Bundesliga Premier League

ဘိုင်ယန်က ထုတ်ခံရပြီးနောက် ပရီးမီးယားလိဂ်လာတော့မယ်လို့ သတင်းထွက်လာတဲ့ နာဂယ်စ်မန်း

လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ အံ့အားသင့်ဖွယ် ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် နာဂယ်စ်မန်း နောက်ထပ်ပြောင်းရွှေ့မယ်နေရာကို သိနေတယ်လို့ ထင်မြင်နေကြပါတယ်။

ဂျာမနီက သတင်းတွေအရ နာဂယ်စ်မန်းဟာ အသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ် တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးထားပေမယ့်လ်ညး ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် နည်းပြ ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးနည်းပြဟောင်း သောမတ်စ် တူဟယ်ဟာ နိုင်ငံတကာအားလပ်ရက်အပြီး လက်ကျန်ရာသီအချိန်တွေကို ဘိုင်ယန်မြူးနစ်နည်းပြသစ်အဖြစ် တာဝန်ယူကိုင်တွယ်သွားတော့မယ်လို့ သိရပြီး လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ နာဂယ်စ်မန်းဟာ တော့တင်ဟမ်ဟော့စပါးကို ကိုင်တွယ်ဖို့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။

တော့တင်ဟမ်ဟော့စပါး ပရိသတ်တွေဟာ ဂျူလီယန် နာဂယ်စ်မန်းဟာ အန်တိုနီယို ကွန်တီရဲ့နေရာမှာ အစားထိုးဖို့ ပြီးပြည့်စုံတဲ့နည်းပြအဖြစ် ယုံကြည်နေကြတာ ဖြစ်ပါတယ်။

အီတလီလူမျိုးနည်းပြဟာ ဆောက်သမ်တန်နဲ့ သရေကျခဲ့တဲ့ပွဲအပြီးမှာ အသင်းနဲ့ ကစားသမားတွေကို ဒေါသတကြီး ပြစ်တင်ကြိမ်းမောင်းခဲ့ပြီးနောက် သိပ်မကြာမီအချိန်အတွင်း အသင်းနဲ့ လမ်းခွဲတော့မယ်လို့ မျှော်မှန်းခြင်းခံနေရတာဖြစ်ပါတယ်။

တွစ်တာအသုံးပြုသူတစ်ီဥးက “နာဂယ်စ်မန်းက စပါးစ်အတွက် ပြီးပြည့်စုံလုနီးပါးပဲ။ နာဂယ်စ်မန်းက လိုက်ပ်ဇစ်ကိုချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရောက်အောင် အသက် ၃၃ နှစ်အရွယ်မှာပဲ စွမ်းဆောင်နိုင်ခဲ့ပြီး ဟော့ဖန်ဟိမ်းကိုလည်း တစ်ရာသီတည်းနဲ့ လုံးဝ ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့တယ်။ သူတို့ကို စိတ်လှုပ်ရှားစရာ ခေတ်သစ်ဘောလုံးကစားပုံမျိုး ကစားနိုင်အောင် လုပ်ပေးခဲ့ပြီး ကစားသမားတွေဆီကနေ အကောင်းဆုံးပုံစံရလာအောင် လုပ်နိုင်ခဲ့တယ်။ စပါးစ်ကို ပြောင်းရွှေ့မယ့်သတင်းတွေက ဖြစ်လာဖို့ မျှော်လင့်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ကမ္ဘာပေါ်က ဘယ်စပါးစ်ပရိသတ်ကမှ ဂျူလီယန် နာဂယ်စ်မန်းကို နည်းပြသစ်ခန့်မယ့်ကိစ္စကို ဆန့်ကျင်မယ်မထင်ပါဘူး။ ပရိသတ်တွေကို စည်းလုံးစေဖို့အတွက် အရမ်းကောင်းတဲ့နည်းလမ်းပါ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ ဘိုင္ယန္ျမဴးနစ္အသင္းကေန အံ့အားသင့္ဖြယ္ ထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္ နာဂယ္စ္မန္း ေနာက္ထပ္ေျပာင္းေ႐ႊ႕မယ္ေနရာကို သိေနတယ္လို႔ ထင္ျမင္ေနၾကပါတယ္။

