Bundesliga

ဘိုင်ယန်နည်းပြဖြစ်ပြီးနောက် ချဲလ်ဆီးနဲ့ မန်စီးတီးကို သတိပေးလိုက်တဲ့ တူဟယ်

သောမတ်စ် တူဟယ်ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြသစ်အဖြစ် ထုတ်ဖော်မိတ်ဆက်ခြင်းခံခဲ့ရပြီးနောက် ဘိုင်ယန်မြူးနစ်နည်းပြအဖွဲ့ထဲကို ချဲလ်ဆီး နည်းပြအဖွဲ့ဝင် အန်သိုနီ ဘယ်ရီကို ခေါ်ယူသွားမှာဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။

အသက် ၄၉ နှစ်အရွယ် နည်းပြဟာ ကြာသပတေးနေ့ညနေမှာ ဂျူလီယန် နာဂယ်စ်မန်းရဲ့ နေရာမှာ နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခြင်းခံခဲ့ရတယ်လို့ အတည်ပြုခြင်းခံခဲ့ရပြီး ဘိုင်ယန်မြူးနစ်ရဲ့ ရာသီကို အဓိကဆုဖလားတွေနဲ့ အဆုံးသတ်ဖို့ တာဝန်ကို ချက်ချင်း ယူခဲ့ရတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျူလီယန် နာဂယ်စ်မန်းကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း ဘွန်ဒက်စ်လီဂါ ဘီလူးကြီးက ဂျာမန်ဖလား ကွာတားဖိုင်နယ်၊ ဘွန်ဒက်စ်လီဂါချန်ပီယံဘွဲ့ကို ကာကွယ်ဖို့လည်း အနေအထားကောင်းမှာရှိနေပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာလည်း လာမယ့်လမှာ မန်စီးတီးနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

တူဟယ်ဟာ အနောက်လန်ဒန်မှာတုန်းက ဘယ်ရီနဲ့ အလုပ်အတူတူလုပ်ခဲ့သူဖြစ်ပြီး ယခုအပတ်မှာ အလားအလာများစွာရှိသူအဖြစ် သတ်မှတ်ခံထားရတဲ့ နည်းပြကို ယခုအပတ်မှာပဲ ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

“ကျွန်တော့် နည်းပြအဖွဲ့က ကြိုတင်ပြင်ဆင်မှုမလုပ်ခဲ့ရပါဘူး။ အဲဒီတော့ သူတို့ရဲ့ အလိုက်သင့်လုပ်ဆောင်နိုင်စွမ်းအတွက် သူတို့ရဲ့ မိသားစုတွေကို ကျေးဇူးအကြီးကြီးတင်ပါတယ်။ အာနိုး မစ်ကယ်စ်၊ ဇော့တ် လိုးတို့လို ကျွန်တော်နဲ့ ၁၀ နှစ်ကျော် အလုပ်လုပ်ခဲ့တဲ့ သူတွေလည်း ရှိနေမှာပါ။ ကျွန်တော်တို့ အန်သိုနီ ဘယ်ရီကို ခေါ်ယူဖို့ မျှော်လင့်ပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တူဟယ်က ချိန်သားကိုက် ခန့်အပ်ခံရမှုကြောင့် အံ့အားသင့်ခဲ့ရပြီး၎င်းရဲ့ နောက်ထပ်အလုပ်ဟာ ပြည်ပမှာ ဖြစ်လိမ့်မယ်လို့ မျှော်မှန်းထားခဲ့တဲ့အကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

“အချိန်ကိုက်ဖြစ်နေတာက အံ့အားသင့်စရာကောင်းခဲ့ပါတယ်။ ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး။ အရင်တုန်းက ဘာဆက်သွယ်မှုမှ မရှိခဲ့ဘူး။ ကျွန်တော့်နည်းပြဘဝကို ပြည်ပမှာပဲ ဆက်ပြီး သွားရမယ်လို့ ထင်ခဲ့တာပါ။ စိန်ခေါ်မှု အတိုင်းအတာပမာဏက ကျွန်တော်လုပ်ချင်တဲ့ဟာကို အဆုံးအဖြတ်ပေးတဲ့အချက်ပါပဲ။ ကျွန်တော် အရင်တုန်းက ဘိုင်ယန်နဲ့ အရမ်းနီးစပ်တဲ့ အဆက်အသွယ် ရှိခဲ့တယ်။ ဒါပေမယ့် အဲဒီတုန်းက မစောင့်နိုင်ခဲ့ဘူး။ အဲဒါက ဘယ်သူ့ကိုမှ ဖိအားပေးဖို့ မသင့်တော်ပါဘူး။ အရာအားလုံးက ဒီတစ်ကြိမ်မှာ အရမ်းကို လျင်လျင်မြန်မြန် ဖြစ်ခဲ့ပါတယ်။ အဲဒါက ကျွန်တော့်အတွက် ထိပ်တန်းဖြေရှင်းနည်းပါ။”

