဆီကို ေခၚဖို႔က မျဖစ္ႏိုင္ဘူး။ သူ အလကားလာကစားေပးရင္ေတာ့တစ္မ်ိဳးေပါ့။ ကြၽန္ေတာ္ သံသယရွိၿပီးသားျဖစ္တဲ့ ဘာစီလိုနာဘုတ္အဖြဲ႕မွာ မက္ဆီကို ေခၚဖို႔ စိတ္အားထက္သန္တဲ့တစ္စုံတေယာက္ရွိခဲ့ရင္ေတာင္မွ သူတို႔ေတြက အားကစားနဲ႔ စီးပြားေရးအေၾကာင္းျပခ်က္ေတြနဲ႔ ေခၚယူဖို႔အတြက္ လုပ္ေဆာင္ဖို႔ ျငင္းပယ္ပါလိမ့္မယ္။”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၂၀၂၀-၂၀၂၁ ရာသီကုန္မွာ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ၿပီးေနာက္ လီဂူးဝမ္းထိပ္တန္းကလပ္အသင္းျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္းကို ၂ ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘာစီလိုနာအသင္းနဲ႔ ပိုင္ဆိုင္ခဲ့တဲ့ ေအာင္ျမင္မႈမ်ိဳး ထပ္တူ ျပဳလုပ္ျပႏိုင္ဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ၿပီး ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကေန ေက်ာ္ျဖတ္ႏိုင္ဖို႔ ၂ ႀကိမ္ႀကိဳးပမ္းခဲ့ရာမွာ ၂ ႀကိမ္စလုံး မေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ႀကီးမားတဲ့ ဘ႑ာေရးအၾကပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ၿပီး လာလီဂါဥကၠဌ တီဘက္စ္က ကတ္တလန္အသင္းႀကီးအေနနဲ႔ လာမယ့္ေႏြရာသီမွာ ကစားသမားေခၚယူခ်င္တယ္ဆိုရင္ လစာပမာဏကို ယူ႐ိုသန္း ၂၀၀ ထိ ေလွ်ာ့ခ်ႏိုင္ဖို႔လိုတယ္လို႔ သတိေပးထားတာျဖစ္ပါတယ္။

ဒီလိုအေျခအေနမ်ိဳးေတြ ျဖစ္ပ်က္ေနတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ ပီအက္စ္ဂ်ီအသင္းကေန လီယြန္နယ္ မက္ဆီကို ျပန္လည္ေခၚယူႏိုင္ဖို႔ အခြင့္အေရးက မရွိသေလာက္ျဖစ္တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.