La Liga

ဂွါဒီယိုလာရဲ့စိတ်ပျက်စရာအပြုအမူကြောင့် ဘာဆာကို မပြောင်းခဲ့တဲ့ အိုဇေးလ်

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း မီဆွတ် အိုဇေးလ်ဟာ လာလီဂါမဟာရန်သူတော် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ ဘယ်လောက်အထိ နီးစပ်ခဲ့လဲဆိုတာကို ပြောကြားခဲ့ပြီး ဂွါဒီယိုလာကြောင့်သာ နူးကမ့်ကို မပြောင်းရွှေ့ခဲ့တာလို့ သိရပါတယ်။

အိုဇေးလ်ဟာ ယခုအပတ်အစောပိုင်းမှာ တောက်ပတဲ့ ကစားသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားချန်ပီယံဟောင်းဟာ စပိန်မှာ ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပါတယ်။

အိုဇေးလ်ဟာ ဘွန်ဒက်စ်လီဂါကလပ် ဝါဒါ ဘရီမင်အသင်းကနေ ဟိုဆေး မော်ရင်ညိုရဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့်လည်း အရာအားလုံးဟာ ဂျာမနီကွင်းလယ်ကစားသမားအတွက် ကွဲပြားခြားနားတဲ့ပုံစံနဲ့ ဖြစ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်ဆင်နယ်ကြယ်ပွင့်ဟောင်းဟာ စပိန်ကို ပြောင်းရွှေ့ဖို့ ကြိုးပမ်းခဲ့ချိန်မှာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ပေမယ့်လည်း အဲဒီအချိန်တုန်းက နည်းပြ ဂွါဒီယိုလာရဲ့ ချဉ်းကပ်ပုံကြောင့် စိတ်ပျက်ခဲ့တဲ့အတွက် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

“ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ထဲက ဘယ်ကို ပြောင်းမလဲ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာပါ။ အဆုံးမှာတော့ အဲဒါက ငွေကြေးကြောင့်မဟုတ်ခဲ့ပါဘူး။ ဒီကိစ္စကို လူတွေ သိကြလား ကျွန်တော် မသိပါဘူး။ ကျွန်တော် အဲဒီအချိန်တုန်းက မက်ဒရစ်နဲ့ ဘာစီလိုနာကို အလည်အပတ်သွားခဲ့ပြီး ကွာခြားမှုက မော်ရင်ညိုပါ။

မော်ရင်ညိုက ကျွန်တော့်ကို ရီးရဲလ်မက်ဒရစ်ကို ဗီအိုင်ပီ အလည်အပတ် ပေးခဲ့ပါတယ်။ သူ ကျွန်တော့်ကို ဘာနေဗျူးကွင်းကို ကြည့်ဖို့ ခေါ်သွားခဲ့ပြီး သူတို့တွေ အနိုင်ရခဲ့တဲ့ ဆုဖလားတွေအားလုံးကို ကြည့်ခွင့်ရခဲ့တယ်။ အဲဒါက ကျွန်တော့်ကို ကြက်သီးထစေခဲ့တယ်။ ဘာစီလိုနာကို အလည်အပတ်ကတော့ စိတ်အားထက်သန်မှု နည်းပါးခဲ့တယ်။ ပိုပြီးစိတ်ပျက်စရာကောင်းတာက ဂွါဒီယိုယာက ကျွန်တော်နဲ့ မတွေ့ခဲ့ဘူး။

အဲဒီခရီးမတိုင်ခင် ကျွန်တော် ဘာစီလိုနာရဲ့ ကစားပုံကို တကယ်နှစ်သက်ခဲ့ပြီး သူတို့နဲ့ တွဲကစားဖို့ကိုတောင် စိတ်ကူးကြည့်ခဲ့ပေမယ့် မက်ဒရစ်ကိုပဲ သွားခဲ့တယ်။ အဲဒီတော့ ဟိုဆေး မော်ရင်ညိုက ကျွန်တော့်ဆုံးဖြတ်ချက်မှာ အဓိကကျတဲ့အချက်တစ်ခု ဖြစ်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ကျွန်တော့်လည်ပတ်မှုအပြီးမှာ ကျွန်တော့်ဆုံးဖြတ်ချက်က ၁၀၀ ရာခိုင်နှုန်း ရှင်းသွားခဲ့တယ်။ ကျွန်တော် မက်ဒရစ်သားဖြစ်လာချင်ခဲ့တယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္း မီဆြတ္ အိုေဇးလ္ဟာ လာလီဂါမဟာရန္သူေတာ္ ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ဘယ္ေလာက္အထိ နီးစပ္ခဲ့လဲဆိုတာကို ေျပာၾကားခဲ့ၿပီး ဂြါဒီယိုလာေၾကာင့္သာ ႏူးကမ့္ကို မေျပာင္းေ႐ႊ႕ခဲ့တာလို႔ သိရပါတယ္။