တူဟယ်ရဲ့ ပထမဆုံးပွဲစဉ်ဟာ နောက်ထပ်အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ဒေါ့မွန်နဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီး ကြိုတင်ပြင်ဆင်ဖို့ အချိန်မရှိပေမယ့်လည်း ချဲလ်ဆီးနဲ့တုန်းက ဖြစ်အောင်လုပ်နိုင်တယ်ဆိုတာကို သက်သေပြသထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ လမ်းပတ်ရဲ့ နေရာမှာ အစားထိုးခန့်အပ်ခြင်းခံခဲ့ရတဲ့တူဟယ်ဟာ တိုတောင်းတဲကာလအတွင်း မန်စီးတီးကို အက်ဖ်အေဖလား ဆီမီးဖိုင်နယ်၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲအပါအဝင် ၃ ပွဲအထိ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

တူဟယ်က ဆုဖလားတိုင်းကို ယှဉ်ပြိုင်နိုင်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ဆိုရင် ဆုဖလားအားလုံးကို အနိင်ရရှိဖို့က ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပြီး ဂျူလီယန် နာဂယ်စ်မန်း ထားခဲ့တဲ့ အနေအထားက ပြိုင်ပွဲ ၃ ခုစလုံးမှာ ဗိုလ်စွဲဖို့ အခွင့်အရေးရှိပေမယ့်လည်း ရှုံးနိမ့်မယ့် အန္တရာယ်လည်းရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တူဟယ်က ဖိအားတွေနဲ့ စိတ်ဖိစီးမှုတွေကို နှစ်သက်ပြီး အင်္ဂလန်နဲ့ ပဲရစ်မှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အားကောင်းမှုက မေးခွန်းထုတ်စရာမရှိတာကြောင့် ဘယ်အသင်းကမှ ယှဉ်ပြိုင်ကစားချင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေသာမတ္စ္ တူဟယ္ဟာ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ နည္းျပသစ္အျဖစ္ ထုတ္ေဖာ္မိတ္ဆက္ျခင္းခံခဲ့ရၿပီးေနာက္ ဘိုင္ယန္ျမဴးနစ္နည္းျပအဖြဲ႕ထဲကို ခ်ဲလ္ဆီး နည္းျပအဖြဲ႕ဝင္ အန္သိုနီ ဘယ္ရီကို ေခၚယူသြားမွာျဖစ္တယ္လို႔အတည္ျပဳခဲ့ပါတယ္။

အသက္ ၄၉ ႏွစ္အ႐ြယ္ နည္းျပဟာ ၾကာသပေတးေန႔ညေနမွာ ဂ်ဴလီယန္ နာဂယ္စ္မန္းရဲ႕ ေနရာမွာ နည္းျပသစ္အျဖစ္ အစားထိုးခန႔္အပ္ျခင္းခံခဲ့ရတယ္လို႔ အတည္ျပဳျခင္းခံခဲ့ရၿပီး ဘိုင္ယန္ျမဴးနစ္ရဲ႕ ရာသီကို အဓိကဆုဖလားေတြနဲ႔ အဆုံးသတ္ဖို႔ တာဝန္ကို ခ်က္ခ်င္း ယူခဲ့ရတာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဂ်ဴလီယန္ နာဂယ္စ္မန္းကို ထုတ္ပယ္ဖို႔ ဆုံးျဖတ္ခဲ့ေပမယ့္လည္း ဘြန္ဒက္စ္လီဂါ ဘီလူးႀကီးက ဂ်ာမန္ဖလား ကြာတားဖိုင္နယ္၊ ဘြန္ဒက္စ္လီဂါခ်န္ပီယံဘြဲ႕ကို ကာကြယ္ဖို႔လည္း အေနအထားေကာင္းမွာရွိေနၿပီး ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာလည္း လာမယ့္လမွာ မန္စီးတီးနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

တူဟယ္ဟာ အေနာက္လန္ဒန္မွာတုန္းက ဘယ္ရီနဲ႔ အလုပ္အတူတူလုပ္ခဲ့သူျဖစ္ၿပီး ယခုအပတ္မွာ အလားအလာမ်ားစြာရွိသူအျဖစ္ သတ္မွတ္ခံထားရတဲ့ နည္းျပကို ယခုအပတ္မွာပဲ ေခၚယူဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

