International Premier League

မင်းတို့ မန်စီးတီး ယုတ်မာတာ ဒါအကုန်ပဲလားလို့ လှောင်နေကြတဲ့ အာဆင်နယ်ဖန်များ

အာဆင်နယ်အသင်းပရိသတ်တွေကတော့ ဒီတစ်ပတ် နိုင်ငံတကာ ပွဲစဉ်တွေ ကစားချိန်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ဇယားထိပ်မှာ နှစ်သင်းတည်း ပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းကို ပေါက်ကွဲနေခဲ့ကြပြီး စပိန်နဲ့ နော်ဝေတို့ ကစားခဲ့ကြတဲ့ ပွဲက သူတို့တွေအတွက် ဒေါသထွက်စရာ၊ ဆဲဆိုစရာဖြစ်လာခဲ့ပါတယ်။

နော်ဝေအသင်းမှာ ကမ္ဘာ့အဆင့် အဓိက ကစားသမားနှစ်ဦးသာရှိပြီး မန်စီးတီးတိုက်စစ်မှူး အာလင်း ဟားလန်းနဲ့ အာဆင်နယ်ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်တို့ပဲ ရှိချိန်မှာ ကလပ်အသင်းပွဲစဉ်တွေကို မာမာချာချာကြီး ဟက်ထရစ်တွေ သွင်းပြနေပြီးမှ နိုင်ငံတကာပွဲ ကစားဖို့ကို မကစားဘဲ ပေါင်ခြံ ဒဏ်ရာရှိတယ်ဆိုပြီး နုတ်ထွက်ခဲ့တဲ့ ဟားလန်းရဲ့ လုပ်ရပ်ကနေ ပွဲက စခဲ့တာဖြစ်ပါတယ်။

မန်စီးတီးရဲ့ အရေးကြီးတဲ့ ပွဲစဉ်တွေမှာ ပြန်ကစားနိုင်ဖို့ နိုင်ငံအသင်းကနေ နုတ်ထွက်ခဲ့တယ်လို့ အာဆင်နယ်ပရိသတ်တွေက ဟားလန်းနဲ့အတူ နည်းပြ ပက်ပ် ဂွါဒီယိုလာတို့ကို မရိုးဖြောင့်မှုအတွက် စွပ်စွဲခဲ့ကြပြီး သူတို့ရဲ့ အသင်းခေါင်းဆောင် အော်ဒီဂွါဒ်အနေနဲ့ နော်ဝေအသင်းမှာ တစ်ယောက်တည်း ပင်ပန်းတကြီး ရုန်းကန်နေရချိန်မှာ ဟားလန်းကတော့ သာယာနေပြီလားလို့ ခနဲ့ခဲ့ကြတာပါ။

ဒါ့အပြင် ဒီနေ့မှာတော့ စပိန်နဲ့ နော်ဝေပွဲရဲ့ ၁၅ မိနစ်မှာ အော်ဒီဂွါဒ် ဂိုးသွင်းဖို့ ကြိုးစားတာကို ဧရိယာထဲမှာ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့တဲ့ အိမ်ရှင်ကွင်းလယ်လူ ရိုဒရီရဲ့ လုပ်ရပ်ကို ဂွါဒီယိုလာက ချိုးဖို့ မှာထားလို့လားလို့ နော်ဝေပရိသတ်တွေနဲ့အတူ အာဆင်နယ်ပရိသတ်တွေက ပေါက်ကွဲခဲ့ကြပြီး မန်စီးတီးကစားသမားအနေနဲ့ အာဆင်နယ်ကပ္ပတိန် ဘောလုံးထိပြီးမှ ခြေကျင်းဝတ်ကို ကန်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ပြင်သစ်ဒိုင်လူကြီး ဘက်နွာ ဘက်စတီယန်က ဧရိယာထဲက ဖြစ်ရပ်ကို ပင်နယ်တီရော ဘာကတ်မှပါ မပြဘဲ မျက်နှာသာပေး လျစ်လျူရှုသွားခဲ့တာကြောင့် အိမ်ရှင် စပိန်တို့ ကံကောင်းခဲ့ရသလို နော်ဝေကပ္ပတိန်လည်း နာကျင်မှုကို ခံစားခဲ့ရပေမယ့် ဆက်ကစားနိုင်ဖို့ သက်သာသွားခဲ့လို့ ကံကောင်းခဲ့တာဖြစ်ပြီး အာဆင်နယ်ပရိသတ်တွေကတော့ ပွဲကို ကြည့်ရင်း ဒေါသထွက်ခဲ့ကြတာပါ။

အာဆင်နယ်ပရိသတ်တွေအနေနဲ့ ဒီဖြစ်ရပ်အတွက် ပေါက်ကွဲခဲ့ကြသလို ရိုဒရီနဲ့ မန်စီးတီးတို့အနေနဲ့ ကီဗင် ဒီဘရိုင်းနားထက် ပိုကောင်းလာတဲ့ အော်ဒီဂွါဒ်ကို မနာလိုလို့ ဒဏ်ရာရပြီး နားရအောင် လုပ်ကြံတာ မဟုတ်လားလို့ လှောင်ပြောင်သွားခဲ့ကြသလို ပင်နယ်တီ ဆုံးဖြတ်ချက်ကတော့ ခေတ်သစ် နည်းလမ်းတွေအရ ဘောလုံးကို ကန်ပြီးမှ အဖျက်ခံရရင် ပေးလေ့မရှိတာကြောင့် နည်းနည်းတော့ အငြင်းပွားစရာဖြစ်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် မန်စီးတီးတို့အနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ လီဗာပူးလ်၊ အာဆင်နယ်၊ ချဲလ်ဆီးတို့နဲ့ တွေ့ရဦးမှာ ဖြစ်ပြီး အာဆင်နယ်တို့ကတော့ မန်စီးတီး၊ လီဗာပူးလ်၊ ချဲလ်ဆီးတို့နဲ့ ကစားရဖို့ ရှိနေတာကြောင့် အသင်းချင်း ယှဉ်ပြိုင်မှုအပြင် ပရိသတ်တွေကြားက တိုက်ပွဲကပါ ပြင်းထန်နေကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.