International

အော်ဒီဂွါဒ်ကို ရာသီကုန်ထိ နားရအောင် လုပ်ခဲ့တာလို့ စွပ်စွဲခံနေရတဲ့ ရိုဒရီ

လူမှုကွန်ရက်ပေါ်က အာဆင်နယ်ပရိသတ်တွေဟာ စပိန်နဲ့ နော်ဝေတို့ ကစားခဲ့တဲ့ပွဲစဉ်အတွင်းက မာတင် အော်ဒီဂွါဒ်အပေါ် ရိုဒရီရဲ့ ဖျက်ထုတ်မှုကို ဒေါသပေါက်ကွဲနေကြပါတယ်။

အော်ဒီဂွါဒ်ဟာ စနေနေ့က ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် စပိန်နဲ့ ကစားခဲ့တဲ့ နော်ဝေအသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားပေးခဲ့တာဖြစ်ပြီး မန်စီးတီးကွင်းလယ်ကြယ်ပွင့်ရဲ့ ဖျက်ထုတ်ခြင်းကို ခံခဲ့ရချိန်မှာ ပင်နယ်တီ ရရှိခဲ့သင့်တယ်လို့ ထင်မြင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင်ဟာ ဂိုးသွင်းယူဖို့အတွက် ကာဗာဟယ်ကို အလွန်ကောင်းမွန်တဲ့ ဖြတ်ကျော်မှု ပြုလုပ်ခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီး ကွင်းလယ်ကစားသမား ရိုဒရီက ကြမ်းကြမ်းတမ်းတမ်းကို ဖျက်ထုတ်ခဲ့တာဖြစ်ပါတယ်။

အော်ဒီဂွါဒ်ဟာ နာကျင်မှုကြောင့် လဲကျသွားခဲ့ပြီး ဒိုင်လူကြီးကို ပင်နယ်တီ သတ်မှတ်ပေးဖို့အတွက် အမူအရာနဲ့ တောင်းဆိုခဲ့ပေမယ့်လည်း ပင်နယ်တီ သတ်မှတ်ပေးခြင်း မခံခဲ့ရတာဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်က အာဆင်နယ်ပရိသတ်တွေဟာ ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အရေးကြီးတဲ့ ပရီးမီးယားလိဂ်ရာသီဇာတ်သိမ်းပိုင်းမှာ မပါနိုင်အောင် မန်စီးတီးကြယ်ပွင့်က ရည်ရွယ်ချက်ရှိရှိနဲ့ ချိုးခဲ့တာလို့ စွပ်စွဲခဲ့ကြပါတယ်။

“ရိုဒရီက အော်ဒီဂွါဒ်ကို အနာတရဖြစ်အောင် လုပ်ဖို့ ကြိုးစားခဲ့တယ်။ ဦးနှောက်မရှိတဲ့ ကလေကချေကောင်”လို့ ပရိသတ်တစ်ဦးက ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ရိုဒရီက ခြေကျင်းဝတ် ချိုးနိုင်တဲ့ ဖျက်ထုတ်မှုနဲ့အတူ အော်ဒီဂွါဒ်ရဲ့ ရာသီကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတာပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

နော်ဝေအသင်းကို ပင်နယ်တီ မပေးခဲ့တဲ့ ဆုံးဖြတ်ချက်က အရေးပါခဲ့ပြီး စပိန်အသင်းက ဒါနီ အိုလ်မို၊ ဟိုဆေးလူတို့ရဲ့ သွင်းဂိုးတွေကြောင့် ၃-၀ နဲ့ အနိုင်ရရှိသွားခဲ့ပြီး အဖွင့်လှသွားခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လူမႈကြန္ရက္ေပၚက အာဆင္နယ္ပရိသတ္ေတြဟာ စပိန္နဲ႔ ေနာ္ေဝတို႔ ကစားခဲ့တဲ့ပြဲစဥ္အတြင္းက မာတင္ ေအာ္ဒီဂြါဒ္အေပၚ ႐ိုဒရီရဲ႕ ဖ်က္ထုတ္မႈကို ေဒါသေပါက္ကြဲေနၾကပါတယ္။

ေအာ္ဒီဂြါဒ္ဟာ စေနေန႔က ယူ႐ို ၂၀၂၄ ေျခစစ္ပြဲအျဖစ္ စပိန္နဲ႔ ကစားခဲ့တဲ့ ေနာ္ေဝအသင္းကို အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္ကစားေပးခဲ့တာျဖစ္ၿပီး မန္စီးတီးကြင္းလယ္ၾကယ္ပြင့္ရဲ႕ ဖ်က္ထုတ္ျခင္းကို ခံခဲ့ရခ်ိန္မွာ ပင္နယ္တီ ရရွိခဲ့သင့္တယ္လို႔ ထင္ျမင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းေခါင္းေဆာင္ဟာ ဂိုးသြင္းယူဖို႔အတြက္ ကာဗာဟယ္ကို အလြန္ေကာင္းမြန္တဲ့ ျဖတ္ေက်ာ္မႈ ျပဳလုပ္ခဲ့ေပမယ့္လည္း မန္ခ်က္စတာစီးတီး ကြင္းလယ္ကစားသမား ႐ိုဒရီက ၾကမ္းၾကမ္းတမ္းတမ္းကို ဖ်က္ထုတ္ခဲ့တာျဖစ္ပါတယ္။

ေအာ္ဒီဂြါဒ္ဟာ နာက်င္မႈေၾကာင့္ လဲက်သြားခဲ့ၿပီး ဒိုင္လူႀကီးကို ပင္နယ္တီ သတ္မွတ္ေပးဖို႔အတြက္ အမူအရာနဲ႔ ေတာင္းဆိုခဲ့ေပမယ့္လည္း ပင္နယ္တီ သတ္မွတ္ေပးျခင္း မခံခဲ့ရတာျဖစ္ပါတယ္။

လူမႈကြန္ရက္ေပၚက အာဆင္နယ္ပရိသတ္ေတြဟာ ၎တို႔ရဲ႕ ၾကယ္ပြင့္ကစားသမားကို အေရးႀကီးတဲ့ ပရီးမီးယားလိဂ္ရာသီဇာတ္သိမ္းပိုင္းမွာ မပါႏိုင္ေအာင္ မန္စီးတီးၾကယ္ပြင့္က ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ခ်ိဳးခဲ့တာလို႔ စြပ္စြဲခဲ့ၾကပါတယ္။

“႐ိုဒရီက ေအာ္ဒီဂြါဒ္ကို အနာတရျဖစ္ေအာင္ လုပ္ဖို႔ ႀကိဳးစားခဲ့တယ္။ ဦးေႏွာက္မရွိတဲ့ ကေလကေခ်ေကာင္”လို႔ ပရိသတ္တစ္ဦးက ျပစ္တင္ႀကိမ္းေမာင္းခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “႐ိုဒရီက ေျခက်င္းဝတ္ ခ်ိဳးႏိုင္တဲ့ ဖ်က္ထုတ္မႈနဲ႔အတူ ေအာ္ဒီဂြါဒ္ရဲ႕ ရာသီကို အဆုံးသတ္ဖို႔ ႀကိဳးပမ္းေနတာပဲ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ေနာ္ေဝအသင္းကို ပင္နယ္တီ မေပးခဲ့တဲ့ ဆုံးျဖတ္ခ်က္က အေရးပါခဲ့ၿပီး စပိန္အသင္းက ဒါနီ အိုလ္မို၊ ဟိုေဆးလူတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၃-၀ နဲ႔ အႏိုင္ရရွိသြားခဲ့ၿပီး အဖြင့္လွသြားခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.