“ကြၽန္ေတာ့္ နည္းျပအဖြဲ႕က ႀကိဳတင္ျပင္ဆင္မႈမလုပ္ခဲ့ရပါဘူး။ အဲဒီေတာ့ သူတို႔ရဲ႕ အလိုက္သင့္လုပ္ေဆာင္ႏိုင္စြမ္းအတြက္ သူတို႔ရဲ႕ မိသားစုေတြကို ေက်းဇူးအႀကီးႀကီးတင္ပါတယ္။ အာႏိုး မစ္ကယ္စ္၊ ေဇာ့တ္ လိုးတို႔လို ကြၽန္ေတာ္နဲ႔ ၁၀ ႏွစ္ေက်ာ္ အလုပ္လုပ္ခဲ့တဲ့ သူေတြလည္း ရွိေနမွာပါ။ ကြၽန္ေတာ္တို႔ အန္သိုနီ ဘယ္ရီကို ေခၚယူဖို႔ ေမွ်ာ္လင့္ပါတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

တူဟယ္က ခ်ိန္သားကိုက္ ခန႔္အပ္ခံရမႈေၾကာင့္ အံ့အားသင့္ခဲ့ရၿပီး၎ရဲ႕ ေနာက္ထပ္အလုပ္ဟာ ျပည္ပမွာ ျဖစ္လိမ့္မယ္လို႔ ေမွ်ာ္မွန္းထားခဲ့တဲ့အေၾကာင္း ဝန္ခံေျပာၾကားခဲ့ပါတယ္။

“အခ်ိန္ကိုက္ျဖစ္ေနတာက အံ့အားသင့္စရာေကာင္းခဲ့ပါတယ္။ ကြၽန္ေတာ္ မေမွ်ာ္လင့္ထားခဲ့ဘူး။ အရင္တုန္းက ဘာဆက္သြယ္မႈမွ မရွိခဲ့ဘူး။ ကြၽန္ေတာ့္နည္းျပဘဝကို ျပည္ပမွာပဲ ဆက္ၿပီး သြားရမယ္လို႔ ထင္ခဲ့တာပါ။ စိန္ေခၚမႈ အတိုင္းအတာပမာဏက ကြၽန္ေတာ္လုပ္ခ်င္တဲ့ဟာကို အဆုံးအျဖတ္ေပးတဲ့အခ်က္ပါပဲ။ ကြၽန္ေတာ္ အရင္တုန္းက ဘိုင္ယန္နဲ႔ အရမ္းနီးစပ္တဲ့ အဆက္အသြယ္ ရွိခဲ့တယ္။ ဒါေပမယ့္ အဲဒီတုန္းက မေစာင့္ႏိုင္ခဲ့ဘူး။ အဲဒါက ဘယ္သူ႔ကိုမွ ဖိအားေပးဖို႔ မသင့္ေတာ္ပါဘူး။ အရာအားလုံးက ဒီတစ္ႀကိမ္မွာ အရမ္းကို လ်င္လ်င္ျမန္ျမန္ ျဖစ္ခဲ့ပါတယ္။ အဲဒါက ကြၽန္ေတာ့္အတြက္ ထိပ္တန္းေျဖရွင္းနည္းပါ။”

တူဟယ္ရဲ႕ ပထမဆုံးပြဲစဥ္ဟာ ေနာက္ထပ္အသင္းေဟာင္းတစ္သင္းျဖစ္တဲ့ ေဒါ့မြန္နဲ႔ ျပန္လည္ရင္ဆိုင္ရမွာျဖစ္ၿပီး ႀကိဳတင္ျပင္ဆင္ဖို႔ အခ်ိန္မရွိေပမယ့္လည္း ခ်ဲလ္ဆီးနဲ႔တုန္းက ျဖစ္ေအာင္လုပ္ႏိုင္တယ္ဆိုတာကို သက္ေသျပသထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလမွာ လမ္းပတ္ရဲ႕ ေနရာမွာ အစားထိုးခန႔္အပ္ျခင္းခံခဲ့ရတဲ့တူဟယ္ဟာ တိုေတာင္းတဲကာလအတြင္း မန္စီးတီးကို အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္၊ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲအပါအဝင္ ၃ ပြဲအထိ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

တူဟယ္က ဆုဖလားတိုင္းကို ယွဥ္ၿပိဳင္ႏိုင္တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ဆိုရင္ ဆုဖလားအားလုံးကို အနိင္ရရွိဖို႔က ျဖစ္ႏိုင္တယ္လို႔ ေျပာၾကားခဲ့ၿပီး ဂ်ဴလီယန္ နာဂယ္စ္မန္း ထားခဲ့တဲ့ အေနအထားက ၿပိဳင္ပြဲ ၃ ခုစလုံးမွာ ဗိုလ္စြဲဖို႔ အခြင့္အေရးရွိေပမယ့္လည္း ရႈံးနိမ့္မယ့္ အႏၲရာယ္လည္းရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း တူဟယ္က ဖိအားေတြနဲ႔ စိတ္ဖိစီးမႈေတြကို ႏွစ္သက္ၿပီး အဂၤလန္နဲ႔ ပဲရစ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ အားေကာင္းမႈက ေမးခြန္းထုတ္စရာမရွိတာေၾကာင့္ ဘယ္အသင္းကမွ ယွဥ္ၿပိဳင္ကစားခ်င္မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.