အိုေဇးလ္ဟာ ယခုအပတ္အေစာပိုင္းမွာ ေတာက္ပတဲ့ ကစားသမားဘဝကို အဆုံးသတ္လိုက္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့တာျဖစ္ၿပီး ကမာၻ႔ဖလားခ်န္ပီယံေဟာင္းဟာ စပိန္မွာ ၂၀၁၀ ကေန ၂၀၁၃ ခုႏွစ္အထိ ကစားခဲ့သူျဖစ္ပါတယ္။

အိုေဇးလ္ဟာ ဘြန္ဒက္စ္လီဂါကလပ္ ဝါဒါ ဘရီမင္အသင္းကေန ဟိုေဆး ေမာ္ရင္ညိဳရဲ႕ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ေပမယ့္လည္း အရာအားလုံးဟာ ဂ်ာမနီကြင္းလယ္ကစားသမားအတြက္ ကြဲျပားျခားနားတဲ့ပုံစံနဲ႔ ျဖစ္သြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အာဆင္ဆင္နယ္ၾကယ္ပြင့္ေဟာင္းဟာ စပိန္ကို ေျပာင္းေ႐ႊ႕ဖို႔ ႀကိဳးပမ္းခဲ့ခ်ိန္မွာ ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားခဲ့ေပမယ့္လည္း အဲဒီအခ်ိန္တုန္းက နည္းျပ ဂြါဒီယိုလာရဲ႕ ခ်ဥ္းကပ္ပုံေၾကာင့္ စိတ္ပ်က္ခဲ့တဲ့အတြက္ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။

“ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ထဲက ဘယ္ကို ေျပာင္းမလဲ ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့တာပါ။ အဆုံးမွာေတာ့ အဲဒါက ေငြေၾကးေၾကာင့္မဟုတ္ခဲ့ပါဘူး။ ဒီကိစၥကို လူေတြ သိၾကလား ကြၽန္ေတာ္ မသိပါဘူး။ ကြၽန္ေတာ္ အဲဒီအခ်ိန္တုန္းက မက္ဒရစ္နဲ႔ ဘာစီလိုနာကို အလည္အပတ္သြားခဲ့ၿပီး ကြာျခားမႈက ေမာ္ရင္ညိဳပါ။

ေမာ္ရင္ညိဳက ကြၽန္ေတာ့္ကို ရီးရဲလ္မက္ဒရစ္ကို ဗီအိုင္ပီ အလည္အပတ္ ေပးခဲ့ပါတယ္။ သူ ကြၽန္ေတာ့္ကို ဘာေနဗ်ဴးကြင္းကို ၾကည့္ဖို႔ ေခၚသြားခဲ့ၿပီး သူတို႔ေတြ အႏိုင္ရခဲ့တဲ့ ဆုဖလားေတြအားလုံးကို ၾကည့္ခြင့္ရခဲ့တယ္။ အဲဒါက ကြၽန္ေတာ့္ကို ၾကက္သီးထေစခဲ့တယ္။ ဘာစီလိုနာကို အလည္အပတ္ကေတာ့ စိတ္အားထက္သန္မႈ နည္းပါးခဲ့တယ္။ ပိုၿပီးစိတ္ပ်က္စရာေကာင္းတာက ဂြါဒီယိုယာက ကြၽန္ေတာ္နဲ႔ မေတြ႕ခဲ့ဘူး။

အဲဒီခရီးမတိုင္ခင္ ကြၽန္ေတာ္ ဘာစီလိုနာရဲ႕ ကစားပုံကို တကယ္ႏွစ္သက္ခဲ့ၿပီး သူတို႔နဲ႔ တြဲကစားဖို႔ကိုေတာင္ စိတ္ကူးၾကည့္ခဲ့ေပမယ့္ မက္ဒရစ္ကိုပဲ သြားခဲ့တယ္။ အဲဒီေတာ့ ဟိုေဆး ေမာ္ရင္ညိဳက ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္မွာ အဓိကက်တဲ့အခ်က္တစ္ခု ျဖစ္ခဲ့တယ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး။ ကြၽန္ေတာ့္လည္ပတ္မႈအၿပီးမွာ ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္က ၁၀၀ ရာခိုင္ႏႈန္း ရွင္းသြားခဲ့တယ္။ ကြၽန္ေတာ္ မက္ဒရစ္သားျဖစ္လာခ်င္ခဲ့တယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.