Bundesliga

ပီအက်စ်ဂျီနဲ့ပွဲအပြီး မာနေးနဲ့ ပြဿနာတက်ခဲ့တဲ့ နာဂယ်စ်မန်း

ဆာဒီယို မာနေးဟာ ဘိုင်ယန်မြူးနစ် နည်းပြဟောင်း ဂျူလီယန် နာဂယ်စ်မန်းနဲ့ ဒေါသတကြီး စကားများခဲ့တဲ့ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သိရပါတယ်။

နာဂယ်စ်မန်းဟာ အသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့အပတ်မှာ အံ့အားသင့်ဖွယ် အလှည့်အပြောင်းတွေကြား ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

နာဂယ်စ်မန်းရဲ့ နေရာမှာ ဘိုင်ယန်မြူးနစ်အသင်းက ချဲလ်ဆီးနည်းပြဟောင်း သောမတ်စ် တူဟယ်ကို ခန့်အပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဂျာမန်သတင်းစာ Bild က နာဂယ်စ်မန်းနဲ့ မာနေးတို့ဟာ ပီအက်စ်ဂျီကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်အပြီးမှာ စကားများ ပြဿနာတက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆီနီဂေါကြယ်ပွင့်တိုက်စစ်မှူးဟာ ၎င်းကို ၈၂ မိနစ်အထိ လူစားလဲလှယ်ဖို့ စောင့်ဆိုင်းခဲ့တဲ့ ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်စ်မန်းရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့တယ်သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Bild က နာဂယ်စ်မန်းဟာ ဆာဒီယို မာနေးက ၎င်းရဲ့ ပွဲကစားချိန် ကင်းမဲ့နေမှုနဲ့ပတ်သက်ပြီး အဝတ်လဲခန်းထဲမှာ ဒေါသတကြီး ပေါက်ကွဲခဲ့တဲ့အတွက် ထိတ်လန့်သွားခဲ့ပုံပေါ်တယ်လို့ သိရပါတယ်။

ဆာဒီယို မာနေးဟာ ပြီးခဲ့တဲ့နွေရာသီမှာ လီဗာပူးလ်အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက အကောင်းဆုံးပုံစံပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရသူဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားမတိုင်ခင် ဒူးဒဏ်ရာရရှိခဲ့မှုကြောင့်လည်း ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ယခုရာသီမှာ လက်ရှိအချိန်အထိ အသက် ၃၀ အရွယ်ကစားသမားဟာ ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ၂၈ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ပေးထားတဲ့ကစားသမားဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပြင့္တိုက္စစ္မႉးဟာ ၎ကို ၈၂ မိနစ္အထိ လူစားလဲလွယ္ဖို႔ ေစာင့္ဆိုင္းခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္နည္းျပ နာဂယ္စ္မန္းရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ခဲ့တယ္သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

Bild က နာဂယ္စ္မန္းဟာ ဆာဒီယို မာေနးက ၎ရဲ႕ ပြဲကစားခ်ိန္ ကင္းမဲ့ေနမႈနဲ႔ပတ္သက္ၿပီး အဝတ္လဲခန္းထဲမွာ ေဒါသတႀကီး ေပါက္ကြဲခဲ့တဲ့အတြက္ ထိတ္လန႔္သြားခဲ့ပုံေပၚတယ္လို႔ သိရပါတယ္။

ဆာဒီယို မာေနးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ လီဗာပူးလ္အသင္းကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အေကာင္းဆုံးပုံစံျပသႏိုင္ဖို႔ ႐ုန္းကန္ေနခဲ့ရသူျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလားမတိုင္ခင္ ဒူးဒဏ္ရာရရွိခဲ့မႈေၾကာင့္လည္း ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ယခုရာသီမွာ လက္ရွိအခ်ိန္အထိ အသက္ ၃၀ အ႐ြယ္ကစားသမားဟာ ဘိုင္ယန္ျမဴးနစ္အတြက္ ၿပိဳင္ပြဲစုံ ၂၈ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္ ျပဳလုပ္ေပးထားတဲ့ကစားသမားျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.