ဂ်ာမနီက သတင္းေတြအရ နာဂယ္စ္မန္းဟာ အသင္းကို ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ တက္ေရာက္ႏိုင္ေအာင္ စြမ္းေဆာင္ေပးထားေပမယ့္လ္ညး ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ႀကိဳတင္အသိေပးအေၾကာင္းၾကားျခင္းမရွိဘဲ ႐ုတ္တရက္ နည္းျပ ရာထူးကေန ထုတ္ပယ္ျခင္းခံခဲ့ရတယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီနဲ႔ ခ်ဲလ္ဆီးနည္းျပေဟာင္း ေသာမတ္စ္ တူဟယ္ဟာ ႏိုင္ငံတကာအားလပ္ရက္အၿပီး လက္က်န္ရာသီအခ်ိန္ေတြကို ဘိုင္ယန္ျမဴးနစ္နည္းျပသစ္အျဖစ္ တာဝန္ယူကိုင္တြယ္သြားေတာ့မယ္လို႔ သိရၿပီး လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ နာဂယ္စ္မန္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးကို ကိုင္တြယ္ဖို႔ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕လာႏိုင္တယ္လို႔ ယုံၾကည္ေနၾကပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါး ပရိသတ္ေတြဟာ ဂ်ဴလီယန္ နာဂယ္စ္မန္းဟာ အန္တိုနီယို ကြန္တီရဲ႕ေနရာမွာ အစားထိုးဖို႔ ၿပီးျပည့္စုံတဲ့နည္းျပအျဖစ္ ယုံၾကည္ေနၾကတာ ျဖစ္ပါတယ္။

အီတလီလူမ်ိဳးနည္းျပဟာ ေဆာက္သမ္တန္နဲ႔ သေရက်ခဲ့တဲ့ပြဲအၿပီးမွာ အသင္းနဲ႔ ကစားသမားေတြကို ေဒါသတႀကီး ျပစ္တင္ႀကိမ္းေမာင္းခဲ့ၿပီးေနာက္ သိပ္မၾကာမီအခ်ိန္အတြင္း အသင္းနဲ႔ လမ္းခြဲေတာ့မယ္လို႔ ေမွ်ာ္မွန္းျခင္းခံေနရတာျဖစ္ပါတယ္။

တြစ္တာအသုံးျပဳသူတစ္ီဥးက “နာဂယ္စ္မန္းက စပါးစ္အတြက္ ၿပီးျပည့္စုံလုနီးပါးပဲ။ နာဂယ္စ္မန္းက လိုက္ပ္ဇစ္ကိုခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ေရာက္ေအာင္ အသက္ ၃၃ ႏွစ္အ႐ြယ္မွာပဲ စြမ္းေဆာင္ႏိုင္ခဲ့ၿပီး ေဟာ့ဖန္ဟိမ္းကိုလည္း တစ္ရာသီတည္းနဲ႔ လုံးဝ ျပဳျပင္ေျပာင္းလဲေပးႏိုင္ခဲ့တယ္။ သူတို႔ကို စိတ္လႈပ္ရွားစရာ ေခတ္သစ္ေဘာလုံးကစားပုံမ်ိဳး ကစားႏိုင္ေအာင္ လုပ္ေပးခဲ့ၿပီး ကစားသမားေတြဆီကေန အေကာင္းဆုံးပုံစံရလာေအာင္ လုပ္ႏိုင္ခဲ့တယ္။ စပါးစ္ကို ေျပာင္းေ႐ႊ႕မယ့္သတင္းေတြက ျဖစ္လာဖို႔ ေမွ်ာ္လင့္ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ကမာၻေပၚက ဘယ္စပါးစ္ပရိသတ္ကမွ ဂ်ဴလီယန္ နာဂယ္စ္မန္းကို နည္းျပသစ္ခန႔္မယ့္ကိစၥကို ဆန႔္က်င္မယ္မထင္ပါဘူး။ ပရိသတ္ေတြကို စည္းလုံးေစဖို႔အတြက္ အရမ္းေကာင္းတဲ့နည္းလမ္းပါ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.